By Myanmar Builders Guide, Shweproperty.com
Updated at 13 September 2018
လက်ရှိအိမ်ခြံမြေဈေးကွက်အတွင်းမှာ တိုက်ခန်းဝယ်ယူသူတွေက အခန်းကျယ်တွေကို ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
တိုက်ခန်းဝယ်ယူသူ အများစုက လူလတ်ပိုင်း အသက် ၂၅ နှစ်နဲ့ ၃၀ ကြား ဝယ်သူတွေ များလာပြီး အခန်းကျယ်တွေကိုဝယ်ယူမှု များလာပါတယ်။ အခန်းကျဉ်းတွေနေရတာ စိတ်ကျဉ်းကျပ်စရာတွေဖြစ်လာပြီး လွတ်လွတ်လပ်လပ် စိတ်အပန်းပြေစေဖို့ အခန်းကျယ်တွေကို ဝယ်လာကြတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း နေထိုင်မှုစတိုင်(လ်)တွေက တိုးတက်လာပြီး အယူအဆတွေလည်း ပြောင်းလဲလာတာကြောင့် လူငယ်တွေအနေနဲ့ဝါတွင်း အိမ်ငှားတာ၊ အိမ်ဝယ်တာတွေကို ရှောင်ကြဉ်တာမျိုး မရှိတော့ဘဲ ဝယ်ယူမှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။ သင်္ဃန်းကျွန်း၊ သာကေတ၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ မြောက်ဒဂုံဘက်တွေမှာ ဝယ်ယူမှုတွေများလာတယ်လို့ သိရပါတယ်။
အိမ်ခြံမြေဈေးကွက်အတွင်း ဝယ်သူတွေအနေနဲ့ ကျပ်သိန်း (၂ဝဝ)နဲ့ (၅ဝဝ)ကြား ဈေးနှုန်းတွေကို စိတ်ဝင်စားမှုများပြီး ဝယ်လာကြတယ်လို့ သိရပါတယ်။ ဝယ်သူတွေအနေနဲ့ ပတ်ဝန်းကျင် အနေအထား၊ ကျောင်း၊ ဈေး၊ လမ်းပန်းဆက်သွယ်ရေးကိုလည်း အဓိကထား စဉ်းစားလာကြပြီး ဝယ်ယူလာကြတာကိုလည်း တွေ့ရတယ်လို့ သိရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties