By The Yangon Times, Shweproperty.com
Updated at 17 July 2017
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ လှည့်ပတ် ရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ ၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ပျဉ်းမနား တောင်ညိုလမ်းမကြီးဘေး မြေဧရိယာ ၈ ဒသမ ၅ ဧကပေါ်တွင် အခန်းပေါင်း ၈ဝ ပါဝင်သော ရွှေနံ့သာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းရှစ်ခန်းတွဲ ငါးထပ်နှစ်လုံးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်ဒုတိယ သမ္မတ-၂ ဦးဟင်နရီဗန်ထီးယူတက် ရောက်၍ ကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရွှေနံ့သာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းသည်တန်ဖိုးနည်း ၊ တန်ဖိုးသင့်အဆောက်အအုံ ရှစ်ခန်းတွဲ ငါးထပ်ရှစ်လုံး အခန်း ၃၂ဝ၊ လေးခန်းတွဲ လေးထပ် ၁၂ လုံး ၁၉၂ခန်း၊ ခြောက်ခန်းတွဲ နှစ်လုံး ၃၆ ခန်း၊ စုစုပေါင်းအဆောက်အအုံ ၂၂ လုံးတည်ဆောက်သွားမည်ဖြစ်ပြီး ၊ အခန်းစုစုပေါင်း ၅၄၈ ခန်း ပါဝင်မည်ဖြစ်ကြောင်း ၊ ယခုအခါ ရှစ်ခန်းတွဲ ငါးထပ်နှစ်လုံး ဆောက်လုပ်ပြီးစီးသည့်အတွက် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခြင်းဖြစ်ပြီး အိမ်ခန်းပေါင်း ၈ဝ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ၊ ယခုရောင်းချမည့် အိမ်ခန်း ၈ဝ ကိုမြေညီထပ် ကျပ် ၁၅၃ သိန်း၊ ပထမထပ် ကျပ် ၁၂၅ သိန်း ၊ ဒုတိယထပ် ကျပ်သိန်း ၁၂ဝ၊ တတိယထပ် ကျပ် ၁၁၅ သိန်း ၊ စတုတ္ထထပ် (အပေါ်ဆုံးထပ်) ကျပ်သိန်း ၁ဝဝ တို့ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : The Yangon Times
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties