By Myanmar Builders Guide, Shweproperty.com
Updated at 24 April 2019
ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (SEA) ကို ၂၀၁၉ ဇွန်လတွင် အပြီးသတ်ဆောင်ရွက်မည်ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက် ရေးကုမ္ပဏီ (NYDC) အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။
အဆိုပါ ဆန်းစစ်ခြင်းက ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့သစ်တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်ဆောင်ရေးနှင့် မြို့ သစ်ဆောက်ခြင်းကြောင့် သဘာ ဝပတ်ဝန်းကျင်သို့ သက်ရောက်မည့် အကျိုးဆက်များကို လေ့လာမည်ဟု NYDC ၏ ဧပြီ ၁၁ ရက် တွင် ထုတ်ပြန်သော စာစဉ်၌ဖော်ပြထားသည်။
‘‘ဒီလိုသက်ရောက်လာနိုင် မယ့် ဆိုးကျိုးတွေကို လျှော့ချနိုင် ဖို့ NYDC အနေနဲ့ SEA က ရရှိ လာမယ့် မူဝါဒတွေနဲ့ လမ်းညွှန် ချက်တွေကို မြို့သစ်ထဲမှာရှိမယ့် စီမံကိန်းတိုင်းအတွက် ကျင့်သုံး သွားမှာပါ’’ ဟု ဦးသိမ်းဝေက ပြောသည်။
မဟာဗျူဟာမြောက်သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ် ခြင်း လုပ်ငန်းစဉ်သည် မြန်မာ နိုင်ငံတွင် လုပ်လေ့ရှိသည့် အရေအတွက် အနည်းငယ်သာရှိ၍ NYDC ၏ ယခုလုပ်ဆောင်ချက်သည် ရှေ့ဆောင်လမ်းပြတစ်ခု ဖြစ်နိုင်သည်ဟု ဦးသိမ်းဝေက ပြောသည်။
အဆိုပါဆန်းစစ်မှုပြုလုပ်ရန် ပတ်ဝန်းကျင်လေ့လာဆန်းစစ်ရေး နယ်နိမိတ်ချမှတ်နိုင်ရေး NYDC သည် ၂၀၁၈ နှစ်လယ်ပိုင်း တွင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြုလုပ်ခဲ့သည်ဟု ဆိုသည်။
လူထုတွေ့ဆုံပွဲများအတွက် တိုင်းဒေသကြီးအဆင့်ကို ၂၀၁၉ ဇန်နဝါရီတွင် တစ်ကြိမ်နှင့် မြို့ နယ်အဆင့် စုစုပေါင်း ၁၆ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းသည် ပမာဏကြီးမား၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လေ့လာဆန်းစစ်ရာတွင် မြို့သစ်တည် ဆောက်မည့် နေရာသာမကဘဲ လက်ရှိ ရန်ကုန်မြို့ပါ လုပ်ဆောင်ထားသင့်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူ ဦးဝင်းမျိုးသူက မတ်လ ၆ ရက်တွင် ပြုလုပ်သည့် Town Hall ၌ ပြောကြားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties