By Myanmar Times, Shweproperty.com
Updated at 8 February 2019
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ နှစ်စဉ်တိုးပွားလျက်ရှိပြီး ကျေးလက်ဒေသတွေကနေ မြို့ပြတွေဆီကို ရွှေ့ပြောင်းနေထိုင်ခြင်းတွေဟာ လည်း အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လျက်ရှိပါ တယ်။ ဒါကြောင့် မြို့သစ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လိုအပ်ချက်တွေကလည်း မြင့်မားလာပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ၊ မြို့သစ်ဧရိယာ အကောင်အထည်ဖော်မှုတွေကို လုပ်ကိုင်လျက်ရှိပါတယ်။
မန္တလေးမြို့နဲ့ ၁၅ မိုင်အကွာ၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေး-လားရှိုးလမ်းမကြီးဘေး ၂၁ မိုင်အနီးပတ်ဝန်းကျင်က မြေဧက ၁၀ဝဝဝ ခန့်ပေါ်မှာNew Mandalay Resort City လို့ခေါ်တဲ့ စက်မှုနဲ့ မြို့ပြဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခု အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်။
၎င်းစီမံကိန်းကတော့ တပ်မတော်အစိုးရလက်ထက် ၂၀ဝ၆ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့တဲ့ ရတနာပုံမြို့သစ်စီမံကိန်းကို အမည်ပြောင်းလဲအကောင်အထည်ဖော်တာ ဖြစ်ပါ တယ်။
အဲဒီစီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်တွင်းနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် အခွင့်အလမ်းသစ်တွေနဲ့ ပြည်တွင်းမှာ အလုပ်အကိုင်ကောင်းများစွာ ဖန်တီးပေး နိုင်မယ့်အပြင် စိမ်းလန်းပြီး ဖွံ့ဖြိုးမှုကို အခြေခံတဲ့ စမတ်စီးတီးကို အကောင်အထည်ဖော်နိုင်မယ့် မြို့ပြစီးပွားရေး တည်ဆောက်နိုင်ရန်ဖြစ် တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။
အဆိုပါစီမံကိန်းနဲ့ပတ်သက်တဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) ကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ခေါ်ယူခဲ့ပါတယ်။ လတ်တလော မှာNMRC စီမံကိန်းအတွက် အဓိကလုပ်ငန်းဆောင်ရွက်မယ့်သူတွေအဖြစ် မြန်မာဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၊ စင်ထရယ် ဧရာဝတီ ကုမ္ပဏီလီမိတက်၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့ ပါဝင်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရ ပါတယ်။
စီမံကိန်းကို အပိုင်း ၃ ပိုင်းခွဲ လုပ်ဆောင်သွားမှာဖြစ်ပြီး အပိုင်း ၁ နဲ့ အပိုင်း ၃ မှာ မြေဧက ၇çဝဝဝ ကျယ်ဝန်းတာကြောင့် ပြည်ထောင်စုအစိုးရအဆင့်က ဆောင်ရွက်မှာဖြစ်ပြီး မြေဧက ၃çဝဝဝ ရှိတဲ့ အပိုင်း ၂ ကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင် ရွက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရပါတယ်။
စီမံကိန်း အပိုင်း ၁ မှာ စက်မှုဇုန်၊ လူနေဇုန်၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပါဝင်မှာဖြစ်ပြီး အပိုင်း ၂ မှာတော့ လူနေထိုင်ရာမြေ၊ ဘက်စုံသုံး ဖွံ့ဖြိုးရေးဇုန်၊ အုပ်ချုပ်ရေးဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေးဇုန်၊ အခြေပြုဇုန်နဲ့ အသေးစားစက်မှုလက်မှုဇုန်တို့ ပါဝင် မှာဖြစ်ပါတယ်။
အပိုင်း ၃ မှာတော့ အဆင့်မြင့် လူနေ အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ၊ ဂေါက်ကွင်း၊ စိုက်ပျိုးရေးဇုန်တွေ ပါဝင်မှာဖြစ်ပါတယ်။ စီမံကိန်းကာလကိုတော့ ၂၀၁၉ ခုနှစ်ကနေ ၂၀၄၉ ခုနှစ်အထိ သတ်မှတ်ထားပြီး ပထမအဆင့် စီမံကိန်းကာလကို ရှစ်နှစ် သတ်မှတ်ထားပါတယ်။
စီမံကိန်းကို စနစ်တကျ အကောင်အထည် ဖော်နိုင်ဖို့အတွက် စိတ်ဝင်စားမှု လျှောက်လွှာတင်ထားပြီး ရွေးချယ်ခံရတဲ့ ကုမ္ပဏီသုံးဖွဲ့ကိုပူးပေါင်းစေပြီး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု လုပ်ငန်း ဆောင်ရွက်ခြင်းကိုတော့Surbana Jurong နိုင်ငံတကာ အကြံပေးကုမ္ပဏီကို လုပ်ငန်းအပ်နှံထားပါတယ်။
အဆိုပါကုမ္ပဏီအနေနဲ့ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ i-land စက်မှုဥယျာဉ်၊ ရန်ကုန်မြို့မှာရှိတဲ့ Polo Club Residences? ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ဧရာဝဏ်ရတနာ အထပ်မြင့်စီမံကိန်းYangon Aquarium အပြင် ရွှေတောင်ကြား အဆင့်မြင့်အိမ်ရာတွေမှာ အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်ထားပါတယ်။
ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုလုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်ကြပ်မတ်ပြီးSurbana Jurong နဲ့ စီမံကိန်းအကောင်အထည်ဖော်မယ့် အဖွဲ့သုံးဖွဲ့တို့နဲ့ အတူ ခုနစ်လခန့်အချိန်ယူပြီး ပူးပေါင်းညှိနှိုင်းခဲ့တယ်လို့ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးစီမံကိန်း (MSDP) မှာ နိုင်ငံတော်အဆင့် ဆောင်ရွက်မယ့် စီမံကိန်းထဲမှာ အဆိုပါ New Mandalay Resort City စီမံကိန်းပါဝင်ကြောင်း၊ ဒါကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ ကဏ္ဍအလိုက် နယ်မြေဖွံ့ဖြိုးရေးအတွက် လမ်းတွေ၊ ရေပေးဝေရေး၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး စတာတွေကို ချိတ်ဆက်ပံ့ပိုးပေးနိုင်တဲ့ မူဝါဒလုပ်ငန်းစဉ်တွေ ချမှတ်ပေးဖို့လိုအပ်တယ်လို့လည်း ဦးဟန်ဇော်က ပြောပါတယ်။
"အလားအလာရှိတဲ့ ကုမ္ပဏီသုံးခုထဲက တစ်ခုကို ပြန်ရွေးမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို တစ်ယောက်က ဦးဆောင်ပြီးတော့ ကျန်တဲ့ နှစ်ယောက်က ပေါင်းပြီးလုပ်တဲ့ ပုံစံမျိုးနဲ့လုပ်လို့တော့ ပြောထားပါတယ်။ ဆက်ပြီးလုပ်မှာကတော့ ဒီလထဲမှာ နောက်ဆုံးအဆင့် စီမံကိန်းအကောင်အထည်ဖော်မယ့် ကုမ္ပဏီ ကို ရွေးချယ်ပြီး စာချုပ်အတွက် ညှိနှိုင်းဆွေးနွေးမယ်။ ပြီးရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြမယ်။ လာမယ့် ဧပြီလလောက်ကို လုပ်ငန်း စတင်နိုင်အောင် ဆောင် ရွက်နေပါတယ်"လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမ·း ဒေါ်မိုးသီတာက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီးဟာ ဧရိယာအားဖြင့် ၃၇ç၉၄၅ စတုရန်းကီလိုမီတာရှိပြီး လူဦးရေ ၆ ဒသမ ၁ သန်းရှိပါတယ်။မန္တလေးတိုင်းဒေသကြီးလူဦးရေက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထဲမှာ တတိယမြောက် အများဆုံးဖြစ်ပါတယ်။
"စီမံကိန်းဆောင်ရွက်မယ့် မြေနေရာက ပထမဦးဆုံးICT Park လုပ်မယ်ဆိုပြီးတော့ စခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။ ဇီးပင်ကြီး သင်တန်းကျောင်းကနေ ၁၀ မိနစ်လောက်ပဲ မောင်းရပေမဲ့ တောင်ပေါ်ရောက်နေတဲ့အတွက် ရာသီဥတုကောင်းတယ်။ ဆိုးတာကတောင်ကမ်းပါးယံမှာရှိတဲ့အတွက် ရေမနေဘူး။ ရေက အောက်ကနေ တင်ပေးရတာ။ မြို့တစ်မြို့တည်တယ်ဆိုတာက လျှပ်စစ်မီးတို့၊ ဆက်သွယ်ရေးစနစ်တို့က သွယ်လိုက်လို့ရတယ်။ ရေရအောင်နဲ့ ရေဆိုးစွန့်ပစ်တာကို ဘယ်လိုလုပ်မလဲဆိုတာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ပြန်စဉ်းစားကြည့်ရမယ်"လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးရဲမြတ်သူက ပြောပါတယ်။တချို့နိုင်ငံကြီးတွေမှာတော့ ဒီလိုမျိုး စီမံကိန်းမြေနေရာတွေမှာ ဓာတ်ခွဲခန်းတွေ၊ သုတေသနတွေ၊ ဂြိုဟ်တုတွေနဲ့ ဒုံးပျံစခန်းတွေ ထားလေ့ရှိတယ်လို့ ဦးရဲမြတ်သူက ပြောပါတယ်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties