By The Kumudra, Shweproperty.com
Updated at 17 February 2016
ညဘက်အဆောက်အအုံဆောက်တဲ့ဆူညံသံကြောင့် ပတ်ဝန်းကျင်က တိုင်ကြားပါက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပိတ်သိမ်းတဲ့အထိ အရေးယူမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန အဆောက်အအုံက သိရပါတယ်။
စည်ပင်သာယာက အဆောက်အအုံဆောက်လုပ်ခွင့်ကို မနက် ၆:၀၀ နာရီက နေ ည ၆:၀၀ နာရီအထိ သတ်မှတ်ထားပါတယ်။ တံတားစီမံကိန်းတွေကိုတော့ ညဘက်တွေမှာပါ ခြွင်းချက်အနေနဲ့တည်ဆောက်ခွင့်ပြုထားပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန အဆောက်အအုံက တာဝန်ရှိသူတစ်ဦးက ‘ညဘက်မလုပ်ရဘူးဆိုပေမယ့် အသံမထွက်တာတွေ ပတ်ဝန်းကျင်ကို မထိခိုက်ဘူးဆိုရင်တော့ အရေးမယူဘူး’ လို့ပြောပါတယ်။
ပတ်ဝန်းကျင်က ဆူညံလို့တိုင်ကြားခံရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက ပထမအဆင့်အနေနဲ့ ခေါ်ယူသတိပေးမှာဖြစ်ပါတယ်။ ဒုတိယအကြိမ် တိုင်ကြားခံရရင် သတိပေးလက်မှတ်ရေးထိုးရမှာဖြစ်ပြီး နောက်တစ်ကြိမ် ဖောက်ဖျက်ရင် ကန်ထရိုက်တာ ၊ အင်ဂျင်နီယာလိုင်စင်သိမ်းတာနဲ့ နောက်ဆုံးအဆင့်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ပိတ်သိမ်းတဲ့အထိအရေးယူသွားမယ်လို့ သိရပါတယ်။
ပတ်ဝန်းကျင်အနောက်အယှက်မဖြစ်လို့ မတိုင်ကြားရင်တော့ ညဘက်ဆောက်လုပ်ရေးလုပ်တဲ့ လုပ်ငန်းတွေကို စစ်ဆေးပြီး အရေးယူတာမျိုး မဆောင်ရွက်ဘူးလို့သိရပါတယ်။
Ref : The Kumudra
Photo Credit : wikipidia
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties