By အိဖြူမွန်, Shweproperty.com
Updated at 29 March 2012
ငပလီကမ်းခြေတစ်လျှောက် ဟိုတယ်ဇုန်များနှင့် ငါးမိုင်ဝန်းကျင် ခန့်ဝေးသော မော်ရုံကျေးရွာတစ် ဝိုက်တွင် လုပ်ငန်းရှင်များ မြေအလုအယက်ဝယ်ကြခြင်းကြောင့် တစ်လ၊ နှစ်လအတွင်းမြေတစ်ဧကလျှင် သိန်းရာချီ၍ ဈေးပေါက်နေကြောင်း ဒေသခံများက ပြောသည်။ထိုနေရာတွင် မည်သည့် စီမံကန်းလုပ်မည်ဟု သတင်းမထွက်သေးသော်လည်း ပြည်ပရင်းနှီး မြုပ်နှံသည့် လုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့ပေါ်ရှိ လုပ်ငန်းရှင်များ က နေရာအမျိုးအစားပေါ်မူတည် ၍ တစ်ဧကလျှင် သိန်း ၂ဝဝ မှ ၇ဝဝ ကျပ်အထိ ဈေးကြီးပေးဝယ် ယူနေကြောင်း ဒေသခံများက ပြော သည်။''ဟိုတယ် လုပ်မယ်လို့ ထင်တာပဲ။ ငပလီနဲ့တော့ တစ်နာရီ လောက်စီးရင်ရောက်တယ်။ ဘာ မှ တိတိကျကျတော့ မပြောဘူး။ ရွာက လူတွေကတော့ ရောင်းနေ ကြတာပဲ။ ကျွန်တော်တော့ စောင့် ဦးမယ်'' ဟု ငပလီကမ်းခြေတွင် ပေါက်သောဈေးနှုန်းကို မျှော်၍ နှစ်ဧက ပိုင်ဆိုင်သော ရွာခံခြံရှင် တစ်ဦးကပြောသည်။မြေဈေးအဝယ်လိုက် ၍ ဈေးကြီးနေသောကြောင့် သက်ဆိုင်ရာ မြေစာရင်းဌာနနှင့် ပူးပေါင်းပြီးအခွန်ဆောင်ထားသော မြေဧကထက်ပိုမိုစာရင်းပြ၍ ရွာပိုင် မြေရိုင်း ၊ မြေ လွတ်များကို အရောင်းအဝယ်ပြု နေကြောင်း ယင်းရောင်းဝယ်မှု တွင် ရပ်ရွာအုပ်ချုပ်ရေးမှူးက ၁ဝ နှင့် ၅ ရာခိုင်နှုန်းပေးရန် တောင်းခံကြောင်း ကျေးရွာဒေသ ခံအချို့က ပြောသည်။''ရွာပိုင် မြေလွတ်၊ မြေရိုင်း တွေကို အခွန်ထမ်းတာ မိမိပိုင် သုံးဧကဆိုပေမယ့် အနီးအနားကို ခုတ်ထွင်ရှင်းလင်းပြီး ရောင်းနေ ကြတယ်။ ရွာကဆောက်လုပ်တဲ့ သူတွေက တောတွေ၊ တောင်တွေ မရှိတော့ ဘာနဲ့စားမလဲ။ ဟင်းရွက်လည်း ရောင်း လို့မရ။ ထင်းလည်း ခွေလို့မရ။ ဒီတောင်ကို မလုပ်ရ ဘူးတားထားလို့ ကျန်နေတာ'' ဟု ရွာဦးဘုန်းကြီးကျောင်းမှ ဘုန်း တော်ကြီးက မိန့်ကြားသည်။ထိုကဲ့သို့ နိုင်ငံတော်တွင် အခွန်ဆောင်သော မြေဧကထက် မြေလွတ်၊ မြေရိုင်းများကို မိမိပိုင် မြေအဖြစ် ရောင်းချမှုများရှိသလို အမှန်တကယ် မိမိပိုင်ဆိုင်သော မြေကို ရောင်းချသူများလည်း ရှိ ကြောင်း ယင်းကျေးရွာအနီး နေ ထိုင်သူကိုတစ်ဦးက ပြောသည်။''အာဏာပိုင်တွေကလည်း ဒေသခံတွေ ပိုင်တဲ့ အမည်မပေါက် တဲ့ အုန်းခြံတွေကို တစ်ခြံကို ၃၅သိန်းလောက်ပေးပြီး သိမ်းလိုက်တယ်။ ပြီးရင်လာဝယ်တဲ့ နိုင်ခံခြား သားတွေကို တစ်ဧက သိန်း ၆ဝဝ- ၅ဝဝ နဲ့အမျိုးမျိုးရောင်းတယ်'' အ ထက်ပါ ကျေးရွာအနီး နေထိုင်သူ ကိုအောင်ကျော်မိုးက ပြောကြား သည်။မော်ရုံကျေးရွာအပြင် ကျေးရွာအနီး ပင်လယ်ကမ်းနားတွင် ရှိသော ကျောက်ကလပ်ကျေးရွာ အုပ်စုအနီးရှိ နေရာကောင်းသည့် နေရာများတွင် ယင်းဈေးနှုန်းဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။တစ်လ နှစ်လအတွင်း ယင်း ဒေသများတွင် အရောင်းအဝယ် ဖြစ်ခဲ့ခြင်း ဖြစ်သည် ။ ယခုလနောက်ဆုံး အပတ်တွင် ဂျပန်နိုင်ငံမှ Aisan Maternal Child Welfare Association နှင် AMMS International ကုမ္ပဏီ၊ ရုရှားနိုင်ငံ Russian Entrepreneurs Association မှ ပုဂ္ဂိုလ်များ ပင်လယ် ကမ်းခြေဒေသများတွင် ဟိုတယ် စီမံကိန်းများ ဆောက်လုပ်ရေး လုပ်ငန်းများ၌ ရင်းနှီးမြုပ်နှံရန် ဆွေးနွေးခဲ့ကြသည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties