By The Kumudra, Shweproperty.com
Updated at 12 July 2016
နေပြည်တော်ရွှေနံ့သာရပ်ကွက်မှာ ဆောက်လုပ်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချရာမှာ ဆောင်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ကြပ်မတ်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။
"နေပြည်တော်က တန်ဖိုးနည်းအိမ်ရာတွေကို အမှန်တကယ်ဝင်ငွေနည်းအိမ်ပိုင်မရှိတဲ့ ပြည်သူလူထုနဲ့ ဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူပြီး နေစရာအခက်အခဲဖြစ်နေတဲ့ ဝန်ထမ်းတွေကို ရည်ရွယ်ပါတယ်၊ ဒါကြောင့်ရောင်းချတဲ့ပုံစံနဲ့ ဘယ်လိုလူမျိုးကိုရောင်းမယ်ဆိုတာကို ဝန်ကြီးကိုယ် တိုင် အဖွဲ့ဖွဲ့ပြီး ကြပ်မတ်မှာဖြစ်ပါတယ်" လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန (နေပြည်တော်) တည်ဆောက်ရေးအင်ဂျင်နီယာချုပ် ဦးတင်ကြည်က ပြောပါတယ်။
လက်ရှိအချိန်မှာ ဝန်ထမ်းတွေအနေနဲ့ နေပြည်တော်မှာ အခြေကျလာပြီဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်းတွေကလည်း ရုံးခွဲဖွင့်တာတွေနဲ့ ကုမ္ပဏီ လက်ခွဲ လာရောက်ဖွင့်လှစ်တာတွေ ရှိနေပါတယ်။ ဝန်ထမ်းတွေအတွက်တော့ နေထိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ နေပြည်တော်ရဲ့ အချက်အခြာကျတဲ့ သပြေကုန်းရပ်ကွက်မှာရှိတဲ့ အိမ်ငှားဈေးနှုန်းကြီးမြင့်နေတာတွေကြောင့် သာမန်လူတွေအတွက် နေထိုင်ဖို့ အဆင်မပြေကြ ပါဘူး။
"တချို့ရတဲ့လစာနဲ့ အိမ်ငှားခနဲ့ ဘယ်လိုမှရပ်တည်လို့ မရဘူး၊ နောက်တစ်ချက်က ငှားနေပြီး ငါးနှစ်၊ ၁၀ နှစ်သာ ကြာသွားတယ်၊ ဘာမှတိုးတက် မလာဘူး၊ ဒါတွေကြောင့် အရစ်ကျနဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ပိုင်ဆိုင်နိုင်အောင် အကောင်အထည်ဖော်တာပါ၊ နောက်တစ်ခုက အစိုးရဝန် ထမ်းတွေ တာဝန်ယူနေတုန်းကတော့ အစိုးရအိမ်ပြန်အပ်ရတော့မှ လစာကလည်းနည်းသွား၊ အိမ်ကလည်းမရှိ၊ အသက်လဲကြီးနေပြီ စတဲ့ဒုက္ခတွေ ကြုံရတော့တာပါပဲ၊ ဒီလိုလူတွေကိုလဲ အဆင်ပြေအောင် စီစဉ်ပေးချင်တာပါ၊ ဒါကြောင့်အခုဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဝန်ကြီးက သူကိုယ်တိုင် သေချာကြီးကြပ်ရောင်းမှာပါ" လို့ ဦးတင်ကြည်က ပြောပါတယ်။
နေပြည်တော်မှာ တည်ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို နှစ်မျိုးတည်ဆောက်နေတာဖြစ်ပါတယ်။ အာရ်စီနဲ့ Steel Structure ဆိုပြီးဖြစ်ပါတယ်။ အခန်းဖွဲ့စည်းတည်ဆောက်ပုံကတော့ နှစ်မျိုးစလုံးကို (၂၀ x ၂၀) ပေ တိုက်ခန်းအကျယ် ၄၀၀ စတုရန်းပေနဲ့ အတူတူဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာဖြစ်လို့ ဝန်ကြီးကလည်း တန်ဖိုးနည်းနိုင်သမျှ နည်းရမယ်လို့ လမ်းညွန်ထားပေမဲ့ အဆောက်အအုံရဲ့ ကြံ့ခိုင်မှုနဲ့ တခြားလိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကိုလည်း အပြည့်အစုံထည့်သွင်းဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties