By Myanmar Times, Shweproperty.com
Updated at 22 October 2015
မန္တလေး အိမ်ခြံမြေ ဈေးကွက်မှာ လတ်တလော အရောင်းအဝယ်ငြိမ်သက်နေတယ်ဆိုပေမယ့် မြို့သစ်ဧရိယာအတွင်း ဝယ်ယူခြင်းဟာ အရှုံးမရှိနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း အတွေ့အကြုံ ရင့်ကျက်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
လက်ရှိမှာ ဖွံ့ဖြိုးနေတဲ့ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံတွေနဲ့ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလလောက်က လူနေဖွံ့ဖြိုးမှု နည်းပါးနေတဲ့ ဧရိယာတွေမှာပါ အခုအခါ လူနေသိပ်သည်းမှု များပြားလာခြင်းဟာ မြို့သစ်ဧရိယာ အိမ်ခြံမြေဈေးကွက်ရဲ့ အကောင်းဆုံး အားသာချက်တစ်ခု ဖြစ်နေပါတယ်။ ဒီလိုအနေအထားမှာ ဈေးနှုန်းအမြင့် တန်းမဟုတ်ဘဲ ကျပ်သိန်း ၁,၀၀၀ နဲ့ ၃,၀၀၀ ကြားတန်ဖိုးရှိတဲ့ အိမ်ခြံမြေအကွက် အကွင်းတွေမှာ ဝယ်ယူခြင်းဟာ ရေရှည် အတွက် အရှုံးမရှိနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ် ကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုး ဆောင်တွေက ပြော ပါတယ်။ အဲဒီလောက် တန်ဖိုးပမာဏကို သုံးစွဲရင် အခုအနေအထားအရ ဖွံ့ဖြိုးပြီးတဲ့ မြို့သစ်ဈေးကွက် တွေမှာပါ ဝယ်ယူဖို့ စဉ်းစားနိုင်မှာဖြစ်ပြီး ဈေးနှုန်း၊ လူဦးရေသိပ်သည်းမှုနဲ့ ဖွံ့ဖြိုးမှုအရချိန်ထိုးကြည့်ရင် ဈေးနှုန်းအကျဘက် ကို မသွားနိုင်ဘဲ အချိန်နဲ့အမျှ အတက် ဘက်ကို ဆက်သွားနိုင်ခြေရှိတယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ပါတယ်။ မြို့သစ်ဧရိယာလို့ဆိုရာမှာ မြောက်ဘက်မှာ အရှေ့အနောက်သွား သိပ္ပံလမ်း၊ အရှေ့ဘက်မှာ မန္တလေး-ပြင်ဦးလွင် သွားလမ်း၊ အနောက်ဘက်မှာ ၇၈ လမ်း (ရန်ကုန-် မန္တလေးလမ်း)၊ တောင်ဘက်မှာတော့ စက်မှုဇုန်ဧရိယာ အထိ တွေ့ကြရမှာဖြစ်ပါတယ်။ ဒီအနေအထားမှာ အဲဒီအဝန်း အဝိုင်းအတွင်း လူနေ ခပ်ကျဲကျဲဖြစ်နေတဲ့ ကြားကွက်လပ်တွေမှာ လူနေထိုင်မှု ပိုသိပ် သည်းလာခဲ့ရင် မြို့သစ် အိမ်ခြံမြေဈေးကွက် ဟာ ပိုမိုဖွံ့ဖြိုးလာဖွယ် ရှိနေပါတယ်။ လတ်တလောဈေးကွက်အနေ အထားအရ အရောင်းအဝယ်ပါးနေပေမယ့် ဖွံ့ဖြိုးပြီးတဲ့အပိုင်းတွေမှာ ဆိုဈေးနဲ့ အများကြီးခွာပြီး အလုပ်ဖြစ်ဖို့ ခက်ခဲကြောင်းလည်း သိရပါတယ်။
ကျပ်သိန်း သောင်းဂဏန်းဝန်းကျင် တန်ကြေးရှိတဲ့ မြို့သစ်ရဲ့ ၆၂ လမ်းပေါ်က အိမ်ခြံမြေဈေးကွက် လို နေရာတွေကတော့ လတ်တလောမှာ စိတ်ဝင်စားသူနည်းပါးပြီး အရောင်းအဝယ်ကလည်း မရှိသလောက်ဖြစ်ပါတယ်။ မြို့တွင်းဈေးကွက်ကလည်း အလားတူဖြစ်ပြီး လက်ရှိမှာတော့ဈေးနှုန်းအလတ်တန်းစားနဲ့ ကျပ်သိန်းရာဂဏန်း တန်ကြေးတွေသာ ကြိုကြား ကြိုကြား အလုပ်ဖြစ်ဖို့ မျှော်လင့်ချက်ရှိတယ်လို့ အကျိုးဆောင်တချို့က ဆိုပါတယ်။
Ref : Myanmar Times
Photo Credit : Myanmar TImes
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties