By Myanmar Builders Guide, Shweproperty.com
Updated at 16 September 2019
ရန်ကုန်မြို့သစ် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ(NYDC)သည် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေနေရာပြန်လည်ချထားဖို့ မြေကွက်များကို စက်တင်ဘာ ၁၀ ရက်မှ စတင်၍ ရွေးချယ် ဆောင်ရွက်နေကြောင်းသိရပါတယ်။
မြေနေရာ ပြန်လည်ချထားရာ၌ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် ပေ(၄၀×၆၀) မြေကွက်များ ပြန်လည်ချပေးမည်ဖြစ်ပြီး မြေကွက်ရွေးချယ်မှုကို မဲစနစ်ဖြင့် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
‘‘စီမံကိန်းမြေနေရာမှာ လူနေရပ်ကွက်တွေမပါဘူး။ မြေနေရာချထားမှုက လယ်မြေတွေကို ပြန်ချထားပေးတာပါ။ လယ်သမားတွေကတော့ အဆင်ပြေပါ တယ်’’ ဟု ကြည့်မြင်တိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးကျော်နန္ဒအောင်က ပြောကြားထားပါတယ်။
ရန်ကုန်မြို့သစ် စီမံကိန်း အပိုင်း(၁)ကို မြေဧက နှစ်သောင်းကျော်တွင် ဆောင်ရွက်မည်ဖြစ်ပြီး လယ်မြေများကို လျော်ကြေးအစား ၂၀ ရာခိုင်နှုန်းမြို့မြေ သတ်မှတ်၍ ပြန်ပေးမည်ဟု ရန်ကုန် တိုင်းအစိုးရက ကြေညာထားပါတယ်။
ထို့ပြင် NYDC က ကုမ္ပဏီတွင် တိုင်းအစိုးရက ရယူထားသည့် ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ ဝင် ရာထူးများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စက်တင်ဘာ ၄ ရက်တွင် လွှဲပြောင်းရယူခဲ့ပါတယ်။
ဥက္ကဋ္ဌနေရာတွင် ရန်ကုန် တိုင်းအစိုးရအဖွဲ့ဝန်ကြီး ဒေါ်နီလာကျော်ရယူထားပြီး ၎င်းနေရာ တွင် ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က လွှဲပြောင်း ယူခဲ့ပါတယ်။
NYDC ၏ ဒါရိုက်တာ အဖွဲ့ တိုင်းအစိုးရဝန်ကြီး ဦဟံထွန်းနေရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက လွှဲပြောင်းရယူခဲ့ပါတယ်။
NYDC ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ကို အဖွဲ့ဝင်ဒါရိုက်တာငါးဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌဖြစ်ပြီး ဦးသိမ်းဝေက ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်ပါတယ်။
ကျန်ဒါရိုက်တာအဖွဲ့ဝင် သုံးဦးမှာ တိုင်းဒေသကြီး စိုက်ပျိုးရေးဝန်ကြီး ဦးဟံထွန်း နှင့် လွတ်လပ်သော ဒါရိုက်တာ နှစ်ဦးအဖြစ် စင်ကာပူ ဝန်ကြီးဟောင်း George Yeo၊ ကုလသမဂ္ဂလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအရာရှိဟောင်း ဦးထွန်းမြတ်တို့ပဲဖြစ်ပါတယ်။
ရန်ကုန်မြို့သစ် ပထမအ ဆင့် အခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်းများဖြစ်သည့် လျှပ်စစ်ဓာတ်အားထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း၊ သဘာဝဓာတ်ငွေ့ထောက်ပံ့ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း၊ ဖိုက်ဘာဆက် သွယ်ရေးလုပ်ငန်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းနှင့် ကွန်ဗင်းရှင်းစင်တာတို့ တည်ဆောက် ရန် ၂၀၁၉ ဖေဖော်ဝါရီ ၁၁ ရက်တွင် တင်ဒါခေါ်ယူခဲ့ပါတယ်။
သက်ဆိုင်ရာ ကဏ္ဍအလိုက် EOI တင်သွင်းမှု ၇၇ ခုကို ကုမ္ပဏီ၊ အဖွဲ့အစည်း ၄၅ ခုထံမှ လက်ခံရရှိခြင်းဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties