By မဟာ, Shweproperty.com
Updated at 31 March 2020
ရန်ကုန်မြို့ကို Lockdown ပြုလုပ်တာနဲ့ ၊ စက်ရုံ၊ အလုပ်ရုံတွေ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းမယ့် အစီအစဉ်တွေ ချက်ချင်း ဆောင်ရွက်ဖို့ မရှိသေးဘူးလို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးစီးပွားရေးမြို့တော် ရန်ကုန်မြို့ကို Lockdown ပြုလုပ်ဖို့အစီအစဉ်မရှိသေးဘူးလို့ ဝန်ကြီးချုပ်ဦီးဖြိုးမင်းသိန်းကပြောပါတယ်။ ကုန်သည်စက်မှုအသင်းချုပ် UMFCCI မှာပြုလုပ်တဲ့ COVID-19 ကူးစက်ပျံ့ပွားမှုအခြေအနေကြောင့် လူမှုစီးပွားထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ဆွေးနွေးပွဲမှာပြောကြားခဲ့တာပါ။လိုအပ်မယ်ဆိုရင်တော့ ဒေသအလိုက် ယာယီထိန်းချုပ်ပိတ်သိမ်းတာတွေကို စနစ်တကျဆောင်ရွက်မယ်လို့လည်းပြောခဲ့ပါတယ်။
မြို့နယ်ရပ်ရွာတစ်ခုကနေတစ်ခုကိုလူအများအစုလိုက်အပြုံလိုက်ပြောင်းရွှေ့ဆက်ဆံမှုကိုတားဆီးဖို့ Lockdown ပြုလုပ်ခြင်းကြောင့် ပြည်သူလူထုစားဝတ်နေရေးအခက်အခဲတွေမဖြစ်ပေါ်စေအောင် ဆောင်ရွက်သင့်တဲ့လုပ်ငန်းစဉ်တွေကို စနစ်တကျ လိုက်နာဖို့လိုအပ်တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
စက်ရုံအလုပ်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဆက်လက်လည်ပတ်ဖို့အတွက်လည်းကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားတဲ့လမ်းညွှန်ချက်တွေနဲ့အညီဆောင်ရွက်ဖို့ကိုလည်းပြောကြားခဲ့ပါတယ်။ ကပ်ရောဂါပြန့်ပွားနေတဲ့အခြေအနေတွေမှာ လုပ်ငန်းတွေရှင်သန်နိုင်ရေး တစ်ခုတည်းအတွက်တင်မဟုတ်ဘဲ အလုပ်ရှင်အလုပ်သမားအတူတကွ ရပ်တည်နိုင်ရေး အလုပ်အကိုင်တွေဆက်လက်ရရှိနေရေးဆွေးနွေးခဲ့ပါတယ်။
Written By : မဟာ (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties