သင့်အိမ်က ရေခဲသေတ္တာအပေါ်က နေရာလွတ်ကို ပစ္စည်းတချို့တင်ထားဖို့ စိတ်ကူးနေရင် အခုပဲရပ်လိုက်ပါ။ ရေခဲသေတ္တာအပေါ်နေရာကို ပစ္စည်းတင်ဖို့ သိမ်းဖို့ သင့်တော်တဲ့ နေရာတစ်ခုမဟုတ်ပါဘူး။ 

ရေခဲသေတ္တာအပေါ်ပိုင်းက အပူချိန်ရှိနေပြီး တခါတရံ ဖုန်တွေလည်း စုနေတတ်ပြီး ရေခဲသေတ္တာထုတ်လုပ်သူအများစုကလည်း ဘာမှမတင်ဖို့ အကြံပြုထားတာကြောင့် အမှတ်တမဲ့ အလေးချိန်များတဲ့ပစ္စည်းတွေနဲ့ လတ်ဆက်တဲ့ စားစရာတွေ တင်ထားမိရင် ရေခဲသေတ္တာရဲ့ အပူထုတ်လွှတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး မီတာခတွေ မလိုအပ်ပဲ အကုန်အကျများစေတတ်ပါတယ်။

ဒီဆောင်းပါးမှာတော့ ရေခဲသေတ္တာအပေါ်မှာ မတင်ထားသင့်တဲ့ ပစ္စည်း ၇ မျိုးအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

ဘာတွေလဲဆိုတာ အောက်မှာဆက်ဖိတ်လိုက်တော့နော်...  

၁။ ဆေးဝါးများ

ဆေးအများစုကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာသာ သိမ်းရပါတယ်။ ရေခဲသေတ္တာအပေါ်ဆိုတာ ပူတဲ့နေရာဖြစ်လို့ တကယ်လို့ ထားမိရင် ဆေးရဲ့အာနိသင်ကျစေတတ်လို့ လုံးဝမထားသင့်ပါဘူး ။

၂။ အလေးချိန်များတဲ့ပစ္စည်းများ

အလေးချိန်များတဲ့ ပစ္စည်းတွေကိုလဲ ယောင်လို့တောင် အပေါ်မှာမတင်ထားသင့်ပါဘူး မတော်တဆ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။

၃။ မကြာခဏသုံးတဲ့ပစ္စည်းများ

မကြာခဏ အသုံးပြုရတဲ့ ဇွန်းခက်ရင်း၊ ပန်းကန်တွေကို အပေါ်မှာတင်ထားရင် လိုတိုင်းယူဖို့ အဆင်မပြေလှပါဘူး။ ဒါ့ကြောင့် ဒီနေရာကို အချိန်ကြာကြာသုံးစရာမလိုတဲ့ ပစ္စည်းတွေအတွက်ပဲ ချန်ထားလိုက်ပါ။  



၄။ လတ်ဆတ်တဲ့အစားအစာများ

ပေါင်မုန့်၊ ငှက်ပျောသီးလို့ လတ်ဆက်တဲ့အစားအစာတွေကို ရေခဲသေတ္တာအပေါ်မှာ တင်ထားမယ်ဆိုပါက ရေခဲသေတ္တာရဲ့ အပူနဲ့ အခန်းဖုန်တွေကြောင့် မြန်မြန်ပုပ်သွားစေတတ်ပါတယ်။

၅။ ဝိုင်ပုလင်းများ

ဝိုင်ကို ရေခဲသေတ္တာအပေါ်မှာ ထားရင် ဝိုင်ရဲ့ အရည်အသွေးကို ကျဆင်းသွားစေနိုင်ပါတယ်။ ဝိုင်ကို အေးမြတဲ့နေရာ (၅၅°F ဝန်းကျင်) မှာပဲ သိမ်းသင့်ပါတယ်။  

၆။ သန့်ရှင်းရေးပစ္စည်းများ

ပန်ကန်ဆေးဆပ်ပြာရည် ၊ ဓာတုဆေးရည်တွေ ယိုစိမ့်သွားရင် ရေခဲသေတ္တာကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အစားအစာတွေနဲ့ ထိတွေ့မိရင် အလွန်အန္တရာယ်ရှိတတ်တာကြောင့် ဒီပစ္စည်းတွေကိုလဲ မတင်ထားသင့်ပါဘူး။  

၇။ ကျိုးလွယ် ပဲ့လွယ်တဲ့ပစ္စည်းများ

ကျိုးပဲ့လွယ်တဲ့ပစ္စည်းတွေဖြစ်တဲ့ ကြွေထည် ၊ ပန်ကန်ပြား ၊ ဖန်ပုလင်းတွေကို ရေခဲသေတ္တာ အပေါ်မှာထားရင် ရေခဲသေတ္တာလှုပ်တိုင်း ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရခြင်း (သို့မဟုတ်) ပျက်စီးမှုဖြစ်စေနိုင်တာကြောင့် လုံးဝမတင်ထားသင့်ပါဘူး။

Source : realsimple