By 7daydaily, Shweproperty.com
Updated at 16 September 2016
မြေပြင်လုပ်ငန်းများပင် မစတင်ရသေးဘဲ ပြီးခဲ့သည့် အစိုး ရ လက်ထက်က တည်ဆောက်ရန် တင်ပြထားသည့် အထပ်မြင့်အဆောက်အအုံ ၁၃၀ ကျော်ကိုတည်ဆောက်နိုင်ရန် ခွင့်ပြုပေးမည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်းရရှိသည်။
စီမံကိန်းဒီဇိုင်းပြင်ဆင်ပြီး အ ထပ်အရေအတွက် လျှော့ချရမည့် အဆောက်အအုံများကို ရန်ကုန် တိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့်သီ တင်းပတ်က ဖြေလျှော့ပြီးနောက် သြဂုတ် ၂၆ ရက်တွင် ထပ်မံဖြေ လျှော့ပေးလိုက်ခြင်းဖြစ်သည်။
‘‘သူတို့က ဆက်လက်တင်ပြ စရာတွေ တင်ပြလို့ရပြီ။ အရင်က လို အဆင့်အလိုက်စစ်ဆေးပြီး လုပ်ငန်းတွေစတင်နိုင်အောင် ပြန် ခွင့်ပြုပေး သွားမယ်’’ဟု အင်ဂျင်နီ ယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ရန်ကုန်မြို့တော်အင်္ဂါ ရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှုစိစစ်ရေး ကော်မ တီဖွဲ့စည်းပြီး ပါမစ်ကျပြီး အ ဆောက်အအုံများ၊ ပါမစ်မကျ သေးသည့် အထပ်မြင့်အဆောက် အအုံများ စုပေါင်း၍ ၁၁၉ လုံးကို စုပေါင်းစစ်ဆေးခဲ့သည်။
‘‘အခုခွင့်ပြုပေးလိုက်တဲ့ စီမံ ကိန်းတွေထဲမှာ နာမည်ကြီး အထပ်မြင့်စီမံကိန်းတွေ ပါတယ်။ တ ချို့ဆို အခန်းတွေတောင် ကြို ရောင်းထားတာ’’ ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်က စ၍ သုံးလကျော် ရပ်နားထားရသော ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံစီမံကိန်း အများစုကို ပြန်လည် ခွင့်ပြုပေးခြင်းဖြစ် သည်။
သို့သော် ထပ်မံအသစ်တည် ဆောက်မည့် အဆောက်အအုံံ များကို ခွင့်ပြုမိန့်တင်ပြခြင်း ရပ် ဆိုင်းထားကာ နောက်ပိုင်းတွင် ကျင့်သုံးမည့် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် မူအသစ် ဖြင့် စိစစ်ခွင့်ပြုမည်ဖြစ်သည်။
Ref : 7daydaily
Photo Credit : mmbiztoday
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties