By 7Day Daily, Shweproperty.com
Updated at 22 August 2019
ရန်ကုန်မြို့သစ်၏အခြေ ခံအဆောက်အအုံစီမံကိန်းများ ဆောင်ရွက်ရန် ထိုင်းနှင့်အိန္ဒိယ နိုင်ငံ အခြေစိုက်ကုမ္ပဏီနှစ်ခုကို ရွေးချယ်ကြောင်း ရန်ကုန်မြို့ သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ(NYDC) က ထုတ်ပြန်သည်။
‘‘အကောင်းဆုံးနဲ့ အသင့် လျော်ဆုံးကုမ္ပဏီအဖြစ် ရွေးချယ် ခံရတဲ့ Power Supply and Distribution ကဏ္ဍအတွက် ထိုင်း အခြေစိုက် PTT Group ကို ရွေး ချယ်ခဲ့ပြီးတော့ Natural Gas Supply and Distribution ကဏ္ဍ အတွက် အိန္ဒိယနိုင်ငံအခြေစိုက် IGL Consortium ကို ရွေးချယ်ခဲ့ ပါတယ်’’ဟု ရွေးချယ်ခံရသည့် ကုမ္ပဏီနှစ်ခုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ဩဂုတ် ၂၀ ရက်ထုတ် ပြန်ချက်တစ်ရပ်တွင် NYDC စီအီးအို ဦးသိမ်းဝေက ပြောသည်။
အခြေခံအဆောက်အအုံစီမံ ကိန်းများအတွက် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI)တင်သွင်း သည့်ကုမ္ပဏီအဖွဲ့အစည်း ၄၅ ခုအနက် အကောင်းဆုံး၊ အသင့် လျော်ဆုံးအရည်အချင်းပြည့်မီ သည့်ကုမ္ပဏီကို မျှတပြီးပွင့်လင်း မြင်သာမှုရှိရှိ ရွေးချယ်ရန် စင်ကာ ပူနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန လက်အောက်ရှိ Monetary Authority of Singapore နှင့် Infrastructure Asia (IA)အဖွဲ့များဖြင့် ပူးပေါင်းဆောင် ရွက်ခဲ့သည်ဟု ၎င်းကဆက်လက် ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်း တစ်ခုလုံးကို ခြုံငုံကြည့်ရှုအကဲ ဖြတ်မှု(Holistic Assessment) များပါဝင်သည့် နည်းပညာအ တွေ့အကြုံ (Technical Experience)၊ နည်းပညာစွမ်းဆောင် ရည် (Technical Capacity)နှင့် ဘဏ္ဍာရေးအရခိုင်မာမှု (Financial Capacity)တို့ကို အခြေခံပြီး အဆင့်ဆင့် စိစစ်အမှတ်ပေး (Gated)စနစ်ဖြင့် ကုမ္ပဏီများကို အကဲဖြတ်ကြောင်း NYDC က ဆို သည်။
NYDC Challenge လုပ်ငန်း စဉ်စတင်ရန် ၂၀၁၉ ဖေဖော်ဝါရီ ဒုတိယပတ်ကတည်းက ရန်ကုန် မြို့သစ်ပထမအဆင့် အခြေခံအ ဆောက်အအုံစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ EOI ကို ခေါ်ယူခဲ့သည်။
အခြေခံအဆောက်အအုံ စီမံကိန်းကဏ္ဍများအရ Power Supply and Distribution, Natural Gas Supply and Distribution, Cyber Connectivity, Public Transport, Waste Management နှင့် Convention Center များအနက် ကုမ္ပဏီအဖွဲ့ အစည်းနှစ်ခုကို စတင်ရွေးချယ် ခဲ့သည်။
ရွေးချယ်ရန် ကျန်ရှိသည့် ကဏ္ဍများအနက် Cyber Connectivity Infrastructure ကဏ္ဍ အတွက် စိစစ်နေပြီး အောင်မြင် သည့်ကုမ္ပဏီကို ကြေညာမည်ဖြစ် ကြောင်း NYDC ထုတ်ပြန်ချက် တွင် ဖော်ပြသည်။
လုံခြုံပြီး နေချင်စဖွယ် ကောင်းသည့်မြို့တော်အဖြစ် ရန် ကုန်မြို့သစ်တည်ဆောက်ရန် မဟာဗျူဟာစီမံကိန်းပုံစံ Master Plan ကို ဇူလိုင် ၂၄ ရက်တွင် NYDC က ပထမဆုံးထုတ်ဖော်ပြ သခဲ့သည်။
ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ မြေဧက ၂၀,၀၀၀ ကျော်တွင် အ ကောင်အထည်ဖော်မည့် မြို့သစ် စီမံကိန်းသည် ကန်ဒေါ်လာငါး ဘီလီယံခန့်ကုန်ကျမည်ဟုNYDC က ခန့်မှန်းထားသည်။
Ref : 7Day Daily
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties