By The Modern, Shweproperty.com
Updated at 19 June 2015
တောင်ဥက္ကလာပမြို့နယ် နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းကို သွယ်တန်းမယ့် ငမိုးရိပ်မြစ်ကူးတံတား အသစ်တစ်စင်းကိုလာမယ့် ဘဏ္ဍာနှစ်မှာ တည်ဆောက်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန လမ်းတံတားကသိရပါတယ်။
လက်ရှိမှာကုန်ကျမယ့် ဘတ်ဂျက်ကိုတော့ အတည်မပြုရသေးဘူးလို့ သိရပါတယ်။
ငမိုးရိပ်မြစ်ကူးတံတားကိုတောင်ဥက္ကလာပမြို့နယ်ဘက်က ၁၅/၃ ရပ်ကွက်ရှိရွှေဖီခိုင်ညှာလမ်းနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ဘက်က ၃၃ ရပ်ကွက်ရှိဆရာစံလမ်းတို့ကိုဆက်သွယ်တည်ဆောက်မှာ ဖြစ်ပါတယ်။
သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး နှစ်လမ်းသွားအဖြစ်တည်ဆောက်မယ်လို့ သိရပါတယ်။
လက်ရှိတောင်ဥက္ကလာပမြို့နယ်နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းတို့ကဆက်သွယ်ထားတဲ့ ငမိုးရိပ်ဘေလီမြစ်ကူးတံတားအမြွှာနှစ်စင်းရှိပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties