By Kumudra, Shweproperty.com
Updated at 5 September 2017
ရန်ကုန်မြို့ ဧရိယာအတွင်း မြို့သစ်စီမံကိန်းခြောက်ခုကိုရေးဆွဲနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
ရန်ကုန်မြို့မှာတိုးတက်လာမယ့် လူဦးရေအတွက် ရွှေလင်ပန်းအရန်မြို့၊ ပန်းလှိုင်အရန်မြို့၊ တောင်ပိုင်းအရန်မြို့၊ သီလဝါအရန်မြို့၊ အရှေ့ဒဂုံအရန်မြို့နဲ့ ထောက်ကြန့်အရန်မြို့စတဲ့ အရန်မြို့ခြောက်မြို့ကိုအကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။
လက်ရှိ ရန်ကုန်မြို့ လူဦးရေတိုးပွားနှုန်းက ၁.၆၉ ရာခိုင်နှုန်းရှိပြီး နှစ်စဉ် ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာသူတွေကလည်း တိုးပွားလာပါတယ်။ တိုးလာမယ့်လူဦးရေအတွက် အရန်မြို့သစ်စီမံကိန်းကို မြို့ပြနယ် နိမိတ်အတွင်း မြို့ပြဖွံ့ဖြိုးမှုအားပေးတဲ့ စီမံကိန်းတွေကိုအကောင်အထည်ဖော်ဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့ပတ်ဝန်းကျင် အရန်မြို့သစ်ခြောက်ခုဖွံ့ဖြိုးရေးစီမံကိန်းအပြင် ရန်ကုန်တိုင်းတောင်ပိုင်း မြို့ပြဗဟိုဖွံ့ဖြိုးရေးစီမံကိန်း၊ အခြေခံအဆောက်အအုံအဆင့်မြှင့် တင်ရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း၊ အထူးစီးပွားရေးဇုန်နဲ့ စက်မှုဥယျာဉ်မြို့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုပါ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါ တယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းအစီရင်ခံစာအရ ရန်ကုန်တိုင်းမြို့ပြဖွံ့ဖြိုးရေးအတွက် ဦးစားပေးစီမံကိန်းအဖြစ် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ၁၁ ခု၊ ပို့ဆောင်ရေးစီမံကိန်း ၁၅ ခု၊ ရေပေးဝေရေးနဲ့ ရေဆိုးသန့်စင်ရေးစီမံကိန်းလေးခု၊လူမှုရေးအထောက်အကူပြုစီမံကိန်းလေးခုကိုလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစားပေးဆောင်ရွက်မယ့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေကတော့ အရှေ့ဒဂုံမြို့သစ်စီမံကိန်း၊ တွံတေးမြို့သစ်စီမံကိန်း၊ သန်လျင်မြို့သစ်စီမံ ကိန်း၊လှည်းကူးမြို့ သစ်စီမံကိန်းတွေနဲ့ အခြားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းတွေပါဝင်ပါတယ်။ အဲသည် အရန်မြို့သစ်နဲ့ မြို့ပြဧရိယာဖွံ့ဖြိုး ရေးဆိုင်ရာစီမံကိန်းတွေကိုရန်ကုန်မြို့ အပြင်အခြားပြည် နယ်နဲ့တိုင်းအသီးသီးမှာလည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရှိ မြို့တွေအနက်လူဦးရေ ငါးသောင်းကနေ တစ်သိန်းရှိ ဒုတိယမြို့တော်တွေဟာ ၂၀၁၄ ခုနှစ်မှာ ၂၅ မြို့ရှိရာက ၂၀၄၀ ပြည့်နှစ်မှာ ၄၃ မြို့အထိတိုး တက် ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ မြို့ ပြလူဦးရေနေထိုင်မှုနဲ့ မြို့ပြဖြစ်ထွန်းမှုပုံစံကိုထည့်သွင်းပြီး မြို့ပြစနစ်ကိုရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်နေထိုင်မှုအ ဆင့်အတန်းမြင့်မားစေဖို့ အခြေခံအဆောက်အအုံ ဖြည့်ဆည်းပေးနိုုင်ဖိုု့ မြို့ပြ စီမံကိန်းတွေကို Planned City Development ပုံစံရရှိအောင်ကြိုတင်စီမံဆောင် ရွက်လျက်ရှိကြောင်းသိရပါတယ်။
မြန်မာနိုင်ငံရဲ့အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမူဝါဒတွေကို အခြေခံလူဦးရေ ၅၀,ဝဝဝ အထက်ရှိ မြို့ ၆၈ မြို့၊ ၅၀,ဝဝဝ အောက် ၁၁ မြို့နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လိုအပ်ချက်အရ မြို့ပေါင်း ၁၇ မြို့ရဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ စက်မှုဇုန်စီမံကိန်းတွေကို ရေးဆွဲခဲ့ပြီး စုစုပေါင်း ၉၆ မြို့ရဲ့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေကိုရေးဆွဲခဲ့ ပြီးဖြစ်ကြောင်းသိရပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ မြို့ပြစီမံကိန်းတွေကို ရေးဆွဲတဲ့အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့က မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေကို လွှတ်တော်အဆင့်ဆင့်ကိုတင်ပြပြီး စီမံကိန်းပုံစံအတည်ပြုချက်နဲ့ ခွင့်ပြုချက်ရယူခြင်း၊ အစိုးရရဲ့ သဘောတူညီချက်နဲ့ စီမံကိန်းအဆင့်လိုက်အကောင်အထည်ဖော်ခြင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခြင်းစတဲ့ လုပ်ငန်းစဉ်တွေနဲ့ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties