By ဝေယံမိုးမြင့်, Shweproperty.com
Updated at 5 April 2012
ငပလီကမ်းခြေ ဟိုတယ်များတွင် ထပ်မံတိုးချဲ့ရန် မြေနေရာများ ကျန်ရှိနေသေးကြောင်း ငပလီဟိုတယ်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။“နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အသစ်တွေအတွက်တော့ ထပ်ချပေးစရာ မြေနေရာမရှိတော့ပေမယ့် ရထားပြီးသူတွေကတော့ ထပ်တိုးချဲ့ဖို့ မြေနေရာတွေ ကျန်နေသေးတယ်။ ခရီးသွားဧည့်တွေ အရမ်းများလာချိန်မှာ ဒါတွေကို လုပ်ငန်းရှင်တွေအနေနဲ့ ထပ်တိုးချဲ့သင့်နေပြီ” ဟု အထက်ပါလုပ်ငန်းရှင်က ပြောသည်။ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကမ်းခြေတွင် မြေနေရာများရထားပြီး တည်ဆောက်ခြင်း မပြုသေးသည့် နေရာများ ကျန်ရှိနေသေးကာ အဆိုပါ မြေကွက်လပ်များတွင် ဟိုတယ်များ အမြန်ဆုံး ဆောက်လုပ်ကြရန် ဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း၊ လက်ရှိလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ အနေဖြင့်လည်း အခန်းများထပ်မံ တိုးချဲ့ကြရန် လိုအပ်နေကြောင်း ၎င်းကပြောသည်။ ငပလီကမ်းခြေသည် နိုင်ငံခြားဧည့်သည် အများဆုံးလာရောက်သော ကမ်းခြေဖြစ်ပြီး ခရီးသွားဧည့်များ များပြားလာမည့် နောင်နှစ်များအတွက် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် အခန်းများထပ်မံ တိုးချဲ့ခြင်းကို ယခုနှစ် စတင်လုပ်ကိုင်သင့်နေပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။“အခုကိုပဲ ငပလီမှာ နေရာမရှိတော့ဘူး။ ခရီးသည်တွေအရမ်းကျပ်နေတယ်။ Home Stay အနေနဲ့ဆိုရင်လည်း အဆင်မပြေဘူး။ ဟိုတယ်တစ်ခုလို ဝန်ဆောင်မှုက မပြည့်ဘူး။ ပြီးတော့ မြန်မာအိမ်တွေမှာ နိုင်ငံခြားဧည့်နဲ့အတူထားလို့ရအောင် အဆင့်မမီသေးဘူး။ နေရာတွေကျပ်လို့ Home Stay လုပ်ကိုလုပ်မှ ရမယ်ဆိုရင် ဒေသခံတွေရဲ့ လူနေမှုကို အရင်မြှင့်တင်ရမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။လက်ရှိတွင် ငပလီကမ်းခြေ၌ ဟိုတယ် ၁၄ လုံးရှိပြီး တည်ဆောက်ဆဲ ဟိုတယ်များမှာ ၂၀၁၃ တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။ နေရာလွတ် ကျန်ရှိနေသေးသော ဟိုတယ်များမှာ အခန်းများထပ်မံတိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်ထံမှ သိရသည်။Source: Popular News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties