By Myanmar Times, Shweproperty.com
Updated at 20 January 2016
မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာ လတ်တလောအနေအထားအရ အရောင်းအဝယ်ပိုင်းမှာ ထူးခြားတဲ့ ပြောင်းလဲမှုမျိုး မရှိသေးပေမယ့် အခြေကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာတွေမှာတော့ အရောင်းအဝယ်ဖြစ်တဲ့အခါ ဈေးကောင်းရနေဆဲဖြစ်ကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုးဆောင် တချို့ဆီက သိရပါတယ်။
အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်နဲ့ ဈေးနှုန်းပိုင်းမှာ ထူးထူးခြားခြား သွက်လက် မြင့်မားခဲ့တာမျိုးက ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကုန်လောက်မှာ လအတန်ကြာအောင် ဖြစ်ခဲ့ပြီး တဲ့နောက်မှာ ဈေးကွက်က ငြိမ်သက်နေခဲ့ပါတယ်။ အရောင်းအဝယ်မသွက်တာကြောင့် လူနေ သိပ်မရှိသေးတဲ့ မြို့အရှေ့စွန်းက မြို့ကွက်သစ်တွေမှာ တက်ဈေးနဲ့မိခဲ့တဲ့ မြေဝယ်သူ တချို့ဟာ နောက်ပိုင်းမှာ ထိုက်သင့်တဲ့ အတိုင်းအတာ တစ်ခုအထိ ဈေးလျှော့ခေါ်တာမျိုး ရှိပါတယ်။
ဒါပေမဲ့ အရင်ကတည်းက အခြေကျပြီး ဖြစ်တဲ့ မြို့သစ်ဧရိယာထဲမှာတော့ ဈေးနှုန်း တွေက အရင်ခေါ်ဈေးတွေနဲ့ ထူးထူး ခြားခြား ကွာဟခြင်းမရှိဘဲ လတ်တလော အရောင်းအဝယ် ဖြစ်ကြရင်လည်း ဈေး ကောင်းရကြကြောင်း သိရပါတယ်။ အထူးသဖြင့် မြို့သစ်ဧရိယာအတွင်းမှာ သိပ္ပံလမ်းမရဲ့ တောင်ဘက်ခြမ်း ဧရိယာ တစ်လျှောက် ၆၂ လမ်းနဲ့ မနီးမဝေးဖြစ်တဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းဧရိယာတွေဟာ ခေါ်ဈေးကောင်းသလို အရောင်းအဝယ် ဖြစ် ရင်လည်း ,ဈေးကောင်းရနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ ဧရိယာတွေထဲမှာ အဓိက လမ်းမကြီးတွေပေါ်တင် ပျမ်းမျှ ပေ ၄၀ x ပေ ၆၀ အကျယ် မြေကွက်ကို ကျပ်သိန်း ၅,၀၀၀ နဲ့ ၈, ၀၀၀ ကြား၊ လမ်းမကြီးတွေနဲ့ မနီးမဝေးဆိုရင် ကျပ်သိန်း ၄,၀၀၀ ပတ်ချာ လည်၊ အတွင်းပိုင်းကျရင် ကျပ်သိန်း ၃,၀၀၀ ဝန်းကျင် ပေါက်ဈေးတွေ ရှိနေပြီး လက်တွေ့ အရောင်းအဝယ်ဖြစ်တဲ့အခါ ခေါ်ဈေးနဲ့မကွာဟတဲ့ ဈေးနှုန်းကို ရကြကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။
လာမယ့် အစိုးရသစ်လက်ထက်မှာ အိမ်ခြံမြေဈေးကွက်ရဲ့ အလားအလာက ဘယ်လို အပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုတာ မှန်းဆဖို့ အချိန်စောနေပါသေးတယ်။ ဒါပေမဲ့ လတ်တလောတော့ အထက်က ပြောခဲ့တဲ့ မြို့သစ်ဧရိယာတွေထဲမှာ နေထိုင်ဖို့အတွက် ကျပ်သိန်း ၃,၅၀၀ ပတ်ချာလည် မြေကွက်တွေ အများဆုံး အရောင်းအဝယ်ဖြစ်နေပြီး လူဦးရေ သိပ် သည်းလာမှုနဲ့ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံတွေ ဆက်ဖွံ့ဖြိုးနေမှု ကြောင့် ဈေးနှုန်းအနေနဲ့ လက်ရှိပေါက် ဈေးတွေထက် အောက်ကိုရောက်ဖို့ မဖြစ်နိုင် ကြောင်း အတွေ့အကြုံရှိတဲ့ အကျိုးဆောင် အများစုက သုံးသပ်ကြပါတယ်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties