By Myanmar Builders Guide, Shweproperty.com
Updated at 20 February 2019
ရန်ကုန်မြို့သစ်စီမံကိန်းကို Master Planအတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း(SEA)ကို မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ နိုင်ငံတကာအဆင့်အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တို့နှင့်အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။
ရန်ကုန်မြို့သစ်ပထမအဆင့် Master Plan အတွက် လုပ်ဆောင်သွားမည့် ကဏ္ဍများကိုလည်း ချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါသည်။
"SEA နဲ့ EIA တွေ အတွက် NYDC နဲ့ အကြံပေး Environmental Resources Management ( ERM ) အဖွဲ့တို့ ပူးပေါင်းပြီး စတင်လုပ်ဆောင်နေပါပြီ။ ERM အဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံး Independent Sustainablity ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ SEAကို အဓိကလုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့သစ်အတွက် စီမံကိန်းရေးဆွဲရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးရာစိမံခန့်ခွဲမှု မှုဘောင်ကတစ်ဆင့် အခြေခံ စံနှုန်းအဖြစ် ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်ပါတယ်" ဟု NYDC ၏ CEO ဦးသိမ်းဝေက ပြောပါသည်။
SEA ဆောင်ရွက်မည့်ကဏ္ဍများမှာ ဧရိယာငါးခုအတွင်း ပြန်လည်နေရာချထားမှု၊ စက်မှုဇုန်အသစ်တည်ဆောက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အသစ်ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်မှု၊ လူဦးရေ ၁,၂၀၀,၀၀၀ ခန့်အတွက် Green Space များ၊ လမ်းပန်းဆက်သွယ်ရေးအခြေခံ အဆောက်အအုံနှင့် လူမှုရေးဝန်ဆောင်များ ပံ့ပိုးမှု၊ စီးပွားရေးဇုန်အသစ်များ၊ လူနေထိုင်မှုဇုန်အသစ်များ၊ ဆက်စပ်နေသော မြို့နယ်များနှင့် ချိတ်ဆက်ပေးမည့် အခြေခံအဆောက်အအုံများဖြစ်ကြောင်း သိရပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties