By Social Media, Shweproperty.com
Updated at 15 May 2019
နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အိမ်ထောင်သည် အစိုးရဝန်ထမ်းများအတွက် အစိုးရအနေဖြင့် ဝန်ထမ်းအိမ်ယာများ ဖြစ်သော ပိတောက်အိမ်ယာ၊ ကံ့ကော်အိမ်ယာ၊ ခရေအိမ်ယာ၊ စည်ပင်အိမ်ယာ၊ ဧက-၁၀၀၀ အစရှိသည်ဖြင့် နေစရာ ဖန်တီးပေးထားပါသည်။
သို့သော် ယခု အိမ်ယာအချို့မှ ဝန်ထမ်းအချို့သည် ပြင်ပဝန်ထမ်းမဟုတ်သူများသို့ တိုးတိုးတိတ်တိတ် အခကြေးငွေယူလျက် ငှားရမ်းသည့်ဈေးကွက် ဖြစ်ပေါ်လျက်ရှိသည်။ အခန်းအနေအထားနှင့် နေရာအလိုက် တစ်လ ၅၀၀၀၀-၈၀၀၀၀ ကျက်အထိ အစားစား ရှိသည်။ ၃-လ သို့ ၆-လ တစ်ကြိမ် စာချုပ် ချုပ်ဆိုရသည်။ ရေ၊မီး မီတာခအား ငှားရမ်းသူမှ ပေးဆောင်ရသည် ဟု သိရပါသည်။ ဝန်ထမ်းများသည် အိမ်ငှားသူများအား မိမိတို့၏ ဆွေမျိုး၊အဒေါ်များအနေဖြင့် ရုံးသို့ သတင်းပို့ပြီး ငှားရမ်းကြခြင်းဖြစ်သည်။
အများစုမှာ နေပြည်တော်တွင် တာဝန်ထမ်းတောင်နေကြသော အစိုးရဝန်ကြီးဌာန၂-ခုမှ အိမ်ထောင်သည်အစ်ုးရဝန်ထမ်းများ နှင့် ကိုယ်ပိုင်အိမ်ရာ ရရှိထားသော အစိုးရဝန်ထမ်းများဖြစ်သည်။ လက်ထောက်ဦးစီး အိမ်ယာမှသည်၊ ညွှန်မှုးအိမ်ယာ အထိ ပါဝင်ကြောင်း အငှားဈေးကွက် ဝန်ဆောင်မှုပေးနေသော မ--- မှ ပြောကြားသည်။
ငှားရမ်းသူ ဝန်ဆောက်ခအဖြစ် တစ်လစာ ပေးရကြောင်းသိရပြီး၊ ငှားရမ်းသူများကို အများအားဖြင့် လကါသင့်ရာနှင့် Facebook Group များမှတဆင့် ချိတ်ဆက်ဆောင်ရွက်ပေးရကြောင်း မ--- က ပြောကြားသည်။ တစ်လလျှင် ၄-၅ ယောက်ခန့် ဝန်ဆောင်မှုပေးနေရကြောင်းနှင့် ကံ့ကော်အိမ်ယာအား ငှားရမ်းသူဘက်မှ ပိုနှစ်သက်ကြောင်း ၎င်းမှပြောကြားသည်။
ယခုမူ ပိုမိုများပြားခေါ်ယူလာသော ဝန်ထမ်းများအတွက်၊ အစိုးရအနေဖြင့် အိမ်ယာများ ထပ်မံဖန်တီးပေးနိုင်ခြင်းမရှိသည့်အတွက်၊ အသစ်သော ဝန်ထမ်းများမှာ ပြင်ပတွင် လက်သင့်သလို ငှားရမ်းနေထိုင်နေရကြောင်း ဝန်ထမ်းများမှ ဆိုကြသည်။ သို့ဖြစ်ပါ၍ ဌာနတွင်းအလွှဲသုံးစားလုပ်နေသော ဝန်ထမ်းများထံမှ အခန်းများ ပြန်ယူပြီး၊ အငှားချထားသော ဝန်ထမ်းအိမ်ယာများအား၊ သက်ဆိုင်ရာဝန်ထမ်းအသစ်များမှ နေထိုင်ခွင့် ရရှိရန် မျှော်လင့်လျက်ရှိကြောင်း နေပြည်တော်သတင်းအရ သိရှိရသည်။
Ref & Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties