By Sint Sint, Shweproperty.com
Updated at 5 February 2020
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ဥပဒေရုံးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၁၂၉.၆)သန်းဖြင့် ဗိုလ်မင်းဗိုလ်ကုမ္ပဏီက အလျား ၄၅' x အနံ ၄၀’၊ အမြင့် ၁၂’ (RC) တစ်ထပ် အဆောက်အဦကို ဆောက်လုပ်ခဲ့ပြီးဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၃၈၂.၆၂)သန်းဖြင့် ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၄)ထပ်ကို သာထက်သာကုမ္ပဏီက အလျား ၆၀' x အနံ ၅၀’ ၊ အမြင့် ၄၅.၅’ (RC) အဆောက်အဦကို ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီတွင် အဆိုပါ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက မြို့နယ်ဥပဒေရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီး မြို့နယ်ဥပဒေရုံးအဆောက်အဦသစ် ဆောက်လုပ်ခြင်း ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပက်ဖြန်းပေးကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် ဆောက်လုပ်ခြင်း မှတ်တမ်းများအား ဗိုလ်မင်းဗိုလ်ကုမ္ပဏီနှင့် သာထက်သာကုမ္ပဏီတို့၏ ဒါရိုက်တာများက တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဌေးအောင်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties