By 7daydaily, Shweproperty.com
Updated at 3 February 2015
စီးပွားရေးရင်းနှီးမြှုပ်နှံ သူများ မြေကွက်ဝယ်ယူမှုနည်းပါး လာ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြေအရောင်းအဝယ် ကျဆင်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများထံမှ သတင်းရရှိသည်။
ရန်ကုန်၊ မန္တလေးဒေသများ မှ စီးပွားရေးလုပ်ငန်းရှင်များက နေပြည်တော်ကောင်စီနယ်မြေအ တွင်း ရင်းနှီးမြှုပ်နှံရန် မြေကွက်များ လာရောက်ဝယ်ယူလျက်ရှိသော် လည်း ယခုနောက်ပိုင်းလများ၌လာရောက်ဝယ်ယူမှုနည်းပါးလာ ၍ မြေကွက်ရောင်းဝယ်မှုမှာ ယခင်ကထက် နည်းပါးလာကြောင်း ရွှေလက်ပံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာမြင့်က ပြောသည်။
‘‘နှစ်လလောက်ရှိနေပြီ။ ဝယ်လက်တွေ မဆင်းလာတော့ဘူး။ ဝယ်လက်နည်းလာတယ်။ အရင် ကတော့ ရန်ကုန်၊ မန္တလေးတောင် ပေါ်က ဝယ်လက်တွေ ဆင်းပြီး လာဝယ်ကြတယ်။ အခုနောက် ပိုင်းတော့ နည်းသွားပြီ’’ ဟု ဦး ကျော်စွာမြင့်က ပြောသည်။
နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် နှင့် ပုဗ္ဗသီရိမြို့နယ်များတွင် မြေ ကွက်ရောင်းဝယ်မှုအနည်းငယ်ရှိ ပြီး ပေ ၆၀ × ၈၀ နှင့် ပေ ၆၀× ၄၀ အကွက်များကို ကျပ်သိန်း ၅၀၀ နှင့် သိန်း ၁,၀၀၀ ဈေးနှုန်းများကြား အရောင်းအဝယ် ရှိနေကြောင်းသတင်းရရှိသည်။
‘‘အရင်ကလို နှစ်ထောင်၊ သုံးထောင်အကွက်တွေ ရောင်းဝယ် တာတော့ မရှိတော့ဘူး။ အခု နောက်ပိုင်းကတော့ ဝယ်တဲ့သူ တွေကလည်း အစိုးရဝန်ထမ်းအ ပြောင်းအရွှေ့သမားတွေ မိသားစု နေအိမ်ဆောက်ဖို့အတွက် ဈေး သက်သာတဲ့ အကွက်တွေကိုပဲ အဓိကရွေးဝယ်လာတော့တယ်။ ဈေးနှုန်းကတော့ လျော့ကျသွား တာတော့ မရှိဘူး။ ပုံမှန်နှစ်ရာ၊ သုံးရာအောက်တော့ လျော့ကျမသွား ဘူး’’ဟု ဦးကျော်စွာမြင့်က ပြော ကြားသည်။
ပြီးခဲ့သည့် ဇူလိုင်ကလည်း ပျဉ်းမနားပေါင်းလောင်း ၂ ရပ်ကွက်၌ တည်းခိုခန်းအိမ်ရာစီမံကိန်းတစ်ခုကြောင့် အိမ်ခြံမြေဈေးမြင့်တက်လာပြီး မြေကွက်အရောင်းအဝယ်ဖြစ်ထွန်းခဲ့သည်။
နေပြည်တော်စီမံကိန်းလုပ် ကိုင်နေသည့် ၂၀၀၈ မှ ၂၀၁၁ အထိစီးပွားရေးလုပ်ငန်းရှင်အများအ ပြား လာရောက်ရင်းနှီးမြှုပ်နှံကြ သောကြောင့် အရောင်းအဝယ်အ ကောင်းဆုံးကာလများဖြစ်ခဲ့ပြီး အိမ်ခြံမြေ ဈေးနှုန်း မြင့်တက်ခဲ့သည်။
Ref : 7Day Daily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties