By The Modern, Shweproperty.com
Updated at 16 October 2015
စာရွက်စာတမ်းအတုတွေနဲ့ အိမ်ခြံမြေ လိမ်လည်ရောင်းချတာတွေ ပိုများလာတာကြောင့် ပုံမှန်ထက် ဈေးပိုသက်သာနေရင် သတိပြုဝယ်ယူသင့်တယ်လို့ သိရပါတယ်။
လိမ်လည်ကြတာက ကြားပွဲစားခံပြီး လိမ်လည်တာမျိုး ရှိသလို အယောင်ဆောင် ရောင်းချတာတွေလည်း ရှိလာပါတယ်။
ဝသုန်အကျိုးဆောင်မှ ဦးကျော်မျိုးက "လိမ်လည်သူတွေက အဖွဲ့လိုက်တောင်ရှိတယ်၊ ဦးအသိတစ်ယောက်ဆို မသိလို့ပွဲဆက်ပေးလိုက်တာ လိမ်လည်မှုနဲ့ ထောင်မကျသွားတာကံကောင်းပဲ၊ သူက ကြားပွဲစား ဖြစ်နေခဲ့တာကြောင့်၊ တိုက်ခန်းကို ဈေးသက်သာတယ်ဆိုပြီး ဝယ်လက်ရှာပေးတာ နောက်မှ ရောင်းတဲ့သူက နှစ်ချုပ်နဲ့ ငှားပြီး လိမ်လည်ရောင်းသွားတာ"လို့ ဈေးကွက်အတွင်း အဖြစ်အပျက်တစ်ချို့ကို ပြောပြပါတယ်။
နည်းမျိုးစုံနဲ့လိမ်
သူကပဲ ပါမစ်မြေကွက်တွေနဲ့ နှစ်ချုပ်ငှားရမ်းတဲ့ တိုက်ခန်းအိမ်ရှင်သမားတွေက ပိုသတိထားသင့်တယ်၊ လိမ်နေတဲ့သူတွေက နည်းမျိုးစုံနဲ့ လိမ်နေကြတာ၊ ဦးသူငယ်ချင်းခံရတာဆို ရှေ့နေတွေနဲ့ စာချုပ်ချုပ်တာတောင် အလိမ်ခံလိုက်ရတာ၊ ဗိုက်နာလို့ ဈေးလျှော့ရောင်းတာဆိုပြီး ဝယ်လက်ရှာတာနဲ့ ခေါ်သွားပေးခဲ့တယ်၊ လိမ်တဲ့သူက ဘယ်လောက်ပိရိလဲဆို အိမ်ပေါ်ကဆင်းတာနဲ့ ငွေအကြေချေရတယ် ကိုယ်စားလှယ်လွှဲပြောင်း စာရွက်ပါလုပ်ပြီး လိမ်ရောင်းသွားခဲ့တာ၊ နောက်နေ့ ပိုင်ရှင်အစစ်လာမှ ဝယ်ထားတဲ့သူနဲ့ ပြသနာတက်ပြီး သူ့ကိုပါ တရားစွဲမယ်ဆိုလို့ မနည်းဖြေရှင်းခဲ့ရတယ်လို့ ပြောပါတယ်။
တချို့ကလည်း စရန်ငွေကို လိမ်ယူတာတွေ ရှိပါတယ်။ သိန်းထောင်ဂဏန်းတန် အကွက်ကို ရောင်းမယ်ဆိုပြီး စာချုပ်ချုပ်ကြတယ်။ နောက်ထပ်ငွေချေရမယ့်နေ့မှာ ခရီးသွားနေတဲ့ပုံစံနဲ့ ရှောင်နေခဲ့တာကြောင့် စာချုပ်ပါငွေပေးရမဲ့နေ့မှာ ငွေမပေးနိုင်ခဲ့တာကြောင့် ပထမပေးထားတဲ့ စရန်ငွေ ဆုံးသွားခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက သူကြုံတွေ့ခဲ့ရတဲ့ အမှုကို ပြောပြပါတယ်။ အကျိုးဆောင်လုပ်ခါစ အမျိုးသမီးကနေ ကြားထဲက စရန်ငွေတဝက်ကို ပေးလျော်ခဲ့ရတဲ့ အဖြစ်ပါ။ အဖြစ်အပျက်က သူအကျိုးဆောင်လုပ်ပေးတဲ့ အိမ်က ကျပ်သိန်း (၃၀၀၀) ကျော်တန်တယ်၊ သိန်း (၃၀၀၀) လောက်နဲ့ ရောင်းမယ်ဖြစ်တာကြောင့် ပွဲခလည်း များများရမယ် ဆိုပြီးရောင်းပေးခဲ့တယ်။ ဝယ်သူကလည်း စရန်ငွေ သိန်း (၃၀၀) ပေးပြီး ချုပ်ဆိုခဲ့သည်။ နောက်ထပ်တစ်ရစ် ထပ်ပေးရမဲ့ ရက်ချိန်းနေ့ုကို အကျိုးဆောင်ကနေတဆင့် မေးခိုင်းတော့ ပိုင်ရှင်ကခရီးသွားစရာရှိလို့ နောက်တစ်ပတ်မှတ် လာပါပြောတယ်။ နောက်ပိုင်း ဆက်သွယ်လို့ မရပဲ လေးပတ်လောက်ကြာမှ ဆက်သွယ်လို့ ရခဲ့တယ်။ ဒါပေမယ့် ပိုင်ရှင်က သတ်မှတ်ထားတဲ့ ငွေပေးချေရမယ့် ရက်ထက်ကျော်သွားလို့ အကျုံးမဝင်တော့ဘူးဆိုပြီး အရောင်းအဝယ်ကတိကို ဖျက်ကာ စရန်ငွေကို ယူထားလိုက်တယ်။
ဦးကျော်စွာက "တကယ်တော့ လူမရှိပဲ ကိုယ်လာပေးချေတယ်၊ ဆက်သွယ်တယ်ဆိုတာ သိအောင် ရပ်ကွက်ရုံးကိုပဲ ဖြစ်ဖြစ်အကြောင်းကြားထားမှ တရားဝင်တာ၊ ဒါကိုမသိပဲ လုပ်တော့အခုလို စရန်ငွေ ဆုံးရတာပဲ"လို့ ပြောပါတယ်။
အိမ်ခြံမြေလောကထဲမှာ လိမ်နည်းပေါင်းစုံနဲ့ လိမ်လည်ရောင်းချ နေတာတွေ အများကြီးပါ။ စာရွက်စာတမ်းအတု တွေက ပိုများလာတာကြောင့် ရောင်းသူဝယ်သူ အကျိုးဆောင်အားလုံး ရောင်းမှား၊ ဝယ်မှားမဖြစ်အောင် ဂရုစိုက်သင့်တယ်လို့ သိရပါတယ်။
Ref : The Modern
Photo Credit : National Multi Media
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties