By The Trade Times, Shweproperty.com
Updated at 8 July 2015
မြို့သစ်စီမံကိန်းများ အကောင် အထည်ဖော်ရန် လုပ်ဆောင်နေ သည့် မြေအများစုမှာ မူလပိုင်ရှင်များ၊ လယ်သမားများထက် ဝယ်ရောင်း များ၏ လက်ဝယ်သို့ အများအပြား ရောက်ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များနှင့် ဝယ်ရောင်း ကြီးများထံမှ သတင်းရရှိသည်။
ရန်ကုန်မြို့ပတ်ဝန်းကျင်တွင် တိုးချဲ့ တည်ဆောက်မည့် မြို့သစ် စီမံကိန်းများအနက် ပထမအဆင့် ဦးစားပေး စီမံကိန်းအဖြစ် ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ် အကြား မြေဧက ၁,ဝဝဝ ကျော်တွင် အရှေ့မြောက်ပိုင်း အမည်သစ်ဖြင့် မြို့သစ်ဖော်ထုတ်လုပ်ကိုင်သွားမည့် မြေနေရာများ ဖြစ်သည်။
”ဈေးကွက်ထဲမှာတော့ လှုပ် လှုပ်ရှားရှား သိပ်မရှိသေးပါဘူး။ နေရာကောင်းက အကွက်တွေ၊ လယ် ကွက်တွေကလည်း ပိုင်ရှင်တွေ၊ လယ်သမားတွေ လက်ထဲမှာထက် အများစုက ဝယ်ရောင်းတွေလက် ထဲမှာ များတယ်။ လူကြိုက်များတာ ကတော့ အမှတ် (၂) လမ်းမကြီး ညာဘက်ခြမ်းက အကွက်တွေက တော့ ဈေးကွက်ရှိပါတယ်”ဟု အေး ရိပ်စံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ကိုဝင်းထိန်က ပြော သည်။
ယင်းစီမံကိန်း ဧရိယာတွင် ပါဝင် သည့် ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းမကြီးဘေး ဘယ်ညာ ရပ်ကွက် များ၊ လယ်ကွက်များ ပါဝင်ပြီး ယင်း ဧရိယာအတွင်း ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် စက်မှုဇုန် လေးခုနှင့် အနံ့အသက်ဇုန် တစ်ခု၊ ရပ်ကွက် အနည်းငယ်နှင့် ကျေးရွာများ၊ လယ် ကွက်များ တည်ရှိလျက်ရှိပြီး ဒီဇင်ဘာ အိမ်ရာစီမံကိန်းတစ်ခုလက်ရှိတွင် တည်ဆောက်ထားသော်လည်း လူနေထိုင်မှု နည်းပါးသည့် နေရာ တစ်ခုဖြစ်သည်။
လက်ရှိဈေးကွက်ပေါက်ဈေး အရ ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းမကြီးတစ်လျှောက်ရှိ လယ် မြေများမှာ တစ်ဧကလျှင် ကျပ်သိန်း ၇ဝဝ မှ ကျပ်သိန်း ၈ဝဝ ခန့်အထိ ခေါ်ဈေးရှိနေသလို ရပ်ကွက်များ ဖြစ်သည့် မစိုရပ်ကွက်များ၊ လေး ဒေါင့်ကန်ကျေးရွာ အတွင်းရှိ ရပ် ကွက်များနှင့် မြေကွက်များမှာလည်း ပေ ၄ဝ x ပေ ၆ဝ တစ်ကွက်လျှင် အနည်းဆုံး ကျပ်သိန်း ၁ဝဝ အထက် တွင် ခေါ်ဈေးရှိကာ လတ်တလော အနေဖြင့် အရောင်းအဝယ်ဖြစ်မှု မရှိ သလောက် နည်းပါးနေသော်လည်း အကွက်အကွင်းကောင်းသည့် နေရာ များရှိ မြေကွက်လယ်ကွက်များမှာ မူလပိုင်ရှင်များထက် ဝယ်ရောင်း ကြီးများမှ အများအပြားဝယ်ယူထား ပြီးသည့် အခြေအနေတွင် ရှိနေပြီး ယင်းတို့မှ ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
”အမှတ် (၂) လမ်းမပေါ်က လယ်ကွက်တွေဆို လေးဒေါင့်ကန်နဲ့ နီးရင် တစ်ဧကကို သိန်း ၁,ဝဝဝ လောက်အထိ ဈေးရှိတယ်။ မြေဈေး ကောင်းတုန်းက တရုတ်တွေလာ ဝယ်ထားကြတာများတော့ လယ် သမားလက်ထဲမှာထက် လယ်မြေ တွေက သူတို့ဝယ်ရောင်းတွေ လက် ထဲမှာ ရောက်တာများပြီး သူတို့က ပြန်မရောင်းထုတ်သေးဘူး။ အတွင်း ဘက်ကျတဲ့ အကွက်တွေကတော့ ဈေးနည်းပြီး လူသိပ်မကြိုက်ကြပါ ဘူး။ လယ်သမားတွေကလည်း မြေ ဈေးကောင်းတော့ ရောင်းပြီး တခြား အလုပ်ကို ပြောင်းလုပ်တာ များ တယ်”ဟု လေးဒေါင့်ကန်ကျေးရွာမှ အိမ်ခြံမြေအကျိုးဆောင် ဦးမင်းမင်း က ပြောသည်။
အရှေ့မြောက်ပိုင်းမြို့သစ် စီမံ ကန်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂ဝ၄ဝ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတွင် ပထမ ဦးစားပေး အဆင့်အနေဖြင့် လုပ်ကိုင်မည့် မြို့သစ်တစ်ခုဖြစ်ပြီး ယင်းမြေနေရာ များမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ လူနေထူထပ်မှု နည်းပါးခြင်း၊ သီလဝါနှင့် ဟံသာ ဝတီလေဆိပ်တို့အကြား ကုန်စည် ပို့ဆောင်နိုင်သည့် အချက်အခြာ နေရာတွင် တည်ရှိခြင်းနှင့် လဂွန်း ပြင် ရေပေးဝေရေး စီမံကိန်းများအရ လည်း ရေထောက်ပံ့နိုင်သည့် အခြေ အနေကြောင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပထမဦးစားပေး စီမံကိန်း အဖြစ် မြို့သစ်စီမံကိန်းခုနစ်ခုအနက် ရွေးချယ်ကာ လွှတ်တော်သို့တင်ပြခဲ့ ခြင်းဖြစ်သည်။
”ဒဂုံအရှေ့က မြေကွက်တွေ အခြေအနေကတော့ စီမံကိန်းတွေ တကယ်အကောင်အထည်ဖော်ဖြစ် မဖော်ဖြစ်အပေါ်မှာ မူတည်တယ်။ အခုတစ်လောကတော့ မြေဈေးတွေ အေးနေသေးတယ်”ဟု ဒဂုံရွှေပြည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်မွှေးမွှေးက ပြောသည်။
Ref : THe Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties