By Wut Yee Htun (Shwe Property), Shweproperty.com
Updated at 10 November 2017
မြန်မာ့ဆောက်လုပ်ရေးနယ်ပယ်မှာ (၄)နှစ်ကြာရပ်တည်နေတဲ့ Nation Light Construction ဟာ တီထွင် ဆန်းသစ်မှု အသစ်တွေနဲ့ အိမ်ခြံမြေကဏ္ဍကို ဦးဆောင်နေပါတယ်။ ဈေးသက်သက်သာသာနဲ့ ဝယ်ယူသူတွေ အတွက် ဝန်ဆောင်မှုအပြည့်အစုံနဲ့ တိုက်ခန်းတွေကို ဆောက်လုပ်ရောင်းချပေးနေပါတယ်။ တိုက်ခန်းတွေမှာ Master Bedroom ထည့်သွင်းပေးတဲ့ ဝန်ဆောင်မှုပုံစံမျိုးကို ဈေးကွက်ထဲမှာ စတင်ခဲ့ရာကနေတစ်ဆင့် Master Bedroom ပါဝင်ရောင်းချပေးနေတဲ့ အခန်းတွေများလာခဲ့ပါတယ်။
လက်ရှိမှာ Nation Light Construction နဲ့ စင်္ကာပူနိုင်ငံအခြေစိုက် iKonic Construction တို့ ပူးပေါင်းပြီး တန်ဖိုးသင့်တဲ့ တိုက်ခန်းတွေနဲ့ ကွန်ဒိုတွေကို ဈေးသင့်ပြီး အဆင့်မြင့်မြင့် နေထိုင်နိုင်ဖို့ ဆောက်လုပ် ပေးနေတာပါ။ “ ကျွန်တော်တို့ဆောက်လုပ်ရေး အနေနဲ့ Living Standard မြင့်တဲ့ အိမ်ရာတွေကို တည်ဆောက် နေတယ်။ ကားပါကင်နဲ့ Residential အဆောက်အဦးလေးတွေ ဆောက်လုပ်ဖို့လည်း ဆန္ဒရှိတယ်” လို့ Nation Light Construction ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ကိုရောဘတ်လွင်ရန်နိုင်က ဆိုပါတယ်။
“Let’s Shine the Nation” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ Innovative ဆန်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ချင်နေသူကတော့ ကိုရောဘတ်ပါ။ သူဟာ ဈေးနှုန်း(၄၀၀)ကနေ (၆၀၀)ကြားရှိတဲ့ တန်ဖိုးသင့်အိမ်ရာ တွေကို ဝယ်ယူသူတွေ တကယ်ကို အဆင်ပြေလွယ်ကူစေမယ့် အိမ်တွင်းအလှဆင်မှုတွေနဲ့ ဝန်ဆောင်မှုကောင်း တွေပေးပြီး တည်ဆောက်ပေးနေပါပြီ။
“ ကျွန်တော်တို့ ဆောက်လုပ်ရေးက တည်ဆောက်တဲ့ တိုက်ခန်းတွေမှာ အသုံးပြုမယ့် ပစ္စည်းတွေကို အမျိုးအစားအလိုက် ကျွန်တော်တို့ရုံးမှာ အရင်စမ်းသုံးကြည့်တယ်။ ကျွန်တော်တို့အတွက် အဆင်ပြေတယ် ဆိုမှ တိုက်ခန်းတွေမှာသုံးတယ်။ ကိုယ်တိုင်ဆောက်လုပ်တယ်။ ဝန်ဆောင်မှုကောင်းကောင်းလည်းပေးတယ်။” လို့ ကိုရောဘတ်က ပြောပြပါတယ်။
စင်္ကာပူနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နှစ်အတော်ကြာ လုပ်ကိုင်လာခဲ့တဲ့ ကိုရောဘတ်တစ်ယောက် Pay and Pay စနစ်ကို အသုံးပြုဖို့ အကြံပေးခဲ့ပါတယ်။ “ စင်္ကာပူနိုင်ငံမှာလို Pay and Pay စနစ် သုံးဖို့လိုတယ်။ ပြည်သူတွေက ပိုက်ဆံပေးမှ အစိုးရဘက်က သူတို့လုပ်သင့်လုပ်ထိုက်တာကို လုပ်လို့ရမယ်လေ” လို့ ဆိုပါတယ်။
လက်ရှိမှာ နိုင်ငံတော်ရဲ့ ကားပါကင်လိုအပ်ချက်နဲ့ အညီတည်ဆောက်ချင်တဲ့ လုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ Nation Light ကုမ္ပဏီအနေနဲ့ တစ်အိမ်တစ်စီး ကားရပ်နားခွင့်ရဖို့ အထူးကားပါကင်စနစ် ထည့်သွင်း တည်ဆောက်ဖို့ အခက်အခဲတစ်ချို့ရှိနေပါတယ်။ “ ပေ ၄၀×၆၀ ရှိတဲ့ အိမ်တော်တော်များများကို ကြည့်ရင် တစ်အိမ်တစ်စီးမရဘူး။ နောက်တစ်ခုက (၁၂)ခန်းရှိလို့ ကား(၁၂)စီးရပ်ရင် နောက်ကားထွက်ဖို့ ရှေ့တစ်စီးက ဖယ်ပေးရတယ်။ အကိုတို့လုပ်မယ့် စနစ်က အဲ့ဒီနှစ်ခုလုံးကို ဖြေရှင်းပေးမယ့် နည်းစနစ်တစ်မျိုး ဖြစ်တယ်” လို့ ကိုရောဘတ်က ရှင်းပြပါတယ်။
“ ဒါပေမယ့် မြေဧရိယာအကျယ်အဝန်းပေါ်မှာ အဆင်ပြေအောင် လုပ်ရမယ်။ အစိုးရဘက်က တာဝန်ခံပြီး ဖြေရှင်းပေးဖို့ လိုအပ်တယ်။ ပုံမှန်ပေးထားတဲ့ အဆောက်အဦးအမြင့်ကို တစ်ပေ နှစ်ပေလောက် ဖြေလျော့ပေး လိုက်ရင်ရပြီ။ ကားပါကင် ပြဿနာဖြေလျော့သွားမယ်။ အစိုးရနဲ့ညှိနှိုင်းဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်” လို့ ဆက်ပြောပါတယ်။
Nation Light Construction အနေနဲ့ ရွှေဇဝနကွန်ဒိုကို တည်ဆောက်နေပြီး၊ လာမယ့် (၂၀၁၉) နိုဝင်ဘာလမှာ တည်ဆောက်မှုပြီးစီးဖို့ လျာထားပါတယ်။ Customer Service အပြည့်အဝပေးတဲ့ ဒီဆောက်လုပ်ရေးဟာ (၆)ထပ်တိုက်ပေါင်း (၁၆)လုံးတည်ဆောက်ထားပြီး၊ လက်ရှိအချိန်ထိ အခန်းပေါင်း(၁၂၅)ခန်း လွှဲပြောင်းပေး အပ်ခဲ့ပြီး ဖြစ်ပါတယ်။
Written By : Wut Yee Htun (Shwe Property)
Photo Credit : Nation Light
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties