By 7daydaily, Shweproperty.com
Updated at 10 August 2015
ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါ ပဏာမဖွင့်ဖောက်စစ် ဆေးမည့်ရက်ကို လုပ်ငန်းရှင်များ ၏ တောင်းဆိုမှုကြောင့် ရွှေ့ဆိုင်း လိုက်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ သတင်းရရှိ သည်။
မူလက သြဂုတ် ၁၈ ရက် တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံး၌ တင်ဒါခေါ်ယူရေးလုပ်ငန်း ကော်မတီက ဖွင့်ဖောက်စစ်ဆေး မည်ဖြစ်သော်လည်း ပြင်ဆင်ချိန် ပိုမိုရရှိစေရန် သြဂုတ် ၂၂ ရက်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းအ တွက် အဆိုပြုလွှာ လျှောက်ထား ရန် ဇူလိုင် ၁၂ ရက်က နိုင်ငံပိုင် သတင်းစာ၌ ကြေညာခဲ့ပြီး တစ် လနှင့် ကိုးရက်အကြာတွင် ပဏာ မတင်ဒါများ ဖွင့်ဖောက်စစ်ဆေး ခြင်းကို လုပ်ဆောင်မည် ဖြစ် သည်။
တင်ဒါတင်သွင်းလိုသူ လုပ် ငန်းရှင်များကမူ ရင်းနှီးမြှုပ်နှံမှုများ သည် ယခုစီမံကိန်းအတွက် တင် ဒါပြင်ဆင်ချိန်သည် တစ်လကျော် သာရသဖြင့် အချိန်လွန်စွာနည်း နေသည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုတင်ဒါသည် ရင်းနှီးမြုပ် နှံမှုပမာဏများ၍ ပြည်တွင်းမှ ထိပ်သီးကုမ္ပဏီများသာဦးဆောင် ပါဝင်လာနိုင်ပြီး လုပ်ကိုင်နိုင် သော အရည်အချင်း ရှိမည်ဟု မရမ်းကုန်းမြို့နယ်မှ CBD စီမံ ကိန်းတင်ဒါတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့ဖူးသည့် လုပ်ငန်းရှင်က သုံး သပ်သည်။
‘‘ဖြစ်နိုင်ရင် အမြန်ဆုံးဖြစ် စေချင်တယ်။ ကျွန်တော်တို့ဒေသ က ရန်ကုန်ရဲ့ တစ်ဖက်ကမ်းမှာ ရှိပြီး ဒီနေ့ထိ မီးမရသေးတဲ့ရွာ တွေ၊ လမ်းမရှိသေးတဲ့ ရွာတွေအ များကြီးရှိသေးတယ်’’ဟု ရန်ကုန် တစ်ဖက်ကမ်းဒေသ ဖွံ့ဖြိုးရေး ကော်မတီမှ ဦးမင်းစိုးက ပြော ကြားသည်။
မြို့သစ်စီမံကိန်း တင်ဒါကို ရွေးကောက်ပွဲ မတိုင်မီ အလောတကြီး လုပ်ဆောင်နေခြင်းသည် သံသယ ဖြစ်စရာ တစ်ခုဖြစ်၍ နိုင်ငံရေးသမားအချို့နှင့် အရပ် ဘက်အဖွဲ့အစည်းအချို့ကစောင့် ကြည့်လေ့လာမှုများပြုလုပ်မည် ဟုဆိုသည်။
တည်ထောင်မည့်ကုမ္ပဏီကို ပွင့်လင်းမြင်သာစွာ ရွေးချယ်မှု ဖြစ်စေရန် တင်ဒါခေါ်ယူခြင်းလုပ် ငန်းစဉ်များနှင့် ပဏာမဖွင့်ဖောက် မည့်နေရာတွင် အနီးကပ်စောင့် ကြည့်ရန် စီစဉ်ထားကြောင်း ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညို သင်းက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၄ သြဂုတ်ကတည်းက ရန် ကုန်မြို့တော်ဝန် ဦးလှမြင့်က စ တင်ကြေညာခဲ့ပြီး ထိုစဉ်က စီမံ ကိန်း တည်ဆောက်ရန် မြန်မာ့ စေတနာမြို့သစ် အများပိုင် လီမိ တက်အား ရွေးချယ်ခဲ့ရာ ပွင့်လင်း မြင်သာစွာ ရွေးချယ်ခဲ့ခြင်းမဟုတ် ဟု ဝေဖန်မှုများ ရှိလာခဲ့၍ စီမံ ကိန်း ရပ်တန့်ခဲ့ရသည်။
ယခု စီမံကိန်းတွင် တည် ထောင်လိုသူ ကုမ္ပဏီများသည် ကုမ္ပဏီဆိုင်ရာ အချက်အလက် များ၊ ရင်းနှီးမြှုပ်နှံမည့် ငွေကြေး အစီအစဉ်များ နည်းပညာ အကူ အညီရယူဆောင်ရွက်မည့် အစီ အစဉ်များ စီမံကိန်းအကောင်အ ထည်ဖော်မည့် အစီအစဉ်များ ပြည်သူများအတွက် လူမှုစီးပွား ဆိုင်ရာဆောင်ရွက်ပေးမည့် အစီ အစဉ်များကိုဖော်ပြပြီး တင်ဒါအာ မခံစပေါ်ငွေကျပ် ငါးဘီလီယံပေး သွင်းထားသည့် ချလန်မူရင်းများ ဖြင့် အဆိုပြုလျှောက်ထားရမည် ဟု တင်ဒါခေါ်ယူသည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။
ယခု စီမံကိန်းအပြင် မြေဧက သုံးသိန်းခန့်တွင် ရန်ကုန်အ နောက်တောင်ပိုင်း မြို့သစ်၊ ရန် ကုန်အရှေ့မြောက်ပိုင်းမြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတ ပင်နှင့် လှည်းကူးမြို့နယ်တို့တွင် မြို့သစ်စီမံကိန်းများအား မဟာ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူ ဟာ စီမံကိန်း (၂၀၄၀) ကို လွှတ် တော်၌ အတည်ပြုခဲ့ပြီး ဖြစ်သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties