By ပြည်သိမ်း, Shweproperty.com
Updated at 23 May 2014
အခွန်နှုန်းထားသက်သာမှုကြောင့် တန်ဖိုးကြီးမြေကွက်များထက် ရန်ကုန်မြို့စွန်မြို့နယ်များမှ ပါမစ်မြေကွက်များက အရောင်းအဝယ်ပိုဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
“အခွန်နှုန်းထားသစ်က တန်ဖိုးနည်းမြေတွေ ၊ အိမ်တွေအတွက် အခွင့်အရေးပေးထားသလိုဖြစ်နေတော့ အရောင်းအဝယ်ရှိနေတာပါ “ ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဦးသန်းဦးက ပြောသည်။
လက်ရှိအိမ်ခြံမြေဈေးကွက်သည် ဒဂုံတောင် ၊ ဒဂုံအရှေ့ ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များမှ ပါမစ်မြေကွက်များသာ အရောင်းအဝယ်ရှိနေပြီး တန်ဖိုးမှာလည်း ကျပ်သိန်း ၅၀ မှ သိန်းတစ်ထောင်ကြားသာ အရောင်းအဝယ်ရှိသည်။
တန်ဖိုးကြီးမြေကွက်များမှာ အခွန်နှုန်းထားပြောင်းလဲ သော်လည်း တစ်ကြိမ်သာရောင်းဝယ်ခွင့်ပြုခြင်း ၊ တစ်ပေပတ်လည်စံနှုန်းများ ပြန်ပြောင်းသတ်မှတ်မည်ကို စောင့်နေခြင်း ၊ ပြည်ပမှရင်းနှီးမြှုပ်နံှမှု များအင်တိုက်အားတိုက် ဝင်ရောက်မှုများမရှိခြင်းတို့ကြောင့် အရောင်းအဝယ်မရှိသလောက် အေးနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
“ အိမ်ခြံမြေက အရောင်းရော ၊ အငှားရော အေးလာပြီး ၊ အရင်ကလို ဈေးကွက်တစ်ခုလုံးအငှားက ဦးမဆောင်နိုင်တော့ဘူး “ ဟု ကြယ်စင်လင်း အိမ်ခြံမြေ အကျိုးဆောင်ကုမ္ဗဏီမှ ဦးမင်းနိုင်ကပြော သည်။
မြန်မာနိုင်ငံမှ အိမ်ခြံမြေဈေးကွက်သည် ယခုနှစ်တွင် အရောင်းအဝယ် သိသိသာသာပြန်လည်အေးလာပြီး တန်ဖိုးကြီးမြေကွက်များမှာ အရောင်းအဝယ်မရှိသလောက် နည်းလာသည်။
အိမ်ခြံမြေရောင်းဝယ်ရာတွင် အခွန်နှုန်းထားမြင့်မားနေမှုကြောင့် အရောင်းအဝယ်အေးပြီး အခွန်ရှောင်မှုများရှိနေသည်ဟု အကျိုးဆောင်လုပ်ငန်းရှင်များက တင်ပြသဖြင့် အိမ်ခြံမြေရောင်းဝယ်အခွန်နှုန်းထားကို ဧပြီ ၁ ရက်မှ စတင်ပြင်ဆင်ပေးခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဦးမင်းထွဋ်ကပြောသည်။
အိမ်ခြံမြေရောင်းဝယ်မှုမှာ ၂၀၁၃-၁၄ ဘဏ္ဍာ နှစ်အတွက် အခွန်ငွေကျပ်သန်း ၁၀၀ ကျော်ရရှိခဲ့ကြောင်း ၎င်းကဆို သည်။ ပြည်တွင်းအိမ်ခြံမြေဈေးကွက် မှာ အရောင်းအဝယ် ပြန်ကောင်းလာသင့်သည့် အချိန်သို့ရောက်လာသော်လည်း အိမ်ခြံမြေဈေးမြင့်လာသဖြင့် အရောင်းအဝယ်ဈေးကစားရန် ခက်ခဲကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။
Ref : 7Days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties