By Myanmar Times, Shweproperty.com
Updated at 20 November 2015
မြန်မာနိုင်ငံ၏ သမိုင်းဝင်အထွေထွေ ရွေးကောက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က အပြတ်အသတ် အနိုင်ရခဲ့ပြီး ဒီမို ကရေစီ အသွင်ကူးပြောင်းနေဆဲ မြန်မာနိုင်ငံ အတွက် အရပ်သား အစိုးရအဖွဲ့သစ်ကို ဦးဆောင်ဖွဲ့စည်းနိုင်တော့မည် ဖြစ်သည်။
လာမည့်မတ်လတွင် ပေါ်ထွက်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင် သည့် အစိုးရသစ်ကြောင့် စီးပွားရေးအခွင့် အလမ်းသစ်များနှင့် အတူ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှု များကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာမည်ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ခန့်မှန်း နေကြသည်။ "နိုင်ငံတကာအနေနဲ့က ဒါကိုစောင့်ကြည့် နေတာဖြစ်တယ်။ ရွေးကောက်ပွဲ ရလဒ်တွေ က ပိုပိုပြီးကောင်းလာတယ်။ အဲဒီအပေါ်မှာ အခြေတည်ပြီး ပြောင်းလဲမှုတွေ ဖြစ်လာမယ် လို့ မြင်တယ်။ အထူးသဖြင့် စီးပွားရေးပိတ်ဆို့ မှုတွေ လျော့လာမယ်လို့ မြင်တယ်။ စီးပွားရေး အခွင့်အလမ်းကောင်းတွေ များလာတာနဲ့ အမျှ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်။ ပေါ် လာတဲ့ အခွင့်အလမ်းကို ယူထားနိုင်ဖို့ အဓိက အရေးကြီးလာပါပြီ" ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
လက်ရှိအစိုးရလက်ထက်တွင် ဆောင်ရွက် ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးတိုးတက်မှု အနေအထားသည် လာမည့် အစိုးရသစ်လက်ထက်တွင် ပိုမိုအားကောင်းလာမည်ဟု စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်ကပြောသည်။ "အောင်ပွဲကလည်း ရာခိုင်နှုန်းအများ ကြီးနဲ့ဆိုတော့ ဒါတကယ့်ကို ပြောင်းလဲမှု ဖြစ်သွားလိမ့်မယ်လို့ ထင်တယ်။ နိုုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုလာမယ်လို့ ထင် တယ်။ နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေ လည်း ပိုကောင်းလာမှာပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေ ဆိုရင်လည်း အများကြီးဖြစ် လာနိုင်တယ်"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးကဏ္ဍတွင် ဂျပန်၊ တရုတ်နှင့် အခြားအာရှနိုင်ငံ များက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသော်လည်း အမေရိကန်နှင့် အခြားဥရောပနိုင်ငံများ၏ စီးပွားရေးအရ ဝင်ရောက်လုပ်ကိုင်မှု ကြီးကြီး မားမားမရှိသေးဘဲ၊ မြန်မာနိုင်ငံကို အမေ ရိကန်နိုင်ငံက စီးပွားရေးအရ အရေးယူ ပိတ်ပင်ထားဆဲဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင် သော အစိုးရသစ်တက်လာချိန်တွင် အမေ ရိကန်က စီးပွားရေးပိတ်ပင်မှု လျှော့ချနိုင် ခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအနေ အထား ပိုမိုကောင်းမွန် လာမည်ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များက ယုံကြည်နေကြသည်။ "ပြည်ပရင်းနှီးမြှုပ်နှံသူတွေက အခု အနိုင် ရတဲ့ပါတီကို ပိုပြီးထောက်ခံ အားပေးတဲ့ အနေ အထားရှိတော့ စီးပွားရေး ပိုပြီးကောင်းလာမယ်။ အမေရိကန်ကလည်း အရေးယူပိတ်ပင်မှုတွေ ရုပ်သိမ်းတာမျိုး၊ ရင်းနှီးမြှုပ်နှံမှု အား ပေးမယ့် အနေအထားမျိုးတွေ ရှိလာရင်တော့ စီးပွားအနေအထားက ပိုပြီးကောင်းလာမယ်လို့ မြင်တယ်"ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့စူပါပါဝါဖြစ် သော အမေရိကန်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခြင်းကိုသာမက အမေ ရိကန်နှင့် ကုန်သွယ်နိုင်မှု အခွင့် အလမ်းများ ကိုပါ မျှော်မှန်းနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံ ပေးဖြစ်သူ ဒေါက်တာမောင်အောင်က ပြော သည်။ "ကုန်သွယ်ရေးတင် မဟုတ်ဘူး။ တခြား ရင်းနှီးမြှုပ်နှံမှုဆိုလည်း တကယ့် လုပ်ငန်းအကြီးကြီးတွေ လုပ်ဖို့အတွက် ကမ္ဘာ့ဘဏ်တို့၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့အပေါ် အမေရိကန်ရဲ့ ဩဇာအာဏာက ရှိပြီးသားပဲလေ။ ခုကျွန်တော် တို့ လုပ်နေတဲ့ အများပြည်သူသယ်ယူ ပို့ဆောင်ရေး စီမံကိန်းတွေဆို ငွေကြေးရော နည်းပညာအကူအညီရော အများကြီး လိုတယ်။ နောက်ပိုင်းကျရင် ဆရာတို့နိုင်ငံ အတွက် ဒါတွေရလာမယ်လို့ မျှော်လင့်တယ်" ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲရလဒ်နှင့်အညီ အာဏာလွဲှပြောင်းရေး အစီအစဉ်ကို ချောမွေ့စွာဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတကာအထောက် အပံ့များ ပိုမိုရရှိလာမည်ဖြစ်ပြီး၊ အစိုးရသစ်က မြန်မာနိုင်ငံ၏ ပထဝီ အနေ အထားအရ အင်အားကြီး တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းသွား မည်ဆိုပါက စီးပွားရေး အခွင့် အလမ်းများ ပိုမိုခိုင်မာလာမည်ဟုလည်း မြန်မာ နိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောသည်။
"အမေရိကန် ကုန်သည်ကြီးများအသင်း၊ ဥရောပကုန်သည်ကြီးများအသင်း အကုန်လုံး နဲ့တော့ချိတ်ထားပြီးပြီ။ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြ တာပါ။ ရွေးကောက်ပွဲက ကောင်းလာမယ်ဆိုရင် သူတို့ကလည်း ဝင်လာဖို့ အဆင်သင့်ပါ"ဟု ၎င်းကပြောသည်။ အစိုးရသစ်သည် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုနှင့်အတူ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ အတွက်ပါ ချိန်ထိုး စဉ်းစားရမည်ဖြစ်ပြီး လက်ရှိအစိုးရ၏ ပြီးခဲ့သည့် ငါးနှစ်သက်တမ်းအတွင်း ရရှိခဲ့သည့် အဆိုး အကောင်း အချက် အလက်များကိုလည်း သင်ခန်းစာ ရယူနိုင်မည် ဟု ပညာရှင်များက ထောက်ပြထားသည်။
"နိုင်ငံရေး ဘောဂဗေဒဆိုတာရှိတယ်။ နိုင်ငံရေးတစ်ခုတည်းလည်း မဟုတ်ဘူး။ စီးပွားရေးတစ်ခုတည်းလည်း မဟုတ်ဘူး။ နိုင်ငံရေးအပေါ်မူ တည်ပြီး စီးပွားရေးတိုးတက်တာရှိသလို စီးပွားရေးအပေါ်မူတည် ပြီးလည်း နိုင်ငံရေး တိုးတက်လာတာရှိတယ်။ ဒါကြောင့် အခုအပြောင်းအလဲမှာ ဒါကို ချိန်ထိုးပြီး လုပ်ဖို့အခွင့်အလမ်းဖြစ်လာပြီလို့ ဆိုရမယ်"ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။
Ref : Myanmar Times
Photo Credit : World Press
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties