By Myanmar Builders Guide, Shweproperty.com
Updated at 28 June 2019
တစ်နိုင်ငံလုံးတွင် အိမ်ရာစီမံကိန်းအသစ်များတည်ဆောက်ခြင်းကို ယခုလာမည့်အောက်တိုဘာတွင် စတင်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အပါအဝင် အခြားအဖွဲ့အစည်းများမှ တစ်နိုင်ငံလုံးတွင် အလုံးအရင်းဖြင့် စတင်တည်ဆောက်နိုင်ရန် ယခု ဘဏ္ဍာနှစ်ဧပြီတွင် စတင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
ကျနော်တို့အဖွဲ့က ဦးဆောင်ပြီး organizer အနေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ် အခု ဧပြီဘတ်ဂျတ်နှစ်မှာ စတင်ဖို့ ခွင့်ပြုချက်တွေရထားပါပြီဟု မြန်မာနိင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးသာဌေးကပြောသည်။
အစိုးရတစ်ခုထဲမှ အိမ်ရာစီမံကိန်းများတည်ဆောက်ခြင်းထက် ပုဂ္ဂလိက အဖွဲ့အစည်းများဖြင့် ပူးပေါင်းတည်ဆောက်မည့် အိမ်ရာစီမံကိန်းများကို တပြိုင်နက်တည်း အလုံး အရင်းဖြင့်တည်ဆောက်နိုင်ရန် ရည်ရွယ်လာခြင်းဖြစ်သည်။
ကနဦးစီမံကိန်းအနေဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ရန်ကုန်မြို့သစ်စီမံကိန်းတွင် အိမ်ရာစီမံကိန်းများ တည်ဆောက်နိုင်ရန် ရန်ကုန်တိုင်းအစိုးရနှင့် ညှိုနှိုင်းမှုများပြုလုပ်ပြီးဖြစ်သည်။
ပြီးခဲ့သည့် အစိုးရလက်ထပ်ကတည်ဆောက်ခဲ့သည့် အိမ်ရာစီမံကိန်းများမှာ အစိုးရက သတ်မှတ်နှစ်အလိုက်တည်ဆောက်ရန် လျာထားခဲ့ရာ ပမာဏမှာ ပြည့်မှီခဲ့ခြင်း မရှိဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များကပြောသည်။
ဦးသိန်းစိန် အစိုးရလက်ထပ်က တစ်နိုင်ငံလုံးတွင် အခန်းပေါင်း ၃၆၀၀၀ ကျော်သာ ဖော်ထုတ်ပေးနိုင်ခဲ့သည်။ယခု အစိုးရသစ်လက်ထပ်တွင် ရန်ကုန်တစ်မြို့ထဲတွင်ပင် ၄ နှစ်အတွင်း အိမ်ရာ အခန်းပေါင်း ၈၀၀၀ ကျော် ဖော်ထုတ်ရန်ရည်ရွယ်ထားသည်။တစ်နိုင်ငံလုံးတွင်မူ ငါးနှစ်စီမံကိန်းအလိုက် အခန်းပေါင်း ၄ သိန်းကျော်ထုတ်လုပ်နိုင်ရန်လျာထားသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties