By စိုးစိုး, Shweproperty.com
Updated at 12 October 2012
မြန်မာနိုင်ငံ၏အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည့် နေပြည်တော်ပျဉ်းမနားမြို့၏ အိမ်ခြံမြေ ဈေးကွက်မှာ ၂၀ဝ၃ ခုနှစ်မှ စတင်၍ ကိုးနှစ်တာကာလအတွင်း အရောင်းအဝယ်ကောင်းမွန်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဝယ်လိုအားနည်းပါးလာ ကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။
''အမှန်တကယ် လိုအပ်တဲ့ လူတွေလက်ထဲ မြေတွေရောက် သွားလို့ဖြစ်နိုင်တယ်။နောက်တစ် ချက်က အိမ်ခြံမြေအခွန်စနစ် သက် တမ်းထပ် မတိုးတော့တဲ့ အတွက် ဈေးကွက်အေးသွားတာ လဲဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးက အိမ်ခြံမြေတစ်ခု တည်း မဟုတ်ဘူး။ အကုန်အေး နေတဲ့အနေအထားမှာရှိတယ်''ဟု ပျဉ်းမနားမြို့ပေါင်းလောင်း(၂) ရပ်ကွက်ရှိ ညီလေးအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးညီညီ က လက်ရှိဈေးကွက်ကို ရှင်းပြ သည်။
နေပြည်တော် ဒက္ခိဏသီရိ မြို့ကွက်သစ်တွင် ပေ ၈၀_၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်း ၂၀ဝ၀ မှ သိန်း ၅၀ဝ၀ ကြား၊ နေပြည်တော် ဥတ္တရသီရိမြို့ ချင်း ရွာကွက်သစ်တွင် ပေ၄၀_၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်း ၃၅၀ မှ ၇၀ဝကြား ခေါ်ဈေးရှိနေ သော်လည်း အရောင်း အဝယ် အေးစက်နေသေးကြောင်း ကိုညီ ညီက ဆိုသည်။
ပေါင်းလောင်း (၂)၊ (၃) ရပ်ကွက်တွင် ပေ ၄၀x၆၀ မြေ တစ်ကွက်လျှင် ကျပ်သိန်း ၂၀ဝ နှင့်အထက်ရှိကြောင်း၊ လမ်းမကျယ်နှင့် လမ်းကြီးဘေးတို့တွင် ပေ ၄၀x၆၀ မြေတစ်ကွက် ကျပ် သိန်း၅၀ဝ ဝန်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်ပေါ်နေသော်လည်း ယခင်နှစ် များနှင့်နှိုင်းယှဉ် ပါက ဝယ်လိုအားသိသာစွာ ကျဆင်း လာနေကြောင်း ပေါင်းလောင်း (၂)ရပ်ကွက်မှ အိမ်ခြံမြေရောင်း ဝယ်ရေးလုပ်ငန်း ရှင် ဒေါ်မိမိငယ်က ပြောကြားသည်။
နေပြည်တော်ကို အစိုးရ ဝန်ကြီးဌာနရုံးစိုက်ရာ မြို့တော်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်းတွင် နေပြည်တော်နှင့်ပျဉ်းမနားမြို့တို့တွင် စီးပွားရေးလုပ်ငန်းများ ဖြန့်ကြက်ရောင်းဝယ်လာမှုနှင့် အပြိုင် အိမ်ခြံမြေဈေးကွက်မှာ လည်း အရောင်းအဝယ်သာမက အငှားဈေး ကွက်ပါ လိုက်ပါ မြင့်တက်လာခဲ့ကြောင်း၊နေပြည် တော်နှင့်ပျဉ်းမနားမြို့၌အရောင်း အဝယ်ဖြစ်ကြသည့် အိမ်ခြံမြေ ဈေးကွက်များမှာ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်၊ ရွှေကြာပင် ရပ်ကွက် (ယခု) ဒက္ခိဏမြို့ကွက် သစ်၊ ဥတ္တရသီရိမြို့နယ်(ယခင်) ချင်းရွာကွက် သစ်နှင့်ပျဉ်းမနားမြို့ ပေါင်းလောင်း (၂)၊ (၃) ရပ်ကွက်၊ ဘောဂသီရိရပ်ကွက်၊ ရာဇဌာနီ လမ်းမကြီး ဘေးဝဲယာ တို့ဖြစ်ကြောင်း နေပြည်တော်အခြေစိုက်အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။
''ဒီနှစ်အိမ်ခြံမြေဈေးကွက်က တော်တော် အေးတယ်ဗျ။ အရောင်းအဝယ်မရှိသလောက် ဘဲ''ဟု လက်ရှိဈေးကွက်အနေ အထားကို ဦးညီညီက ပြောပြသည်။ Source : businesstoday
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties