By Yangon Times, Shweproperty.com
Updated at 18 March 2015
အမျိုးသား မြေအသုံးချမှု မူဝါဒဆိုင်ရာ မူကြမ်း ကို အကြံပြုသူ ပြည်သူများ များပြား လွန်းသည့်အတွက် အပြီးသတ်ရေး ဆွဲနိုင်ခြင်းမရှိသေးကြောင်း မြေယာ အသုံးချမှုနှင့် ခွဲဝေချထားမှု စိစစ်ရေး ကော်မတီမှ သိရသည်။ မြေယာအသုံးချမှု မူဝါဒ ဆိုင်ရာ ပဉ္စမမူကြမ်းကို ယခင်က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် အချောသတ် ရေးဆွဲရန် ရည်ရွယ် ထားသော်လည်း အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပြည်သူများ၏ အကြံပြုချက်မှာ များပြားလွန်းသည့် အတွက် လက်ရှိအချိန်တွင် ဆဋ္ဌမ မြောက် မူကြမ်းကို ရေးဆွဲထားပြီး မည်သည့်အချိန်တွင် အချောသတ် ရေးဆွဲနိုင်မည်ကို မသိနိုင်သေး ကြောင်း သိရသည်။ မြေယာအသုံးချမှုနှင့် ခွဲဝေချထားမှု စိစစ်ရေးကော်မတီ မှ ဦးကျော်ကျော်လွင်က ”ဆဋ္ဌမ မြောက် မြေအသုံးချမှု မူဝါဒမူကြမ်း ကို မတ် ၁၁ ရက်ကပဲ အပြီးသတ် ရေးဆွဲပြီးသွားပါပြီ။ အဲဒီမူကြမ်းကို ဗဟိုကော်မတီသို့ တင်မယ်။ ဗဟို ကော်မတီကနေ အသိအမှတ် ပြု ပြီးပြီဆိုရင် အများပြည်သူကို နှစ် ပတ်ကနေ သုံးပတ်အထိ ချပြမယ် ပေါ့။ ချပြပြီးမှ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ပြန်ကျင်းပ နိုင်မှာပါ။ အမျိုးသားအဆင့် အလုပ် ရုံ ဆွေးနွေးပွဲက အားလုံး သဘော တူတယ်ဆိုမှပဲ အပြီးသတ် ဖြစ်မှာ ပါ”ဟု မတ် ၁၁ ရက်က ကျင်းပသည့် အမျိုးသား မြေအသုံးချမှု မူ ဝါဒမူကြမ်း ပညာရပ်ဆိုင်ရာ ဆွေး နွေးပွဲတွင် ပြောသည်။ အမျိုးသား မြေအသုံးချ မှု မူဝါဒဆိုင်ရာမူကြမ်းကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနက အဓိက တာ ဝန်ယူ ရေးဆွဲထားပြီး ပဉ္စမြောက် မူကြမ်း အပြီးသတ် ရေးဆွဲနိုင်ရန် အတွက် ပြီးခဲ့သည့်နှစ် သြဂုတ်လ က အမျိုးသားအဆင့် အလုပ်ရုံဆွေး နွေးပွဲ ကျင်းပခဲ့ပြီး နိုဝင်ဘာလက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ချပြခဲ့သည်။ သို့သော် အရပ်ဘက် လူ မှုအဖွဲ့အစည်းများက အမျိုးသား မြေအသုံးချမှု မူဝါဒ မူကြမ်းသည် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နံှမှုများ ကိုသာ ဦးစားပေးထားခြင်း၊ လက်ရှိ မြေယာ သိမ်းဆည်းမှု ပြဿနာ များကို မည်သို့ ဖြေရှင်းမည်ဆိုသည် မှာ မပါရှိခြင်း၊ ရွှေ့ပြောင်းလုပ်သား များ၏ နေရပ်ပြန် အခြေချနေထိုင် နိုင်ရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မပါရှိခြင်း တို့ကြောင့် နောက် ထပ် မြေသိမ်းရန် ရေးဆွဲထားခြင်း လားဟု ကန့်ကွက်မှုများ ရှိသည်။ ”မြေယာနဲ့ပတ်သက်တဲ့ ဥပဒေတိုင်းက အကောင်အထည် ဖော်မှု အပိုင်းတွေမှာ အားနည်းနေ တယ်။ အကောင်အထည်ဖော်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဆင့်ဆင့်ကလည်း အားနည်းနေသေးတာ တွေ့ရပါတယ်”ဟု အမျိုးသား မြေ အသုံးချမှု မူဝါဒမူကြမ်း ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် အရပ်ဘက် လူ့အဖွဲ့အစည်းကိုယ်စားလှယ် ကိုစည်သူက ပြောသည်။
Ref : Yangon Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties