By Sint Sint, Shweproperty.com
Updated at 16 November 2020
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအပြင် ပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အငှားအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် တွင်လည်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် သုခဝတီ အငှားအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သုခဝတီ အိမ်ရာစီမံကိန်း (နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှားအိမ်ရာ) ကို ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော် မြို့ပတ်လမ်းဘေး၊ မြေဧရိယာ (၃၃) ဧက ရှိ မြေပေါ်တွင် ယူနစ် (၃၀၀) ၊(၁၂) ခန်းတွဲ၊ ငါးထပ်၊ ငါးလုံး၊ ယူနစ် (၁၂၀) ၊ (၁၂) ခန်းတွဲ၊ ငါးထပ်၊ နှစ်လုံး၊ ယူနစ် (၁၀၀) လေးခန်းတွဲ၊ ငါးထပ်၊ ငါးလုံး၊(၄၁၆) ယူနစ်၊ လေးခန်းတွဲ၊ ငါးထပ်၊ (၂၆) လုံး၊ (၂၈၈) ယူနစ်၊ လေးခန်းတွဲ၊ ငါးထပ် (၁၈) လုံး တို့ကို ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးရ သတင်းများ
ဧရာဝတီနှင့် ပဲခူးတိုင်းမြို့နယ်ခုနစ်ခုတွင် စနစ်ကျလယ်မြေဆောင်ရွက်ရန် နိုင်ငံသားလုပ်ငန်းရှင်များအား ဖိတ်ခေါ်
PROPERTYGURU နှင့် SHWEPROPERTY.COM တို့ပူးပေါင်းကျင်းပသည့် MYANMAR PROPERTY AWARD 2020 ဆုချီးမြှင့်ပွဲကြီးကို အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့်မှုပုံစံဖြင့် နိုဝင်ဘာ ၂၆ ရက်နေ့ ကြာသာပတေးနေ့တွင်ကျင်းပမည်
စင်္ကာပူထက်(၂)ဆ ကျယ်ဝန်းမည့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် အဖွဲ့အစည်း(၁၆)ခုမှ ရင်းနှီးမြှုပ်နှံ
Credit : MRTV
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties