By Myanmar Builders Guide, Shweproperty.com
Updated at 16 July 2018
ရန်ကုန်မြို့သစ်စီမံကိန်း အတွက် လမ်းကြောင်းကွန်ရက် များနှင့်သယ်ယူပို့ဆောင်ရေးဆိုင် ရာ အခြေခံအဆောက်အအုံများ ၏ ကနဦးစီမံကိန်းကို တရုတ် CCCC ကုမ္ပဏီအကူအညီဖြင့် ပြင်ဆင်ရေးဆွဲနေကြောင်း Oxford Business Group (OBG) က ဇူလိုင် ၁၃ ရက်တွင်သတင်း ထုတ်ပြန်သည်။
OBG သည် ၂၀၁၉ အတွက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုများအကြောင်း အစီရင်ခံ စာထုတ်ပြန်ရန် ရန်ကုန်တိုင်းဝန် ကြီးချုပ်နှင့်တွေ့ ဆုံပြီးနောက် သတင်းထုတ်ပြန် ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်မြို့သစ်စီမံကိန်းကို ပထမ အဆင့် သုံးနှစ်နှင့် ဒုတိယအဆင့် ငါးနှစ်အတွင်း အသီးသီးဆောင် ရွက်မည်ဟု ဆိုထားကြောင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
‘‘စီမံကိန်းကြီးကို အောင် အောင်မြင်မြင်နဲ့ ပြီးဆုံးအောင် လုပ်ဆောင်နိုင်ဖို့ အကုန်လုံးပါဝင် ကူညီဖို့လိုအပ်တဲ့အပြင် ပြည် တွင်းက လုပ်ငန်းရှင်တွေအနေနဲ့ လည်း နိုင်ငံတကာကကော်ပိုရေး ရှင်းလုပ်ငန်းကြီးတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါ တယ်’’ ဟု ဦးဖြိုးမင်းသိန်းကပြော သည်။
ရန်ကုန်မြို့သစ် တည် ဆောက်ရေး တာဝန်ခံထားသည့် ရန်ကုန်တိုင်းအစိုးရပိုင် ကုမ္ပဏီ NYDC အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ရန်ကုန်မြို့သစ်၏ ၁ဝ ရာခိုင်နှုန်းရှိသည့် ဧရိယာအ ပိုင်း(၁)ကို အဓိကထားဖော် ဆောင်မည်ဟု ၎င်း၏အပတ်စဉ် ဆွေးနွေးခန်းတွင် ပြောကြားထား သည်။
‘‘စက်မှုဇုန်ဧရိယာကို ဦးစား ပေးတည်ဆောက်သွားမှာဖြစ်ပါ တယ်။ ဒါကြောင့်မို့ စက်မှုဇုန်ဧရိ ယာမှာ လိုအပ်မယ့်မြို့ပြဖွံ့ဖြိုး ရေးလုပ်ငန်းတွေ တည်ဆောက် ရေးကို အလေးထားဆောင်ရွက် သွားမှာပါ။
မိုးမျှော်တိုက်တွေနဲ့ တန်ဖိုးမြင့်အိမ်တွေဟာ နောင်အ နာဂတ်မှာ ပေါ်ထွက်လာကောင်း ပေါ်ထွက်လာမှာဖြစ်ပေမယ့် အခု အချိန်မှာတော့ ဒါတွေကအဓိက တည်ဆောက်ရမယ့်အရာတွေ မဟုတ်ပါဘူး’’ ဟု ဦးသိမ်းဝေက ဆိုထားသည်။
ထို့အပြင် ရန်ကုန်မြို့သစ် တွင် လျှပ်စစ်မီး၊ သောက်သုံးရေ၊ ရေဆိုးသန့်စင်ရေး၊ လမ်းမများ၊ အများပြည်သူသုံး သယ်ယူပို့ ဆောင်ရေး၊ ကုန်ပစ္စည်းများသယ် ယူပို့ဆောင်ရေး၊ တံတားများနှင့် ရေလမ်းကြောင်း၊ ဆက်သွယ်ရေး ကွန်ရက်များနှင့်
ဆေးရုံ၊ကျောင်း၊ ပန်းခြံအစရှိသည်တို့ကို ဦးစားပေး တည်ဆောက်မည်ဟု ၎င်းက ဆို သည်။
ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ ရန်ကုန်မြို့သစ်စီမံကိန်း ကို ရန်ကုန်တိုင်းအစိုးရက မြေ ဧက ၂ဝ,ဝဝဝ ပေါ်တွင်အကောင် အထည်ဖော်ရန် စီစဉ်နေသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties