By myanmar property, Shweproperty.com
Updated at 26 June 2013
နေပြည်တော်တွင် ကျင်းပသည့် ရွှေ ရတု ကျောက်မျက်ပြပွဲ၌ အရောင်းအဝယ် ဖြစ်ကြသောကြောင့် စက် တင်ဘာလဆန်းပိုင်းတွင် မန္တလေးမြေ အရောင်းအဝယ် ပိုကောင်းလာမည်ဖြစ်ကြောင်း မန်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းများမှ စုံစမ်း သိရှိရသည်။
ကျောက်မျက်ပြပွဲတွင် ကျောက် ရောင်းရသော ကျောက်သမား အများစုသည် ၎င်းင်းတို့ရောင်းရငွေအားလုံး လက်ထဲသို့ ရောက်ရှိလာပြီ ဆိုပါက မြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံလာတော့မည် ဖြစ်သည်ဟု “မန်း မြေရာဇာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်း”မှ ဦးကျော်ဝင်းက ပြောသည်။
“ရှစ်လပိုင်းကုန်၊ ကိုးလပိုင်း လောက်မှာတော့ မြေဈေးကွက်က တော်တော်လေး ကောင်းလာမှာပါ၊ ကျောက်ရောင်းရတဲ့ ကျောက်သမား က သူ့လက်ထဲကို ကျောက်ရောင်းရငွေအားလုံး ရောက်လာပြီဆိုတာနဲ့ မြေဝယ်ကြတော့မှာလေ”ဟု ၎င်းင်းက ပြောသည်။
ယခင်က မြန်မာ့ကျောက်စိမ်း ဈေးကွက်သည် တရုတ်ဝယ်လက်တစ်ခုကိုသာ အားထားနေခဲ့ရပြီးယခုအခါ ဥရောပဈေးကွက်မှာ ဟောင်ကောင်မှ ကျောက်စိမ်းကို မဝယ်တော့ဘဲ မြန်မာသို့ တိုက်ရိုက်ဝယ်ယူ လာကြသည်အထိ ဈေးကွက်ပေါက် လာသည်ဟု သိရသည်။
ထို့ကြောင့် ၎င်းင်းတို့မှ ဝယ်ယူ သွားသော ကျောက်စိမ်းတန်ဖိုးများ ကို ငွေချေပြီးပါက မန်းကျောက်သမားအများစုသည် အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် တစ်ဖန်ရင်းနှီးမြှုပ်နှံလာကြတော့မည် ဖြစ်သည်။
“အခုအနေအထားက ကြိုက်ရောင်း၊ ကြိုက်ဝယ်ဆိုပေမဲ့ နောက်ပိုင်းမှာ ကျောက်သမားတွေ ရင်းနှီး မြှုပ်နှံရင် ကောင်းလာတော့မှာဆိုတော့ တချို့ဝယ်/ရောင်းတွေကလည်း ကြိုက်ဈေးရရင် ဝယ်ထားနေကြပြီ” ဟု မန်းရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။
ကျောက်လုပ်ငန်းရှင် အများစုသည် ရွှေ၊ ဒေါ်လာ၊ ကားဈေးကွက် တို့ကို ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စားမှုနည်းကြပြီး အိမ်၊ ခြံ၊ မြေ ကိုသာ အဓိကထားကြကြောင်း မန်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ကြီးများ ထံမှ သိရသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties