By The Kumudra, Shweproperty.com
Updated at 5 August 2015
ပေ ၄၀ x ပေ ၆၀ အကျယ်မြေကွက်ပေါ်မှာ သုံးခန်းတွဲ ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့်ကို စက်တင်ဘာလ ၁ရက်နေ.ကစပြီး တည်ဆောက်ခွင့်မပြုတော့ဘူးလို. ရန်ကုန်မြို.တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကသိရပါတယ်။
အင်ဂျင်နီ်ယာ ဌာန (အဆောက်အအုံ) က တာဝန်ရှိသူတစ်ဦးက ‘ သုံးခန်းတွဲ ဆောက်လုပ်ခွင့် မပေးတာက ဘေးမြေချန်ကြောင့် အခန်းကျဉ်းသွားလို. နှစ်ခန်းတွဲပဲ ခွင့်ပြုတာ’ လို. ပြောပါတယ်။
စက်တင်ဘာလ ၁ရက်နေ.ကစပြီး ကန်ထရိုက်တိုက် တည်ဆောက်ရာမှာ ဘေးမြေချန်ရတဲ့ မြေအကျယ်ကို တိုးမြင့်သတ်မှှတ်မှာ ဖြစ်ပါတယ်။
ကန်ထရိုက်တိုက် တည်ဆောက်ရင် ချန်ရတဲ့ ဘေးမြေကို တစ်ဖက်တစ်ပေစီကနေ တစ်ဖက်သုံးပေစီနဲ. စုစုပေါင်း ခြောက်ပေအထိ ချန်ရမှာ ဖြစ်ပါတယ်။
ဘေးမြေချန်တိုးမြှင့်တာက ပေ ၄၀ x ပေ ၆၀ မြေကွက်တွေကို ဖြစ်ပြီး မြို.တွင်း (down town) ခြောက်မြို.နယ် ကလွဲပြီး ကျန်မြို.နယ်တွေအားလုံး ပါဝင်တယ်လို. သိရပါတယ်။
ဘေးမြေချန် တိုးမြှင့်တာကြောင့် ပေ ၄၀ x ပေ ၆၀ မြေကွက်ပေါ်မှာ သုံးခန်းတွဲ ကန်ထရိုက်တိုက် ဆောက်ရင် တစ်ခန်းကို အကျယ် ၁၁ပေခန်. သာရရှိမှာ ဖြစ်ပါတယ်။
ဘေးမြေချန် တိုးမြှင့်တာကို စက်တင်ဘာလ ၁ရက်နေ.ကစပြီး တင်တဲ့ အမှုတွဲတွေက စတင်မှာ ဖြစ်ပြီး စက်တင်ဘာလ ၁ရက်နေ. မတိုင်ခင် တင်ထားတဲ့ တည်ဆောက်ခွင့်အမှုတွဲတွေ မပါဝင်ဘူးလို. သိရပါတယ်။
ဘေးမြေချန် တိုးမြှင့်ရတာက အထပ်မြင့်ဆောက်ဖို. မြေတူးလို. ဘေးအိမ်ပျက်စီးစေတာ၊ ငြမ်းဆင်ပေမဲ့ ဆောက်တဲ့အချိန်မှာ မဆလာအုတ်ခဲကျိုးတစ်ဖက် အိမ်ပေါ်ကျလို. တစ်ပေချန်နဲ. လုံလောက်မှု မရှိလို. ဖြစ်ပါတယ်။
ယူကေအယ်(UKL) ဆောက်လုပ်ရေးကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာ ဦးသက်ထွန်းအောင်က ‘ဘေးမြေချန်တိုးတာက ထိခိုက်တာ မရှိပါဘူး။ အခန်းတော့ နည်းနည်း ကျဉ်းတာပေါ့၊ ရောင်းတဲ့အခါ ဈေးတော့ နည်းနည်း ကွာတာပေါ့’ လို.ပြောပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties