By 7daydaily, Shweproperty.com
Updated at 29 March 2016
အစိုးရသစ်လက်ထက် တွင် မြို့သစ်ဖော်ထုတ်အကောင် အထည်ဖော်ခြင်းများကို အစိုးရ နှင့်သာ ဖက်စပ်ဆောင်ရွက်ရမည် ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မတ်လ ၂၁ ရက်တွင် အမိန့်ကြော်ငြာစာထုတ်ပြန်သည်။
မြို့သစ် ဖော်ထုတ်တည် ထောင်ခြင်းနှင့် မြို့ပြပြန်လည်ဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ သဘောထားမှတ်ချက်ရ ယူပြီး ပုဂ္ဂလိက သီးခြားရင်းနှီးမြှုပ် နှံမှုမပါရှိသော အစိုးရနှင့်သာဖက်စပ်လုပ်ကိုင်ရမည်ဟု အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်သော အ မိန့်ကြော်ငြာစာသည် ရန်ကုန်မြို့ သစ်စီမံကိန်းကို ပုဂ္ဂလိကလုပ်ငန်း ရှင်များအကောင်အထည်ဖော်ခွင့် ချထားပြီးနောက် တစ်လခန့်ကြာ မြင့်ချိန်မှ ထုတ်ပြန်ခြင်းဖြစ်သည်။ ရန်ကုန်မြို့သစ်အကောင်အထည် ဖော်မည့် စီမံကိန်းကို ဖေဖော်ဝါရီ လကုန်မှစ၍ ပုဂ္ဂလိကကုမ္ပဏီသုံးခုအား လုပ်ကိုင်ခွင့်ပြုခဲ့သည်။
‘‘ရန်ကုန်မြို့သစ်စီမံကိန်းက အစိုးရလုံးဝမပါဘူး။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကပဲ အဓိကအ ကောင်အထည်ဖော်လုပ်ဆောင် မှာပါ’’ ဟု ရန်ကုန်မြို့သစ် စီမံကိန်းတင်ဒါစိစစ်ရေး အဖွဲ့ခေါင်း ဆောင် တိုင်းဒေသကြီး သစ်တော နှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် Business Capital City၊ ရန်ကုန်အ နောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ နှင့် ရွှေပုပ္ပားအပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီတို့အား လုပ်ကိုင်ခွင့်ပြုထားသည်။
ရန်ကုန်မြို့သစ် စီမံကိန်း တွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ သုံးခုက ရန်ကုန်နှင့် လမ်းပန်း ဆက်သွယ်ရေး မြန်ဆန်စေရန် တံတားငါးစင်းနှင့် လူနေတိုက်ခန်း သုံးသောင်းကျော် ပါဝင်ပြီး စီမံ ကိန်း ရုပ်လုံးပေါ်ရန် ၁၀ နှစ်ခန့် အချိန်ယူတည်ဆောက်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ခန့်မှန်းထားသည်။
ယခုစီမံကိန်းအပြင် ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ်၊ ရန်ကုန် အရှေ့မြောက်ပိုင်းမြို့ သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတပင်နှင့် လှည်းကူးမြို့နယ်တို့တွင် မြို့သစ်စီမံကိန်းများတည် ဆောက်ရန် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ ကို လွှတ်တော်၌ အတည် ပြုခဲ့ပြီးဖြစ်သည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties