By 7daydaily, Shweproperty.com
Updated at 22 February 2016
မြန်မာ-ကိုရီးယားချစ် ကြည်ရေးဒလတံတားစီမံကိန်းစ တင်ရန်စီစဉ်နေသော်လည်း ငွေ ကြေးရင်းနှီးမြှုပ်နှံလိုသူများကပေါ်ထွက်လာမည့် အစိုးရသစ်၏အခြေအနေကို စောင့်ကြည့်နေခြင်းကြောင့် ဒလမြို့နယ် အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အေးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှသတင်းရရှိသည်။
မြန်မာနိုင်ငံတွင် လေဆိပ်၊ တံတား၊ မြို့သစ် စသည့် စီမံကိန်း များပြုလုပ်မည်ဆိုပါက အနီးဝန်း ကျင်မှ အိမ်ခြံမြေများကို တရားမ ဝင်ငွေကြေးများဖြင့် ဝယ်ယူဈေး ကစားမှုများရှိနေကြောင်း အိမ်ခြံ မြေအကျိုးဆောင်အချို့က ပြော သည်။ အဆိုပါစီမံကိန်းများအနီး တစ်ဝိုက်ရှိ အိမ်ခြံမြေဈေးနှုန်း သည် သတင်းထွက်ပေါ်အပြီး ရက်ပိုင်းအတွင်းမှာပင် အဆပေါင်း များစွာ ဈေးမြင့်တက်လေ့ရှိသည်။
လက်ရှိအစိုးရလက်ထက် တွင် ဒလအိမ်ခြံမြေဈေးကွက် သည် တံတားစီမံကိန်း၊ ရေ အောက်ဥမင်စီမံကိန်း သတင်း များကြောင့် ၂၀၁၀ မတိုင်ခင်က အကျယ် ၂၅ ပေ × ပေ ၅၀ ရှိ မြေတစ်ကွက်လျှင် ယခင်ဈေး ကျပ် ၁၀ သိန်းခန့်မှ လက်ရှိတွင် ကျပ်သိန်း ၈၀၀ အထိ ဈေးမြင့် တက်လာခဲ့သည်။
‘‘တကယ်တံတားစတဲ့အချိန် မှာ ဈေးတွေက အရမ်းများနေပြီ။ နိုင်ငံရေးအခြေအနေကြောင့် ဝယ်မယ့် သူ အရမ်းနည်းလာတယ်’’ ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီပိုင်ရှင် ဦးသန်းဦးက ပြော သည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် ငွေကြေးခဝါချမှု အတွက် ခွင့်ပြုပေးသကဲ့သို့ဖြစ်နေ ပြီး တရားမဝင် ငွေကြေးများဖြင့် ဈေးကစားမှုကြောင့် ဈေးနှုန်းများ စွာ မြင့်တက်ခဲ့ရသည်။ စီမံကိန်း ကို အကြောင်းပြုပြီး တရားမဝင် ငွေကြေးများနှင့် ဈေးကစားမှုများ ကြောင့် အိမ်ခြံမြေဈေးနှုန်း များစွာ ဖောင်းပွခဲ့ရကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။‘‘တကယ်နေဖို့အတွက်က ဒီ ဈေးတွေနဲ့ ဝယ်ဖို့က အရမ်းကို ခက်တယ်။ နေထိုင်စရိတ်က အရမ်းများနေတော့ ဝယ်လိုအားလည်း လျော့ကျလာတယ်။ စီးပွားရေးကျပ်တဲ့သဘောပေါ့’’ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာ စိုးထွန်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံမှ အိမ်ခြံ မြေဈေးကွက်သည် နိုင်ငံခြားလုပ် ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ဝင် ရောက်မည့် အခြေအနေပေါ်တွင် မူတည်နေသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် တရုတ်နိုင်ငံမှ ပြည်ပသို့ ငွေလွှဲပို့မှုများ ကန့်သတ် လာခြင်း၊ ပြည်တွင်း၌လည်း ငွေ ကြေးခဝါချမှုများ စောင့်ကြည့်စစ် ဆေးမှုများရှိလာခြင်း၊ ဝင်ငွေရ လမ်းမဖော်ပြနိုင်ဘဲ ဝယ်ယူမှုများ အပေါ် အခွန်ငါးဆတိုးမြှင့်ခြင်းတို့ ကြောင့် အရောင်းအဝယ်သည် လက်ရှိတွင် အေးနေကြောင်း အ ကျိုးဆောင်အချို့က ပြောသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties