By 7daydaily, Shweproperty.com
Updated at 17 November 2016
လုပ်ငန်းမလုပ်ဘဲ မြေရယူထားသူ များထံမှ အဆိုပါမြေများပြန်လည် စိစစ်သိမ်းယူရန် လက်ရှိအစိုးရက စီစဉ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့ထံမှ သတင်းရရှိသည်။
သီးနှံစိုက်ပျိုးရန်၊ စီမံကိန်း များ ပြုလုပ်ရန်၊ စက်ရုံများတည် ဆောက်လုပ်ကိုင်ရန် အကြောင်း ပြချက်များဖြင့် ယခင်အစိုးရများ ထံမှ မြေရယူထား သူများကို ပြန် လည်စိစစ်၍ သိမ်းယူမည်ဖြစ်ကာ လက်ခစားထုတ်ကုန်များသီးသန့် သတ်မှတ်ခွင့်ပြုမည့် စက်မှုဇုန်များ တည်ထောင်သွားရန် အစိုးရက စီစဉ်နေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားကြောင်း မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအ သင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။နိုဝင်ဘာ ၁၃ ရက်တွင် ရန် ကုန်မြို့ ကုန်သည်စက်မှုအသင်း ချုပ်ရုံး၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည်ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ အပါအဝင် ညီနောင်အသင်းများ မှ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှု ဆောင်များနှင့် တွေ့ဆုံပြီး အစိုးရ ၏ အနာဂတ်အစီအစဉ်များကို ရှင်းလင်းပြသည့် ပွဲ၌ ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။
‘‘အလုပ်မလုပ်တဲ့ မြေတွေ အားလုံးကို ပြန်သိမ်းဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ကျွန်တော်တို့ကို ပြောခဲ့ပါတယ်’’ ဟု ဦးမြင့်စိုးက ပြောသည်။ အစိုးရသစ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ လုပ်ငန်းမလုပ်သည့် မြေကွက်များကို မေလ ၁၉ ရက်ကစ၍ စာရင်းကောက် ယူခဲ့သည်။ ယခင်အစိုးရကလည်း လုပ်ငန်းမလုပ်သည့် စက်မှုဇုန်မြေကွက် များကို ပြန်လည်သိမ်းယူရန် စီစဉ်ခဲ့သည်။
‘‘စက်မှုဇုန်အသစ်တွေ ထပ်ဖော်ရင် စက်ရုံဆောက်ပြီးမှ ဂရန်ချပေးသင့်တယ်။ ဒီလိုမဟုတ်ဘဲ ဂရန်ကိုအရင်ချပေး လိုက်ရင် မြေကွက်ရောင်းစား တာတွေပဲ ကြုံနေရမယ်’’ဟု ယခင်လှိုင်သာယာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဟောင်း ဦးမြတ်သင်းအောင်က ပြောသည်။
ယခင်အစိုးရလက်ထက်က စက်မှုဇုန်မြေကွက်များကို ပြန်လည်သိမ်းယူရန်စီစဉ်ရာ အစိုးရနှင့် နီးစပ်သူများကလုပ်ငန်းမလုပ်ဘဲ မြေဝယ်ပြီး ရင်းနှီးမြှုပ်နှံမှုများကြောင့် အခက်အခဲဖြစ်ခဲ့ရသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
၂၀၁၄ နိုဝင်ဘာတွင် ထုတ်ပြန်သော စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ခု တွင် မြေကွက်လပ်ပေါင်း ၄,၄၁၈ ဧက၊ မြေကွက် ၂,၃၃၉ ကွက်နှင့်ဂိုဒေါင်အလွတ် ၁,၂၉၉ လုံးရှိကြောင်း သိရသည်။
Ref : 7daydaily
Photo Credit : Vriginia
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties