အိမ်သုံးအဲကွန်းတွေဖြစ်တဲ့ Split type အဲကွန်းတွေဆင်တဲ့အခါ သိနေပေမယ့်သတိမမူမိတတ်တဲ့ အခြေခံဆောင်ရန်ရှောင်ရန်လေးတွေကို ရှာဖွေတင်ပြချင်ပါတယ်.......
ပထမဆုံး Split type လို့ ဘာလို့ခေါ်တာလဲဆိုတာပြောပြချင်ပါတယ်။ Split ဆိုတာ ကွဲတာ၊ခွဲထားတာကိုပြောတာပါ။အဲကွန်းတလုံးရဲ့ အဓိကပစ္စည်းအစိတ်အပိုင်းလေးခုဖြစ်တဲ့
- Compressor
- Condenser
- Expansion Device
- Evaporator အတိုကောက် (2C2E) ကို စုစုစည်းစည်းစည်းနဲ့တလုံးတည်းစုစည်းထားတဲ့စက်ကို Packaged type air con လို့ခေါ်ပါတယ်။
အဲဒီလေးခုကိုတစုတဝေးတည်းတနေရာတည်းမထားပဲ နေရာခွဲထားပြီး ကြားထဲမှာပိုက်နဲ့ ခွဲထားရင် Split type air con ကို့ ခေါ်ပါတယ်။ Split type တွေမှာ 2C2E ဟာ သာမာလက်ရှိသုံးနေတဲ့ အိမ်သုံး Split တွေမှာလို Evaporator အအေးကွိုင်က အခန်းထဲထားပြီး ကျန်တဲ့ 2C1E က အခန်းအပြင် Out door unit ထဲမှာထားနိုင်သလို အခန်းထဲက က အအေကွိုင်နဲ့ အတူ Expansion device ကို တွဲထားပြီး အခန်းအပြင် Out door unit ထဲမှာ 2C ပဲထားတာလည်းဖြစ်နိုင်ပါတယ်။
FCU/Indoor unit ရဲ့အထိုင် ဘရက်ကက်ကိုသေချာခိုင်မြဲစွာတပ်ဆင်ရပါမယ်။စကူချောင်နေတာ ကြွတက်နေတာမျိုးမဖြစ်ရပါဘူး။FCU/Indoor unit ကို ဘရက်ကက်မှာ တပ်ဆင်တဲ့အခါ သေချာသပ်ရပ်စွာတပ်ဆင်ရပါမယ်။
ကြေးပိုက်တွေကို Indoor Unit နဲ့ Out door Unit တပ်ဆင်ဖို့ နံရံဖြတ်ပြီးသွယ်တန်းချိန်မှာ ပိုက်အပေါက်တွေကို ဝါယာတိပ် ဖြစ်စေ တခုခုနဲ့ဖြစ်စေသေချာ ဖုံးအုပ်ပြီးမှ သွယ်တန်းရပါမယ်။သွယ်တန်းချိန်မှာဖုန်တွေ အညစ်အကြေးတွေ ပိုက်ထဲ ဝင်တတ်လို့ပါ။