By အေဝိုင်အီး, Shweproperty.com
Updated at 30 November 2012
စင်ကာပူအခြေစိုက် Yoma Strategic olding အုပ်စုသည် ရန်ကုန်မြို့တွင် ကြယ်ငါးပွင့်ဟိုတယ်၊ ကြယ်လေးပွင့် ဟိုတိုတိုတယ်၊ ကြယ်ငါးပွင့် အဆင့်ရှိ အဆင့် မြင့်ကွန်ဒိုမီနီယံ၊ အထပ်မြင့်ရုံးခန်း အဆောက်အုံနှစ် နှင့် အဆင့်မြင့်တိုက်ခန်းများကို ဆောက်လုပ်ရေးအတွက် ဒေါ်လာသန်း ၃၅ဝ ခန့် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ၂၁-၁၁-၂ဝ၁၂ ရက်က သိရသည်။
အဆိုပါ အုပ်စုမှတည်ဆောက်မည့် စီမံကိန်းများအတွက် ရန်ကုန်မြို့ဗိုလ်ချုပ် အောင်ဆန်းလမ်းမရှိ ဂရင်းမီးရထား အဆောက်အအုံအတွင် ၁ဝ ဧကခန့့်် ကျယ်ဝန်းသော မြေနေရာပေါ်တွင်တည်ဆောက်ခွင့်ရထားပြီးဖြစ် ကြောင်း သိရသည်။ ယင်းတို့၏ စီမံကိန်း အစီ အစဉ်ထုတ်ပြန်ချက်များအရ အသုံးမပြုသည်မှာ ကြာပြီဖြစ်သော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဂဝကျောက် ဖြင့် တည်ဆောက်ထားသည့် ရုံးချုပ်အဆာက်အုံဟောင်းကို ကြယ်ငါးပွင့် အဆင့် ဟိုတယ်အဖြစ်ပြင်ဆင် မည်ဖြစ်ကာ အခြား မြေနေရာလွတ်များပေါ်တွင် အဆောက် အအုံစီမံကိန်းများတည်ဆောက်သွားမည် ဟု သိရသည်။
''ကြယ်ငါးပွင့်အဆင့် ဟိုတယ်၊ ရုံးခန်း၊ တိုက်ခန်းနဲ့ ကွန်ဒိုမီနီယံတွေက လိုအပ်ချက်တွေပါပဲ။ ဒီတိုင်းပြည်ထဲမှာ အရှိန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးလာရမှာ ဖြစ်သလို မြို့တွင်းမြေနေရာရရှိမှုကတော့ အကန့်အသတ်နဲ့ဖြစ်နေတယ်'' ဟု့ သာေ ၏ စီအီးအိုမစ္စတာ Anetre Rickards က ပြောကြားသည်။
''FMI ကုမ္ပဏီအနေနဲ့ ဒီစီမံကိန်းရဲ့ ၁ဝ ရာခိုင်နှုန်းပိုင်ဆိုင်မှာဖြစ်တယ်။ ကျွန် တော်တို့ရဲ့ ဝင်းထဲမှာဆောက်မယ့် ဒီစီ မံကိန်းက ရန်ကုန်မြို့ရဲ့ အထင်ကရသမိုင်း ဝင် အဆောက်အအုံဖြစ်လာစေမှာပါ'' ဟု အဆိုပါစီမံကိန်းတွင် ရှယ်ယာပါဝင်ထား သည့် FMI ၏ ဥက္ကဋ္ဌ ဦးသိန်းဝေ က ပြောကြားသည်။
၎င်းတို့ရရှိထားသော မြေနေရာမှာ နှစ် ၇၀ အငှားစာချုပ်ဖြင့် ဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်းဈေး၊ ဆာကူရာတာဝါ၊ ထရိတ်ဒါးနှင့် ဆူးလေစေတီစသည့် အထင်ကရနေရာများရှိနေသည့်အတွက် နေရာကောင်းဖြစ်ကြောင်းလည်း ယင်းက ဂုဏ်ယူပြောဆိုသည်။
Grade-A အဆင့်ရှိ ရုံးခန်းတာဝါ နှစ်ခုကိုလည်း စတုရန်းပေ ၁ ဒသမ ၁ သန်းအကျယ်တွင် တည်ဆောက်သွားမည် ဖြစ်ပြီး ကြည်ငါးပွင့် အဆင့်ရှိ ကွန်ဒိုမီနီယံကို လည်း မီးရထားဟိုတည်ဟောင်း၏ နောက်တွင် တည်ဆောက်သွားမည်ြဖစ် ကြောင်း သိရသည်။
Source : Pyi Myanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties