By Sint Sint, Shweproperty.com
Updated at 2 October 2020
ကံဆိုတာ အလုပ်ပါ။ ကိုယ်ပြုတဲ့ အတိုင်း ကိုယ်ပြန်ရတတ်ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ ကိုယ်မမြင်နိုင်တဲ့ စွမ်းအင်တချို့က ကိုယ့်ကို ကံကောင်းအောင်၊ ကံဆိုးအောင် ပြုလုပ်နိုင်ပါတယ်။
မိသားစုလိုက် ကျန်းမာရေး ချူချာနေတာတွေ၊ ဘာလုပ်လုပ် အဆင်မပြေဘဲ အထစ်အငေါ့လေးတွေ အမြဲကြုံရတာတွေနဲ့ တခြားသော ကံဆိုးခြင်းတွေ မဖြစ်ရလေအောင် အိမ်ထဲမှာ ဒီအချက်တွေ မဖြစ်အောင် သတိထားပါနော်
(၁) အိမ်ထဲမှာ ကြည့်မှန်တွေ အများကြီး ထားခြင်း
အိမ်တစ်အိမ်မှာ မှန်အကြီးကြီး တစ်ချပ် နှစ်ချပ် ထားတာမျိုး၊ နံရံအပြည့် ကြည့်မှန် ကပ်ထားတာမျိုးက ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် အိမ်တစ်အိမ်ထဲမှာ ကြည့်မှန်တွေ အချပ်ရေများများရှိနေခြင်းက အဲ့ဒီအိမ်မှာ နေသူတွေရဲ့ ငွေကြေးကံ မကောင်းခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် မှန်တွေအများကြီး ရှိနေရင် အမြန်ဆုံး ရှင်းထုတ်လိုက်ပါ။
(၂) နံရံ အက်ကွဲကြောင်းများကို မပြုပြင်ခြင်း
အိမ်နံရံမှာ အက်ကွဲကြောင်းတွေ ထင်ထင်ရှားရှား ဖြစ်နေခြင်းက အဲ့ဒီအိမ်ထဲမှာ နေထိုင်သူတွေကို ကျန်းမာရေးချို့ယွင်းစေတာ၊ မတော်တဆမှု ဖြစ်စေတာမျိုး ဖြစ်နိုင်တာကြောင့် နံရံအက်ကွဲကြောင်းတွေ ဖြစ်နေရင် ပြန်လည်ပြုပြင်တာ၊ ဆေးပြန်သုတ်တာတွေ လုပ်ပေးသင့်ပါတယ်။
(၃) တံခါးမကြီး ကွဲအက်နေခြင်း
ရှေးခေတ် အယူအဆမှာ အိမ်ရဲ့တံခါးမကြီး ကွဲအက်နေတဲ့အခါ ကံကောင်းခြင်းတွေ ဝင်ရောက်မလာတော့ဘဲ တံခါးဝကနေ လှည့်ပြန်သွားတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ကံကောင်းခြင်းတွေ အိမ်ထဲဝင်လာစေချင်ရင် အိမ်တံခါးမကြီး ကွဲအက်နေတာမျိုးမဖြစ်ပါစေနဲ့။
(၄) ထမင်းအိုး၊ ဟင်းအိုး၊ ပန်းကန်ခွက်ယောက် အကွဲများကို ဆက်လက် အသုံးပြုခြင်း
ထမင်းအိုး၊ ဟင်းအိုးအကွဲတွေ၊ ပန်ကန်ခွက်ယောက် အကွဲတွေကို လွှင့်မပစ်ဘဲ၊ မပြုပြင်ဘဲ အကွဲအတိုင်းပဲ ဆက်သုံးနေတာက အဆင်မပြေမှုတွေကို ကြာရှည်ဖြစ်စေတယ်လို့ ပြောနိုင်ပါတယ်။ အဆင်မပြေတာတွေ အမြန်ဆုံးပြေလည်ချင်တယ် ဆိုရင်တော့ အဲ့ဒီအကွဲတွေကို ပြန်လည်ပြုပြင်ပြီးမှ သုံးရင်သုံး ဒါမှမဟုတ်လည်း လွှင့်ပစ်ပြီး အသစ်ဝယ်သုံးပါ။
(၅) အိပ်ခန်းထဲမှာ သံလိုက်ရှိနေခြင်း
သံလိုက်တွေကို ရေခဲသေတ္တာမှာ ကပ်ထားတာက ဘာပြဿနာမ ှမရှိပေမယ့် အိပ်ခန်းထဲမှာ ထားရင်တော့ သံလိုက်ကနေ ထုတ်လွှတ်တဲ့ သတ္တိ တစ်မျိုးကြောင့် အချစ်ရေးနဲ့ ငွေရေးကြေးရေး ကံကို ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အချစ်ရေးနဲ့ ငွေကြေး ကံကောင်းချင်ရင် သံလိုက်ကို အိပ်ခန်းထဲမှာ မထားမိအောင် ဂရုစိုက်ပါ။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ချက်ပြုတ်ဖို့တင်မဟုတ်ဘဲ သင်မသိသေးတဲ့ ဆားရဲ့ အခြားအသုံးဝင်မှုတွေ
အိမ်တွေမှာ အလှစိုက်နေကြတဲ့ ရွက်လှပင်အကြောင်း ကြောက်စရာ
အဲကွန်းနဲ့အိပ်တဲ့ အတွက်ဘာတွေဖြစ်နိုင်မလဲ အိမ်မှာ အဲကွန်းဖွင့်ထားမှ အိပ်တတ်သူတွေ ဖတ်ကြည့်နော်
ရေခဲသေတ္တာစနစ်တကျ အသုံးပြုနည်း
Ref & Photo Credit : Bahuthutagabar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties