By Kumudra, Shweproperty.com
Updated at 17 October 2017
ယခုတစ်ပတ် နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ အငှားတွေ သွက်နေတဲ့အတွက် သုံးသိန်းဝန်းကျင်တွေ မရှိသလောက်ဖြစ်နေတယ်လို့ နေပြည်တော် အိမ်ခြံမြေဈေးကွက်က သိရ ပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (နေပြည်တော်) မှ အတွင်းရေးမှူး ဦးကျော်စွာမြင့်က “ဇမ္ဗူသီရိမြို့နယ်မှာဆိုရင် ဒီသုံးသိန်း နဲ့ ငါးသိန်းကြားဝန်းကျင်တွေ ပစ္စည်းပြတ် နေပြီ၊ ဈေးမြင့်တာတွေတော့ ရှိ တယ်၊ ဥတ္တရနဲ့ပျဉ်းမနားမှာတော့ ပေါတာ၊ ဒါပေမဲ့ အခုလက်ရှိမှာ ဒီဘက်တွေလဲ အိမ်တောင် ပြတ်လုနီးပါးဖြစ်နေပြီ၊ ငှားဖို့မရှိ ” လို့ ပြောပါတယ်။
သည်လကစပြီး နေပြည်တော် အိမ်ခြံ မြေဈေးကွက်မှာ အငှားရော အရောင်းအ ဝယ်ပါ သွက်နေခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမဲ့ သည်တစ်ပတ်မှာတော့ အငှားပိုသွက်လာပြီး အဆောက်အအုံရှားတဲ့အထိ ဖြစ်နေ တယ်လို့ သိရပါ တယ်။ ကုမဏီဝန်ထမ်းတွေ အငှားများနေတာဖြစ်တယ်။ သုံးသိန်း နဲ့ ငါးသိန်းကြားဝန်းကျင်ရှိ အိမ်အငှားတွေ သွက်နေတဲ့ မြို့နယ်တွေကတော့ ဥတ္တရ သီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နဲ့ ဇမ္ဗူသီရိ မြို့နယ်တွေ ဖြစ်ပါတယ်။
လက်ရှိဇမ္ဗူသီရိ မြို့နယ်မှာဆိုရင် ငှားမယ့်သူတွေ ရှိနေပေမဲ့လည်း အဆောက် အအုံမရှိတော့တဲ့အတွက် ဥတ္တရသီရိမြို့ နယ်ဘက်ကို သွားငှားရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း သိရပါတယ်။ လက်ရှိအငှားဈေးကွက်မှာ လူကြိုက်များတဲ့ ဇမ္ဗူသီရိမြို့နယ်မှာ ငါးသိန်း အထက်တွေသာ ကျန်တော့တယ်လို့ သိရပါတယ်။
“မနှစ်ကနဲ့ယှဉ်ရင်လဲ အငှားဈေးကွက်က ဒီနှစ်ပိုကောင်းတယ်၊ မနှစ်က အေးတဲ့ ဘက်မှာပါတယ်၊ အခုက အရောင်းအဝယ်ကလဲ ကောင်းတယ်၊ ဒါပေမဲ့ အငှားမှာ အခုလိုပေါ့၊ အိမ်တွေပါ ပြတ်တဲ့အထိ ဖြစ်လာတာ”လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties