By Myanmar Builders Guide, Shweproperty.com
Updated at 26 February 2019
လွန်ခဲ့သည့် လေးနှစ်ခန့်က စတင်ကာ ဝယ်ယူမှုများလာသဖြင့် သံတွဲမြို့ ငပလီကမ်းခြေ၌ အိမ်ခြံမြေ ဧကတစ်ဝက်လျှင် ကျပ်သိန်း ၁၀,၀၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မြို့ခံများက ပြောသည်။
‘‘ ငပလီမှာရှိတဲ့ အုန်းခြံတွေ ကို တရုတ်တွေ လွန်ခဲ့တဲ့ မိုးတွင်း ကာလကစပြီး ဝယ်လာတာ ဖြစ်ပါတယ်။ အဲဒီတုန်းက အုန်းခြံတစ်ကွက်ကို သိန်း ၂,၀၀၀၊ ၃,၀၀၀ ကနေ အခုဝယ်တဲ့ တရုတ်တွေ များလာတဲ့အတွက် ၀ ဒသမ ၅ ဧကကို ကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ဈေးပေါက်နေပါပြီ။ ရောင်းတဲ့သူတွေကလည်း ဈေးကမတော်မတန်ရနေတော့ ရောင်းကြတာပေါ့ ’’ဟု သံတွဲမြို့ခံ ဦးရဲနိုင်စိုးက ပြောသည်။
ယခုကဲ့သို့ အိမ်ခြံမြေဝယ်ယူ သူအများစုသည် ဟိုတယ်တည်ဆောက်မှု များပြားကြောင်း အိမ်ခြံမြေ ပွဲစားအချို့က ပြောသည်။
‘‘ သူတို့ကတော့ ဘာလုပ် မယ်ဆိုတာ မပြောကြပါဘူး။ ဈေးကို မြှင့်ပေးတယ်။ ရောင်းမယ်ဆိုရင် ဝယ်မယ်။ ကျွန်တော်တို့မှာလည်း ဒီလောက်ငွေ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတော့ဈေးကောင်းရတဲ့အချိန်မှာ ရောင်းကြတာပေါ့’’ ဟု အုန်းခြံပိုင်ရှင် ဦးကျော်စိုးက ပြောသည်။
ငပလီကမ်းခြေ၌ အုန်းခြံမြေများကို တရုတ်လူမျိုးများ မဝယ်မီက မြေတစ်ဧကလျှင် ကျပ်သုံးသိန်း၊ လေးသိန်းနှင့် ခြံဝင်းထဲရှိ အပင်အနေအထားအရ အမြင့်ဆုံးဈေးအဖြစ် ကျပ် ၁၀ သိန်းခန့်သာရရှိကြောင်း ခြံပိုင်ရှင်များက ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties