By Kumudra, Shweproperty.com
Updated at 21 November 2017
လှိုင်သာယာမြို့နယ်မှာ တည်ဆောက်နေတဲ့ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းက တိုက်ခန်းတွေကို ဝယ်ယူနိုင်ပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ယခုအ ချိန်အထိ တစ်စုံတစ်ယောက်ကိုမှ ရောင်းချ ပေးခြင်း မရှိသေးကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
ကျန်စစ်မင်းအိမ်ရာက တိုက်ခန်းတွေကို ၂၀၁၄ ခုနှစ်က စတင်ပြီး သုံးနှစ်စီမံကိန်းနဲ့ ဆောက်လုပ်နေပြီး တည်ဆောက်မှုကာလ မပြီးသေးသော်လည်း အချို့ပွဲစားဆိုသူ တွေက ဝယ်ယူလိုသူတွေကို ဝယ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး လိမ်လည်မှုတွေ ဖြစ်ပေါ်လျက်ရှိကြောင်း လှိုင်သာယာမြို့နယ်နေ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
လက်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက ကျန်စစ်မင်းအိမ်ရာ တည်ဆောက်နေတဲ့နေရာမှာ အဖွဲ့အစည်းနဲ့ မည်သူ့ကိုမှ ရောင်းချထားခြင်း မရှိသေးကြောင်း ဆိုတဲ့ ဆိုင်းဘုတ်တွေကို အများပြည်သူ သိ ရှိစေဖို့ စိုက်ထူထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
“ကျန်စစ်မင်းအိမ်ရာက လက်ရှိအချိန်အထိ အရောင်းမဖွင့်သေးပါဘူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ စာတင်လို့ရတယ်ဆိုတာက ဝယ်ယူချင်တဲ့သူတွေအနေနဲ့ စာ ရင်းပေးထားလို့ ရတာကို ပြောတာပါ၊ မ ရောင်းသေးပါဘူး၊ ရောင်းချမယ်ဆိုရင်လဲ အများပြည်သူသိအောင် ကြေညာပြီးမှ ရောင်းချမှာပါ”လို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုး ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကျန်စစ်မင်းအိမ်ရာစီမံကိန်းကို အပိုင်းသုံးပိုင်းခွဲကာ တန်ဖိုးနည်း၊ တန်ဖိုးလတ် တိုက်ခန်းပေါင်း ၃၀ဝ၀ ကျော်ကို ရောင်းချမှာ ဖြစ်ကြောင်းနဲ့ လက်ရှိတွင် အပိုင်း(၁) တစ်ခုသာပြီးစီးပြီး အပိုင်း (၂) နဲ့ (၃) ကို လက်ရှိအချိန်မှာ တိုက်ခန်းဈေးနှုန်းတွေ မသတ်မှတ်ရသေးဘူးလို့ ဆိုပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties