By တင်ရတနာထွန်း - mmtimes, Shweproperty.com
Updated at 7 October 2014
ပေးသွင်းရမည့် ငွေပမာဏအနည်းငယ်ဖြင့် နှစ်ရှည်ပေးသွင်းဝယ်ယူရမည့် တန်ဖိုးနည်းအိမ်ရာများ ကို ဝယ်ယူမည်ဆိုလျှင် စီမံကိန်းမှန်ကန်မှုနှင့် ကုမ္ပဏီခိုင်မာမှုများကို စစ်ဆေးကြည့်ရှုပြီး အထောက် အထားခိုင်လုံမှသာ ဝယ်ယူသင့်ကြောင်း မြို့ပြပညာရှင်များက ပြောသည်။
ယခုလအတွင်း အပတ်စဉ်ထုတ်ဂျာနယ် များ၌ တစ်လလျှင် ကျပ် ၃၀,၀၀၀ ဖြင့် နှစ် ပေါင်း ၃၀ ပေး သွင်းရမည့် အခြေခံလူတန်းစား တို့အတွက် ဖြစ်နိုင်ခြေရှိသော အိမ်ရာစီမံ ကိန်း အဆိုပြုလွှာများ ကို ထည့်သွင်းကြော် ငြာလာခြင်းကြောင့် မြေပိုင်မရှိသည့်ပြည်သူ များမှာ ထိုစီမံကိန်းကို စိတ်ဝင် စားမှု များလာ ကြသည်။
"သေချာရေရာမှုမရှိတဲ့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေကနေ ပြည်သူတွေ အလိမ် မခံရစေဖို့ လိုအပ်တဲ့အချက်အလက်တွေကို တိုက်ခန်းဝယ်ယူချင်သူတွေက သေချာစုံစမ်းသင့်ပါတယ်။ တိုက်ခန်းဆောက်မယ့်မြေနေရာ ကို အစိုးရကခွင့်ပြုပေးပြီးပြီလား။ ကုမ္ပဏီက ခိုင်မာမှုရှိလား။ သူတို့ပေးတဲ့အချက်အလက်တွေက ယုံကြည်ထိုက်လားဆိုတာ ကိုယ်တိုင် စုံစမ်းရပါမယ်။ ဝယ်မယ့်သူတွေက လုံ့လ ဝိရိယစိုက်ထုတ်ပြီး ကိုယ်ဝယ်မယ့်စီမံကိန်း မှန်ကန်မှု ရှိ မရှိဆိုတာကို သေချာ စုံစမ်းရပါ မယ်"ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က ပြောသည်။
အိမ်ပိုင်မရှိသောပြည်သူများ အထူးစိတ် ဝင်စားနေသော ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘော ထားမှတ်ချက် အတိအလင်းပေးရန် လိုအပ်နေ ကြောင်းလည်း ဒေါ်ညိုညိုသင်းက စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီး အထူး အစည်းအဝေးပွဲတွင် ပြောသည်။
တစ်လလျှင် ကျပ် ၃၀,၀၀၀ ဖြင့် နှစ် ၃၀ ကြာပေးသွင်းပြီး အိမ်ပိုင်ဆိုင်နိုင်မည့် ထိုစီမံကိန်း Royal Summit ကုမ္ပဏီက အကောင်အထည်ဖော် ဆောက်လုပ်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက စက်တင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။
"တစ်လသုံးသောင်း ပေးသွင်းရမယ့် တန်ဖိုးနည်းအိမ်ရာတွေကို တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ တည်ဆောက်သွားမှာပါ။ ဘယ် ဒေသမှာ ဘယ်လောက်လိုအပ်မလဲ မပြောနိုင် သေးလို့ ဘယ် နေရာမှာ ဆောက်မယ်လို့တော့ မပြောနိုင်သေးဘူး။ ဂျာနယ်တိုက်တွေကနေတစ်ဆင့် စစ်တမ်း ကောက်တာတွေလုပ်ပြီး လိုအပ်တဲ့နေရာတိုင်းမှာ ဆောက်မယ်။ ဆောက်လို့ရမယ့်နေရာတိုင်းမှာ တိုက်ခန်း တွေကို တည်ဆောက်မယ်"ဟု Royal Summit ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဦးက ပြောသည်။
အဆိုပါတိုက်ခန်းများသည် အကျယ် အဝန်း စတုရန်းပေ ၆၀၀ ရှိမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခန်းပေါင်း နှစ်သန်းတည်ဆောက်သွားမည် ဖြစ်ကြောင်း နှင့် တိုက်ခန်းများ ကို တည်ဆောက်ခွင့်မရ သေးသော်လည်း ယခုချိန်တွင် ခွင့်ပြုမိန့်တောင်းခံထားဆဲဖြစ်ကြောင်း ဦးသန်းဦးက ပြောသည်။
အဆိုပြုလွှာ လျှောက်ထားသူများထံ ဒေသ ဆိုင်ရာ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ရရှိလျှင် အရောင်းလျှောက်လွှာများပေးပို့မည် ဖြစ်ပြီး ဝယ်ယူလိုသူများက အစိုးရ ဘဏ်တွင် တစ်လ ကျပ် ၃၀,၀၀၀ ပေးသွင်းရမည်ဖြစ် ကာ ငွေစတင်ပေးသွင်းသည့်အချိန်ကာလမှနှစ်နှစ်အတွင်း တိုက်ခန်းများအပ်နှံသွားမည်ဖြစ်ကြောင်း အဆိုပြုလွှာလျှောက်လွှာတွင် ဖော်ပြထားသည်။
တစ်လ ကျပ် ၃၀,၀၀၀ ဖြင့် နှစ် ၃၀ တွင် စုစုပေါင်း ငွေကျပ် ၁၀၈ သိန်း ပေးသွင်းရမည့် ထိုတိုက် ခန်းများမှာ စတင်တည်ဆောက်မည့် အချိန်နှင့်နေရာ တိတိကျကျမပါဝင်ဘဲ လျှောက်လွှာတွင် ကုမ္ပဏီအကြောင်းအရာ နှင့် ဆက်သွယ်ရန်လိပ်စာတို့လည်း မပါဝင်ပဲ စာတိုက်သေတ္တာအမှတ် တစ်ခုတည်းသာ ပါဝင်သည့်အတွက် မယုံကြည်ထိုက်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က သုံးသပ် သည်။
"တိုက်ခန်းအကြောင်း ဘာမှတိတိကျကျ လည်း အဆိုပြုလွှာမှာ မဖော်ပြထားဘူး။ ဆက် သွယ် မေးမြန်းဖို့လည်း ဘာလိပ်စာမှ မရေး ထားဘူးဆိုတော့ ပြည်သူတွေ အတွက် ယုံကြည် ထိုက်တဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းလို့ပြောဖို့ ခက်မယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဆောက်မယ်ဆိုတဲ့ တိကျသေချာ ယုံကြည်ထိုက်တဲ့ အကြောင်းအရာတွေ ပြောမယ့် အချိန်ထိ စောင့်ကြည့်သင့်တယ်။ သူ့ကြော်ငြာ ပါတဲ့စာစောင်ရဲ့ မူရင်းလျှောက်လွှာအတိုင်းပြန်ပို့ခိုင်းတာက ဂျာနယ်ပရိုမိုးရှင်းလုပ်နေ သလိုပဲ"ဟု မြတ်မင်းဆောက်လုပ်ရေးလုပ်ငန်း မှ ဦးအောင်မင်းက ပြောသည်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်းက ပြည်သူ အများစိတ်ဝင်စားသည့် နိုင်ငံတော်ဆိုင်ရာ စီမံကိန်းတစ်ခု ဖြစ်လို့ သက်ဆိုင်ရာ အစိုးရ အဖွဲ့ကလည်း ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ယုံလွယ် တဲ့ ပြည်သူတွေ ဆုံးဖြတ်ချက်မမှားအောင် သဘောထားထုတ်ပြန်သင့်ကြောင်း ၎င်းက ပြောသည်။
ဒလမြို့နယ်တွင် နေထိုင်သူ ဒေါ်ခင်ထွေး က "တစ်လသုံးသောင်းသာ ပေးသွင်းရုံနဲ့ အိမ်ပိုင်ဆိုင်နိုင် မယ်လို့ ဂျာနယ်ထဲမှာပါလာ တော့ တော်တော်စိတ်လှုပ်ရှားသွားတယ်။ ဒီစီမံကိန်း မှန် မမှန်တော့ သေချာမသိဘူး"ဟု ပြောသည်။
အဆိုပြုလွှာများကို ဝယ်ယူလိုသူများ၏ တုံ့ပြန်မှုများနှင့် ပတ်သက်၍ ထိုတိုက်ခန်းများ ကိုတည် ဆောက်မည့် Royal Summit ကုမ္ပဏီ ကို မြန်မာတိုင်း(မ်)က ဖုန်းဆက်မေးမြန်း ခဲ့သော်လည်း တိကျသည့် သတင်းအချက်အလက်များ ပြန်လည်ဖြေကြားခြင်း မရှိ ခဲ့ပေ။
Ref : MM TIMES
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties