By Ra Wai, Shweproperty.com
Updated at 28 March 2022
ဖြေ -ကိုယ်စားလှယ်နှင့်ပတ်သက်၍ အမျိုးအစားခွဲခြား ပြောဆိုကြပါတယ်။ (၁) GP လို့ခေါ်သည်ု့ အထွေထွေကိုယ်စားလှယ်လွှဲစာ ။ မည်သည့်ကိစ္စရပ်အတွက် ဟု ရည်ညွှန်း ဖေါ်ပြမထားဘဲ အထွေထွေအရပ်ကိစ္စများဆောင်ရွက်နိုင်ရန် လွှဲသော ကိုယ်စားလှယ်လွှဲစာ။ (၂) SP လို့ ခေါ်သည့် အထူးကိုယ်စားလှယ်လွှဲစာ ။ ကိစ္စရပ်တစ်ခု၊ အကြောင်းအရာ တစ်ရပ်၊ လုပ်ငန်းတစ်ရပ်အတွက် ဆောင်ရွက်ရန် လွှဲအပ်တဲ့ ကိုယ်စားလှယ်လွဲှစာ ဖြစ်ပါတယ်။ လုပ်ငန်း နဲ့စပ်ဆိုင်တဲ့ ဂရန်များ၊ အထောက်အထားများ ပူးတွဲ တင်ပြရပါမယ်။ SP မှာ ထပ်ခွဲသေးတယ်။ (ကက) ရိုးရိုးအထူးကိုယ်စားလှယ်လွှဲစာ၊ (ခခ) ပြန်လည် မရုပ်သိမ်းနိုင်သော အထူးကိုယ်စားလှယ်လွှဲစာ (အဖိုးစားနား ပါရှိသော အထူးကိုယ်စားလှယ်လွှဲစာ) ပြန်လည်ရုပ်သိမ်း၍မရသော ကိုယ်စားလှယ်လွှဲစာ အချို့သောလွှဲစာများတွင် ယခု ဆရာ မေးသကဲ့သို့ ပြန်လည်ရုပ်သိမ်း၍မရသော ကိုယ်စားလှယ် လွှဲစာ ဟူသည့် စကားရပ် ပါရှိ နေတတ်ပါတယ်။ ပဋိညာဉ်ဥပဒေတွင် ပြန်လည် ရုပ်သိမ်း၍မရသော ကိုယ်စား လှယ်လွှဲစာ လွှဲခွင့်ရှိကြောင်း အတိအလင်း ပြဋ္ဌာန်းထားချက် မတွေ့ရှိရပါ။ သို့သော် ပဋိညာဉ် အက် ဥပဒေပုဒ်မ ၂၀၂ တွင် ကိုယ်စားလှယ်လွှဲအပ်သူနှင့် ကိုယ်စားလှယ်တို့အကြား၌ အတိအကျ ချုပ်ဆို ထားသော ပဋိညာဉ် မရှိခဲ့လျှင် ကိုယ်စားလှယ်၏ အကျိုး ခံစားခွင့် တစုံတရာ ကျန်နေပါလျှက်နှင့် ကိုယ် စားလှယ်၏ အကျိုးခံစားခွင့်ကို ဆန့်ကျင်ပြီး ကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်း၍ မရကြောင်း ဖော်ပြထား ပါတယ်။ ကိုယ်စားလှယ်စာ ရုပ်သိမ်းခြင်း၊ စွန့်လွှတ်ခြင်းကိစ္စမှာ အကျိုးခံစားခွင့်များနှင့် ဆက်နွယ်နေသဖြင့် လွန်စွာ ရှုပ်ထွေးပါတယ်။ သာမာန်အားဖြင့် ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းခြင်း အမှန်ပြီးမြောက်ခြင်း ရှိ မရှိ ခွဲခြား ရန် ခဲယဉ်းပါတယ်။ ကိုယ်စားလှယ်က ၎င်းအား လွှဲအပ်တာဝန်ပေးထားသော အလုပ်ကို တစိတ်တ ဒေသ ဆောင်ရွက်ခြင်း မပြုမှီတွင်သာ ရုပ်သိမ်း၍ ရပါသည်။ တစိတ်တဒေသ ဆောင်ရွက်နေခဲ့လျှင် ရုပ် သိမ်း၍မရပါ၊ လုံလောက်သော အကြောင်းမရှိဘဲ ပါဝါ ရုပ်သိမ်းခြင်း၊ စွန့်လွှတ်ခြင်းပြုလုပ်ခဲ့လျှင် ပဋိညာဉ် အက်ဥပဒေပုဒ်မ ၂၀၅ တွင် ပျက်ကွက်သူက လျှော်ကြေး ပေးရပါမည် ဖြစ်ကြောင်း ပြဌာန်းထားတာ တွေ့ ရပါတယ်။ ကိုယ်စားလှယ်လွှဲစာ Power များကို ဘယ်လို ပြန်ရုပ်သိမ်းနိုင်သလဲ ဆိုတာ အကျဉ်းမျှ ထပ်မံ ရှင်းလင်း ဖော်ပြ လိုပါတယ်။ ပါဝါရုပ်သိမ်းပေးရန် တင်ပြ လျှောက်ထားမှုများသည် အောက်ပါအတိုင်း လွှဲစာအမျိုးအစား အလိုက် နည်း လမ်းတကျ ဆောင်ရွက်ထားရှိပြီး လျှောက်ထားတင်ပြလာခြင်း ဖြစ်ပါက မှတ်ပုံတင် အရာရှိမှ ယင်းပါဝါ ရုပ်သိမ်းမှုကို လက်ခံ၍ မူလလွှဲအပ် မှတ်ပုံတင်ထားသောလွှဲစာကို ဖျက်သိမ်း ပေးနိုင်ပါသည်။ (၁) အထွေထွေကိုယ်စားလှယ်လွှဲစာနှင့် ရိုးရိုးအထူးကိုယ်စားလှယ်လွှဲစာ (ကက) လွှဲအပ်ပေးသူမှ သတင်းစာတွင် ပါဝါရုပ်သိမ်းကြောင်း၊ ကိုယ်စားလှယ် လွှဲအပ် ထား မှုကို ဖျက်သိမ်းကြောင်း ကြေညာ၍ ယင်းကြေညာဖြတ်ပိုင်းနှင့်အတူ လူကိုယ်တိုင်ဖြစ် စေ၊ စာဖြင့်ဖြစ်စေ လွှဲစာမူရင်း သို့မဟုတ် စာချုပ်မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော မိတ္တူမှန်လွှဲစာ ပူးတွဲ တင်ပြ လျှောက်ထားခြင်း။ (ခခ) ပါဝါရုပ်သိမ်းမှုကို လွှဲပေးသူနှင့် လွှဲအပ်ခံရသူ နှစ်ဦးနှစ်ဖက်လုံးမှ သဘောတူ ကိုယ် တိုင် လာရောက်၍ လွှဲစာမူရင်း သို့မဟုတ် စာချုပ်မှတ်ပုံတင်ရုံးမှ ထုတ်ပေးသော မိတ္တူမှန် လွှဲစာ ပူးတွဲ၍ တင်ပြလျှောက်ထားခြင်း။ (၂) ပြန်လည် မရုပ်သိမ်းနိုင်သော အထူးကိုယ်စားလှယ်လွှဲစာ (ကက) ကိုယ်စားလှယ်လွှဲအပ်ထားသူ (Principal) က တဖက်သတ် ဖျက်သိမ်းခွင့်မရှိပါ။ (ခ ခ) ဖျက်သိမ်းရန် ၂ ဦး ၂ ဖက် သဘောတူလျှောက်ထားရမည်၊ (ဂ ဂ) မူလ လွှဲအပ်သူက ရုပ်သိမ်းမှုကို လွှဲအပ်ခံရသူက သဘောတူညီမှု မရှိလျှင် သက် ဆိုင်ရာ တရားရုံးတွင်သာ လျှောက်ထား ဖျက်သိမ်းခွင့် ရယူရမည်။ မှတ်ချက် ။ ။လုပ်ငန်းကိစ္စတစ်ခုဆောင်ရွက်ရန် သတ်မှတ်လွှဲအပ်သော အထူးကိုယ်စားလှယ် လွှဲစာဖြစ်က ယင်းလုပ်ငန်း မဆောင်ရွက် မပြီးပြတ်သေးမှီ ရုပ်သိမ်း၍မရပါ။ အထက်ပါအတိုင်း ဖျက်သိမ်းသည့် ကိုယ်စားလှယ်လွှဲစာကို မှတ်ပုံတင်ရုံးရှိ ကိုယ်စားလှယ်စာ မှတ်ပုံတင် မှတ်ပုံစာအုပ် အမှတ် (၆) လွှဲအပ်မှတ်တမ်းနေရာတွင် လွှဲအပ်သူ/ လက်ခံသူ မည်သူ၏ ရုပ်သိမ်းကြောင်း လျှောက်ထားတင်ပြချက်ကို မှတ်သားသည်ဟု မှင်နီဖြင့် ရေး၍ မှတ်တမ်းတင်ရသည်။ ယင်းလွှဲစာအရ အသုံး ပြုမည့် အခြားမှတ်ပုံတင်ရုံးသို့ ရုပ်သိမ်းကြောင်း အသိပေးချက်ကို ဖျက်သိမ်းသည့်ရုံးမှ ထပ်ဆင့် အကြောင်း ကြားပေးရသည်။ သို့မှသာ အသက်မဝင်တော့သော ယင်းလွှဲစာအရ ဆက်လက် ဆောင် ရွက်မည့် လုပ်ငန်းများ ကို တားဆီးနိုင်မည် ဖြစ်ပါသည်။ မှတ်ချက် ။ ။ ဤနေရာ၌ အထူးသတိပြုရန်မှာ ဖျက်သိမ်းကြောင်း ရေးမှတ်ထားပြီးသော ကိုယ်စားလှယ် လွှဲစာကို လာရောက်မိတ္တူကူးရန် လျှောက်ထားမှုရှိပါက လုံးဝလက်ခံ ကူးပေးခွင့်မရှိခြင်း ဖြစ်ပါသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ GP နှင့် SP ခြားနားခြင်း သိကောင်းစရာ လိုင်စင်မြေ နှင့် ပါမစ်မြေ အကြောင်း သိကောင်းစရာ အရောင်းအ၀ယ်ပျက်သည့်အခါ စရန်ငွေပြန်ရနိုင်သလား ဂရန်လျှောက်နိုင်သည့်မြေ Credit By: DVBtvnews Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties