By The Voice, Shweproperty.com
Updated at 5 January 2018
တိုင်းအစိုးရက လာမည့်နှစ်တွင် စတင်မည်ဟုဆိုသော ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းပြုလုပ်မည့် တွံတေး မြို့နယ် မြေဈေးသည် နှစ်ဆတက်ပြီး အဝယ်လိုက်လာကြောင်း အဆိုပါမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
အဆိုပါစီမံကိန်း ဆောင်ရွက်ရာတွင် သိမ်းယူမည့် မြေများအတွက် မြေယာ လျော်ကြေးအဖြစ် မြို့မြေ ၂၀ ရာခိုင်နှုန်း ပေးမည်ဆိုသော သတင်းများကြောင့် ယခုကဲ့သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း အကျိုးဆောင်များထံမှ ဆက်လက် သိရသည်။
ရန်ကုန်မြိုသစ် စီမံကိန်းကို လက်ရှိ အစိုးရအနေနှင့် ယခုနှစ်ကုန်တွင် ဆောင်ရွက်မည်ဖြစ်သောကြောင့် တွံတေးမြို့နယ်ရှိ မြေကွက်များကို စီးပွားရေး လုပ်ငန်းရှင်များက ဝယ်ယူစုံစမ်းမှုများ ရှိလာကြောင်း တွံတေးမြို့နယ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ စုံစမ်းသိရသည်။
“အရင်က မြို့သစ်စီမံကိန်းလုပ်ဖို့ မသေချာတော့ ရွာထဲက ပေ ၄၀၊ ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်းတစ်ရာလောက်ပဲရှိတယ်။ အခုလက်ရှိ တစ်ကွက်ကို သိန်း ၃၀ဝ လောက်အထိ ဈေးမြင့်တက်လာတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ လမ်းမကြီးဘက်က မြေတွေကို ဝယ်ယူလာကြတယ်”ဟု တွံတေးမြို့နယ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ကိုဝင်းသိန်းက ဆိုသည်။
တွံတေးမြို့နယ် ကျေးရွာအတွင်းရှိ ပေ ၄၀၊ ပေ ၆၀ မြေကွက် တစ်ကွက်လျှင် ယခင်က ကျပ်သိန်း ၁၀ဝ ခန့် ပေါက်ဈေးရှိပြီး ယခုလက်ရှိ ကျပ်သိန်း ၃၀ဝ ခန့် မြင့်တက်လာကြောင်း၊ တွံတေးလမ်းမကြီးဘေးရှိ ပေ ၄၀၊ ပေ ၆၀ မြေ တစ်ကွက်လျှင် ယခင်က သိန်း ၃၀ဝ ခန့်ရှိရာမှ ယခုလက်ရှိ ကျပ်သိန်း ၅၀ဝ မှ ၆၀ဝ အထိ မြင့်တက်လာကြောင်း တွံ့တေးမြို့နယ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
ယခုလက်ရှိ မြေဧက အများစုကို လယ်သမားများနှင့် ပြင်ပမှ သူဌေးများက ပိုင်ဆိုင်ထားပြီး ယင်းလယ်မြေများတွင် အချို့မှာ စပါးများ စိုက်ပျိုးထားခြင်း၊ နေအိမ်များ ဆောက်ထားခြင်း၊ ငါးကန်များ တူးထားခြင်းစသည်တို့ ပြုလုပ်ထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အနောက်တောင် မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်နှင့် တွံတေးမြိုနယ်တို့ရှိ လယ်မြေဧက သုံးသောင်းခန့်တွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
Ref & Photo Credit : The voice
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties