By Pyi Myanmar, Shweproperty.com
Updated at 25 January 2019
နေပြည်တော်တည်ဆောက်ရေးစီမံကိန်းကြောင့် နစ်နာပြီးအခက်အခဲရှိသည့် မိသားစုများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဖော်ဆောင်ရန်စီစဉ်ထား သော မြေကွက်စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများတွင် ဦးစားပေးနေရာချထားပေးမည်ဖြစ်ကြောင်း နေပြည်တော် ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်းက ဇန်နဝါရီလ ၂၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ပြောသည်။
“နေပြည်တော်တည်ဆောက်ရေးစီမံကိန်းကြောင့် မူလနေထိုင်ရာ ကျေးရွာ များမှ မြို့ကွက်သစ်၊ ရပ်ကွက်သစ်များသို့ ပြောင်းရွှေ့နေရာချထားပေးပြီးဖြစ်သော် လည်း ယင်းကာလရဲ့ နောက်ပိုင်းမှာ အိမ်ထောင်ကျပြီး အိမ်ခွဲသူများ၊ လယ်ယာမြေသိမ်း ဆည်းခံရမှုကြောင့် မိသားစုနေထိုင်ရေး အခက်အခဲရှိတဲ့ အိမ်ထောင်စုတွေ နေထိုင် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးဖို့ တင်ပြခြင်းတွေကို စိစစ်ပြီးတော့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက အိမ်ရာစီမံကိန်းတွေ ၊ မြေကွက်စီမံကိန်းတွေဖော်ဆောင်ချိန်မှာ ဆောင်ရွက်ပေးနိုင်ဖို့အတွက် မှတ်တမ်းတင်ထားရှိပါတယ်။ ဒါကြောင့် အမှန်တကယ်နေထိုင်မယ့် မိသားစုတွေ၊ အမှန်တကယ် နစ်နာပြီးတော့ အခက်အခဲရှိတဲ့ မိသားစုတွေကို ဦးစားပေး နေရာချထားနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိ ပါတယ်”ဟု ယင်းကပြောသည်။
နေပြည်တော် တည်ဆောက်ရေးစီမံကိန်းအတွင်းတွင် ပါဝင်သည့် လယ်ယာမြေများအတွက် လယ်ယာမြေလျော်ကြေးများကို လယ်ယာမြေဥပဒေ ၂ဝ၁၂ ခုနှစ်မတိုင်မီ ဦးပိုင်ပေါက် လယ်မြေတစ်ဧကအတွက် ၃၅ဝဝဝဝ နှုန်း၊ ဦးပိုင်ပေါက် ယာမြေတစ်ဧကအတွက် ၂၅ဝဝဝဝ နှုန်းဖြင့် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ လယ်ယာမြေဥပဒေ ၂ဝ၁၂ ခုနှစ် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် အဆိုပါဥပဒေနှင့်အညီ ပေးလျော်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Ref & Photo Credit : Pyi Myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties