By Myanmar Builders Guide, Shweproperty.com
Updated at 21 October 2019
#Unicode
အသစ်ရေးဆွဲနေသည့် တိုက်ခန်းအိမ်ရာဥပဒေအရ ရန်ကုန်မြို့ရှိတိုက်ခန်းများ ဝယ်ယူနေထိုင်သူများသည် အာမခံချက်ရှိရှိဖြင့် တရားဝင်ပိုင်ဆိုင်မှုရရှိစေမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါတိုက်ခန်းအိမ်ရာ ဥပဒေကြမ်းအား ဂျပန်ကျွမ်းကျင်ပညာရှင်များ ဖြင့်ရေးဆွဲထားပြီး ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာလ ၁ဝ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ပုလဲခန်းမ၌ ပြုလုပ်ခဲ့ပြီး အိုးအိမ်မှတာဝန်ရှိသူဦးဆောင်၍ ရှင်းလင်းပြသခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဦးသိန်းမြင့်ကပြောသည်။
''အကြမ်းဖျင်းပြောနိုင်တာကတော့ တရားဝင်တိုက်ခန်းပိုင်ဆိုင်မှုရမယ်။ အစိုးရက အခွန်ရမယ်။ ဒီဥပဒေက ဂျပန်က ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွဲထားတာ။ တခြားဥပဒေမူကြမ်းရေးဆွဲတာတွေနဲ့မတူဘူး။ Law Firm တခုကိုငှားပြီးတော့ ဆွဲထားတာ။ ပိုကောင်းမယ်လို့ မြင်ပါတယ်။ ဒီဥပဒေထွက်လာရင် အာမခံချက်ရှိမယ်။ အရင် ထက်ပိုကောင်းလာမယ်။ နောင်ဆိုရင် ဒီအခန်းကိုရောင်းမယ်ဆိုရင် မြေရှင်က လက်မှတ်ထိုးပြီးတော့ ပိုက်ဆံယူစရာ မလိုတော့ဘူး။ အရင်တုန်းက အခန်းရောင်းမယ်ဆိုရင် မြေရှင်ကိုလက်မှတ်ထိုးခိုင်းတာ၊ ဝယ်တဲ့သူကလည်း မြေရှင်လက်မှတ်ထိုးမှအတည်ဖြစ်တာတို့ရှိတယ်။ ဒီဥပဒေအရကတော့ အဲဒါမျိုးတွေဖြစ်လာမှာ မဟုတ်တော့ဘူး''ဟု ၎င်းက ပြောသည်။
လက်ရှိအခြေအနေအရ မြေပိုင်ရှင်အတွက် ပိုင်ဆိုင်မှုအာမခံချက်ရှိနေသော်လည်း တိုက်ခန်းဝယ်ယူ နေထိုင်သူများအတွက် ပိုင်ဆိုင်မှုအာမခံချက်မရှိသေးသည့် အခြေအနေဖြစ်နေသည်။သို့သော်လည်း လက်ရှိရေးဆွဲနေသော တိုက်ခန်းအိမ်ရာ ဥပဒေမှာ တိုက်ခန်းဝယ်ယူသူများအတွက် အာမခံချက်များရရှိစေရေးအတွက် ရေးဆွဲနေခြင်းဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ပြောသည်။
''တိုက်ခန်းဝယ်တဲ့သူတွေက သူပိုင်ဆိုင်တယ်ဆိုတဲ့ Ownership ရအောင်၊ တိုက်ခန်းကိုအခြေပစ္စည်းအဖြစ်နဲ့ ရင်းနှီး စားလို့ရတယ်ဆိုတာမျိုးဖြစ်အောင်လို့ ရေးဆွဲနေတာ။ အဲလိုမျိုးဥပဒေပြဋ္ဌာန်းပြီးလို့ရှိရင် ဘဏ်တွေမှာတိုက်ခန်းကိုပေါင်နှံလို့ရမယ်။ နောက်တခါက မြေပိုင်ရှင်က မြေပိုင်တယ်ဆိုပေမဲ့ ကိုယ်ဝယ်ထားတဲ့အခန်းက ကိုယ်ပိုင်တယ်လို့မထင်ရဘူး။ အဲဒါကို ပိုင်ဆိုင်မှုတခုရတယ်ဆိုတာဖြစ်အောင် ဥပဒေကြမ်းရေးဆွဲတာ။ ဥပဒေတရပ်အနေနဲ့ ပြဋ္ဌာန်းပြီးတော့ ပိုင်ဆိုင်မှုတခုကို ဖြစ်စေချင်လို့ ဥပဒေရေးဆွဲနေတာပါ''ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၏ ကွန်ဒိုဥပဒေတွင် အကျုံးဝင်သည့် တိုက်ခန်း ၆ဝဝဝ နှင့် ၁ဝဝဝဝ ကြားသာရှိနေပြီး ကွန်ဒိုဥပဒေဖြင့် အကျုံးမဝင်သည့်တိုက်ခန်း ၃ သိန်းကျော်ရှိနေကြောင်း သိရသည်။ကွန်ဒိုဥပဒေတွင် မြေဧရိယာ ၂ဝဝဝဝ sf အထက်နှင့် ၆ ထပ်အထက် ဖြစ်ရမည်၊ မြေအမည်ပေါက်အားလုံး လွှဲပြောင်းရမည်ဟု ကန့်သတ်ထားပြီး ယင်းဥပဒေတွင် အကျုံးမဝင်သည့်တိုက်ခန်းအားလုံးသည် တိုက်ခန်းအိမ်ရာဥပဒေတွင် အကျုံးဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။
''ဒီဥပဒေမှာကျတော့ မူလကွန်ဒိုမှာ မပါတာတွေ အကုန်လုံးအကျုံးဝင်သွားမှာပေါ့။ ဒါက အားသာချက်ပေါ့။ ပိုင်ဆိုင်မှုဆိုတာက နဂိုကအပျောက်နဲ့ အရောင်းအဝယ်လုပ်ကြတဲ့အခါမှာဒီတိုက်ခန်းတွေက စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်လို့မရဘူး။ အရပ်စာချုပ်လို့ ခေါ်တာပေါ့။ အရပ်စာချုပ်နဲ့ပဲချုပ်ပြီး ဝယ်နေကြတာ။ အခု ဒီဥပဒေပေါ်လာရင် စာချုပ်စာတမ်းများ မှတ်ပုံတင်လို့ရမယ်။ အဲဒီအခါကျရင် ပိုင်ဆိုင်မှု သေချာသွားမယ်။ နောက်တခုက ပေါင်လို့ရမယ်။ တရားဝင်လွှဲပြောင်းလို့ရ မယ်''ဟု ဦးမျိုးမြင့်ကရှင်းပြသည်။
အဆိုပါတိုက်ခန်းအိမ်ရာ ဥပဒေမူကြမ်းအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှတဆင့်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး လာမည့်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့က တင်သွင်းမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
#Zawgyi
အသစ္ေရးဆြဲေနသည့္ တိုက္ခန္းအိမ္ရာဥပေဒအရ ရန္ကုန္ၿမိဳ့ရွိတိုက္ခန္းမ်ား ဝယ္ယူေနထိုင္သူမ်ားသည္ အာမခံခ်က္ရွိရွိျဖင့္ တရားဝင္ပိုင္ဆိုင္မွုရရွိေစမည္ျဖစ္ေၾကာင္း တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ စုံစမ္းသိရွိရသည္။
အဆိုပါတိုက္ခန္းအိမ္ရာ ဥပေဒၾကမ္းအား ဂ်ပန္ကၽြမ္းက်င္ပညာရွင္မ်ား ျဖင့္ေရးဆြဲထားၿပီး ဥပေဒမူၾကမ္းႏွင့္ စပ္လ်ဥ္း၍ ေတြ႕ဆုံေဆြးေႏြးပြဲကို ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁ဝ ရက္က ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္႐ုံး၊ ပုလဲခန္းမ၌ ျပဳလုပ္ခဲ့ၿပီး အိုးအိမ္မွတာဝန္ရွိသူဦးေဆာင္၍ ရွင္းလင္းျပသခဲ့ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီးလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီဥကၠ႒ဦးသိန္းျမင့္ကေျပာသည္။
''အၾကမ္းဖ်င္းေျပာနိုင္တာကေတာ့ တရားဝင္တိုက္ခန္းပိုင္ဆိုင္မွုရမယ္။ အစိုးရက အခြန္ရမယ္။ ဒီဥပေဒက ဂ်ပန္က ကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ဆြဲထားတာ။ တျခားဥပေဒမူၾကမ္းေရးဆြဲတာေတြနဲ႔မတူဘူး။ Law Firm တခုကိုငွားၿပီးေတာ့ ဆြဲထားတာ။ ပိုေကာင္းမယ္လို့ ျမင္ပါတယ္။ ဒီဥပေဒထြက္လာရင္ အာမခံခ်က္ရွိမယ္။ အရင္ ထက္ပိုေကာင္းလာမယ္။ ေနာင္ဆိုရင္ ဒီအခန္းကိုေရာင္းမယ္ဆိုရင္ ေျမရွင္က လက္မွတ္ထိုးၿပီးေတာ့ ပိုက္ဆံယူစရာ မလိုေတာ့ဘူး။ အရင္တုန္းက အခန္းေရာင္းမယ္ဆိုရင္ ေျမရွင္ကိုလက္မွတ္ထိုးခိုင္းတာ၊ ဝယ္တဲ့သူကလည္း ေျမရွင္လက္မွတ္ထိုးမွအတည္ျဖစ္တာတို့ရွိတယ္။ ဒီဥပေဒအရကေတာ့ အဲဒါမ်ိဳးေတြျဖစ္လာမွာ မဟုတ္ေတာ့ဘူး''ဟု ၎က ေျပာသည္။
လက္ရွိအေျခအေနအရ ေျမပိုင္ရွင္အတြက္ ပိုင္ဆိုင္မွုအာမခံခ်က္ရွိေနေသာ္လည္း တိုက္ခန္းဝယ္ယူ ေနထိုင္သူမ်ားအတြက္ ပိုင္ဆိုင္မွုအာမခံခ်က္မရွိေသးသည့္ အေျခအေနျဖစ္ေနသည္။သို့ေသာ္လည္း လက္ရွိေရးဆြဲေနေသာ တိုက္ခန္းအိမ္ရာ ဥပေဒမွာ တိုက္ခန္းဝယ္ယူသူမ်ားအတြက္ အာမခံခ်က္မ်ားရရွိေစေရးအတြက္ ေရးဆြဲေနျခင္းျဖစ္ေၾကာင္း ပန္းဘဲတန္းၿမိဳ့နယ္မဲဆႏၵနယ္အမွတ္(၁)လႊတ္ေတာ္ ကိုယ္စားလွယ္ဦးသန္းနိုင္ဦးက ေျပာသည္။
''တိုက္ခန္းဝယ္တဲ့သူေတြက သူပိုင္ဆိုင္တယ္ဆိုတဲ့ Ownership ရေအာင္၊ တိုက္ခန္းကိုအေျခပစၥည္းအျဖစ္နဲ႔ ရင္းႏွီး စားလို့ရတယ္ဆိုတာမ်ိဳးျဖစ္ေအာင္လို့ ေရးဆြဲေနတာ။ အဲလိုမ်ိဳးဥပေဒျပ႒ာန္းၿပီးလို့ရွိရင္ ဘဏ္ေတြမွာတိုက္ခန္းကိုေပါင္ႏွံလို့ရမယ္။ ေနာက္တခါက ေျမပိုင္ရွင္က ေျမပိုင္တယ္ဆိုေပမဲ့ ကိုယ္ဝယ္ထားတဲ့အခန္းက ကိုယ္ပိုင္တယ္လို့မထင္ရဘူး။ အဲဒါကို ပိုင္ဆိုင္မွုတခုရတယ္ဆိုတာျဖစ္ေအာင္ ဥပေဒၾကမ္းေရးဆြဲတာ။ ဥပေဒတရပ္အေနနဲ႔ ျပ႒ာန္းၿပီးေတာ့ ပိုင္ဆိုင္မွုတခုကို ျဖစ္ေစခ်င္လို့ ဥပေဒေရးဆြဲေနတာပါ''ဟု ၎က ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီး၏ ကြန္ဒိုဥပေဒတြင္ အက်ဳံးဝင္သည့္ တိုက္ခန္း ၆ဝဝဝ ႏွင့္ ၁ဝဝဝဝ ၾကားသာရွိေနၿပီး ကြန္ဒိုဥပေဒျဖင့္ အက်ဳံးမဝင္သည့္တိုက္ခန္း ၃ သိန္းေက်ာ္ရွိေနေၾကာင္း သိရသည္။ကြန္ဒိုဥပေဒတြင္ ေျမဧရိယာ ၂ဝဝဝဝ sf အထက္ႏွင့္ ၆ ထပ္အထက္ ျဖစ္ရမည္၊ ေျမအမည္ေပါက္အားလုံး လႊဲေျပာင္းရမည္ဟု ကန႔္သတ္ထားၿပီး ယင္းဥပေဒတြင္ အက်ဳံးမဝင္သည့္တိုက္ခန္းအားလုံးသည္ တိုက္ခန္းအိမ္ရာဥပေဒတြင္ အက်ဳံးဝင္မည္ျဖစ္ေၾကာင္း ျမန္မာနိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္း၊ အေထြေထြအတြင္းေရးမွူးခ်ဳပ္ ဦးမ်ိဳးျမင့္က ေျပာသည္။
''ဒီဥပေဒမွာက်ေတာ့ မူလကြန္ဒိုမွာ မပါတာေတြ အကုန္လုံးအက်ဳံးဝင္သြားမွာေပါ့။ ဒါက အားသာခ်က္ေပါ့။ ပိုင္ဆိုင္မွုဆိုတာက နဂိုကအေပ်ာက္နဲ႔ အေရာင္းအဝယ္လုပ္ၾကတဲ့အခါမွာဒီတိုက္ခန္းေတြက စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္လို့မရဘူး။ အရပ္စာခ်ဳပ္လို့ ေခၚတာေပါ့။ အရပ္စာခ်ဳပ္နဲ႔ပဲခ်ဳပ္ၿပီး ဝယ္ေနၾကတာ။ အခု ဒီဥပေဒေပၚလာရင္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္လို့ရမယ္။ အဲဒီအခါက်ရင္ ပိုင္ဆိုင္မွု ေသခ်ာသြားမယ္။ ေနာက္တခုက ေပါင္လို့ရမယ္။ တရားဝင္လႊဲေျပာင္းလို့ရ မယ္''ဟု ဦးမ်ိဳးျမင့္ကရွင္းျပသည္။
အဆိုပါတိုက္ခန္းအိမ္ရာ ဥပေဒမူၾကမ္းအား ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒မွတဆင့္၊ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕သို့ တင္ျပရမည္ျဖစ္ၿပီး လာမည့္တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ တိုင္းအစိုးရအဖြဲ႕က တင္သြင္းမည္ျဖစ္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေျပာသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties