By The Voice Myanmar, Shweproperty.com
Updated at 4 June 2019
ရန်ကုန်တိုင်း အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ U 9 ရပ်ကွက်တွင် တန်ဖိုးသင့်အိမ်ရာအခန်းပေါင်း ၂၀၀၀ ကျော်ဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA) ထံမှ သိရသည်။
“ဒီဇိုင်းအကြမ်းရေးဆွဲတာတွေ၊ မြေပြင်တိုင်းတာမှုတွေက အချိန်သိပ်မကြာဘူး။ အခုက မြေနေရာသွားလေ့လာမှု ပြီးစီးနေပြီ။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနပိုင်မြေပေါ်မှာ တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ ဆောက်လုပ်အကောင်အထည်ဖော်သွားမယ်။ ရောင်းချမှုကိုလည်း အခန်းအပ်ပြီး တိုင်းဒေသကြီးက ဆက်လက်လုပ်ဆောင်သွားမှာ”ဟု ယင်းအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောကြားသည်။
ယင်းတန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်အကောင်အထည်ဖော်မှုကို ယခုနှစ်ကုန်ပိုင်းတွင် လုပ်ငန်းစတင်မည်ဖြစ်ပြီး လက်ရှိအစိုးရသက်တမ်းမကုန်မီ အပြီးတည်ဆောက်အကောင်ထည်ဖော်မည်ဖြစ်သည်။
လက်ရှိအစိုးရသက်တမ်းတွင် တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တန်ဖိုးသင့်၊ တန်ဖိုးနည်း၊ အစိုးရအငှားအိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများကို ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ နေပြည်တော်၊ ကယားပြည်နယ် စသည့်နေရာများတွင် အိမ်ရာများ ဆောက်လုပ်အကောင်အထည်ဖော်လျက်ရှိရာ လာမည့် ၂၀၂ဝ ပြည့်နှစ်အထိ အိမ်ရာအခန်းပေါင်း နှစ်သောင်းခန့်ဆောက်လုပ်မည်ဖြစ်ပြီး လက်ရှိအခန်းပေါင်းနှစ်ထောင်ကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။
Ref : The Voice Myanmar
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties