By admin, Shweproperty.com
Updated at 8 May 2013
ဒဂုံမြို့သစ်မြောက်ပိုင်းတွင် စတင်တည်ဆောက်မည့် ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းကို ၂ နှစ်အတွင်းအပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
မြန်မာဗွီပိုင်ကုမ္ပဏီနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းတည်ဆောက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူရောင်းချမည့် အဆိုပါအိမ်ရာစီမံကိန်းဆောက်လုပ်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်မြောက်ပိုင်း ဗိုလ်ဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ မြေငါးဧကကျော်ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အဆောက်အအုံ ၁၄ လုံးခန့် ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။
ရောင်းချရန်အတွက် ဈေးနှုန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သတ်မှတ် ရောင်းချသွားမည်ဟု တာဝန်ယူတည်ဆောက်မည့် မြန်မာဗွီပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုမှစဆောက်တာဆိုတော့ အချိန်အားဖြင့် ရောင်းဖို့လိုပါသေးတယ်။ ရောင်းမှာကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကတာ ဝန်ယူရောင်းမှာပါ။ ရောင်းရင်လည်းတရားဝင်ကြေညာပေးသွားမှာပါ”ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အရာရှိတစ်ဦးက ပြောသည်။
အိမ်ခန်းတစ်ခန်းလျှင်စတုရန်းပေ ၉၀၀ အကျယ်အဝန်းရှိသည့် အဆောက်အအုံလေးလုံး၊ စတုရန်းပေ ၆၀၀ အကျယ်အဝန်းရှိသည့် အဆောက်အအုံ ၁၀ လုံးစုစုပေါင်း အဆောက်အအုံ ၁၄ လုံးနှင့် အိပ်ခန်းပေါင်း ၄၄၈ ခန်းပါဝင်မည်ဖြစ်သည်။ ထို့ပြင် ဆောက်လုပ်ရာ၌ နံရံကို ကြိုတင်ပုံလောင်းထားပြီး အသင့်တည်ဆောက်နိုင်သည့် ထိုင်းနိုင်ငံမှ နည်းပညာများဖြင့် အသုံးပြုတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း၌ ကားအစီးရေ ၃၅၀ ရပ်နားနိုင်သည့် ကားပါကင်၊ ကလေးကစားကွင့်းနှင့် ပန်းခြံတို့ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties